သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘီးလင္း NLD ဥကၠ႒သတ္ျဖတ္ခံမႈ စစ္ေကာင္စီျငင္းဆန္


ဘီးလင္းၿမိဳ႕နယ္၊ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ႐ံုးဆုိင္းဘုတ္။ (ဓာတ္ပံု- ဘီးလင္း NLD facebook)

[[Zawgyi/Unicode]]

စစ္ေကာင္စီကဖမ္းဆီးသြားတဲ့ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ NLD ပါတီ ဥကၠ႒ ဦးေက်ာ္မ်ိဳးမင္းရဲ႕ ႐ုပ္အေလာင္းကို လက္ျပန္ႀကိဳးတုပ္လ်က္နဲ႔ ဇူလိုင္ ၆ ရက္ေန႔မွာ ျပန္ေတြ႔ခဲ့တယ္လို႔ မိသားစုနဲ႔ နီးစပ္သူတဦးက VOA ကို ေျပာပါတယ္။ သူနဲ႔အတူအဖမ္းခံရတဲ့ အျခားပါတီဝင္ႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြကိုလည္း ေျခလက္ေတြခုတ္ျဖတ္ ထားလွ်က္ တူးေဖာ္ေတြ႕ခဲ့ၾကရတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း သူတို႔ကို စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးသတ္ျဖတ္ခဲ့တာမဟုတ္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရသူက တုံ႔ျပန္ပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ဘီးလင္းၿမိဳ႕နယ္ NLD ပါတီဥကၠ႒ ဦးေက်ာ္မ်ိဳးမင္း၊ ေနာက္ထပ္ ပါတီဝင္ႏွစ္ဦးျဖစ္ၾကတဲ့ ဦးပန္းျမင့္၊ ဦးကိုကိုေမာင္နဲ႔ ႐ြာသား ၁ ဦး အပါအဝင္ စုစုေပါင္း ၄ ဦးဟာ ၿပီးခဲ့တဲ့ ဇြန္ ၂၂ ရက္ေန႔မွာ စစ္ေကာင္စီရဲ႕ စစ္ေၾကာင္းနဲ႔တိုးၿပီး ပစ္ခတ္ဖမ္းဆီးခံရတယ္လို႔ သူတိုနဲ႔လုပ္ေဖာ္ကိုင္ဖက္ေတြက ေျပာပါတယ္။ ဒီလို ဖမ္းဆီးခံရၿပီး ၁၈ ရက္အၾကာ မွာ ပါတီဥကၠ႒အေလာင္းျပန္ေတြ႕ခဲ့တာလို႔ မိသားစုနဲ႔ နီးစပ္သူတဦးက VOA ကို ေျပာပါတယ္။ စစ္ေကာင္စီက ဖမ္းဆီးသြားၿပီးတဲ့ေနာက္ အခုလို ႐ုပ္အေလာင္းေတြ ေတြ႕ခဲ့ရတာေၾကာင့္ စစ္ေကာင္စီတပ္ရဲ႕လက္ခ်က္လို႔ မိသားစုအသိုင္းအဝိုင္းက ယူဆၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ဦးက စစ္ေကာင္စီတပ္က ဖမ္းဆီးသတ္ျဖတ္တာမရွိဘူးလို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ျငင္းဆန္ပါတယ္။

“လႊတ္ေတာ္အမတ္နဲ႔ပတ္သက္ၿပီးေျပာရတာေတာ့ လႊတ္ေတာ္အမတ္သည္ အဲဒီအခ်ိန္ထိ က်ေနာ္တို႔ ဥပေဒေဘာင္ထဲမွာ ေနထိုင္ခဲ့တဲ့လူျဖစ္တယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့က်ေပါ့ေနာ္ လုပ္ႏိုင္တဲ့အဖြဲ႕အစည္း၊ ဘယ္အဖြဲ႕အစည္းဆိုတာလဲ အားလုံးသိၿပီးျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဥပေဒေဘာင္အတြင္းမွာ ေနေနတဲ့ NLD လႊတ္ေတာ္အမတ္ေတြေပါ့ေနာ္၊ NLD လႊတ္ေတာ္အမတ္ေတြကို ၿခိမ္းေျခာက္ေနတဲ့ အဖြဲ႔ေတြလည္း ရွိတယ္။ ဒီအဖြဲ႕ေတြက ၿမိဳ႕ျပေပ်ာက္က်ားအမည္ခံအဖြဲ႕ေတြပဲျဖစ္တယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။”

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အဲ့ဒီလိုေျပာေပမယ့္ ဘီးလင္းၿမိဳ႕နယ္ ပါတီဥကၠ႒ ဦးေက်ာ္မ်ိဳးမင္းဟာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ပုဒ္မ ၅၀၅ (က) နဲ႔ အမႈဖြင့္ခံထားရလို႔ တိမ္းေရွာင္ေနရသူျဖစ္ပါတယ္။ ဒီသတ္ျဖတ္ခံရမႈအေပၚမွာ စစ္ေကာင္စီဘက္က ျငင္းဆိုထားေပမယ့္ မိသားစုဝင္နဲ႔ နီးစပ္သူေတြက စစ္ေကာင္စီ လုပ္ေဆာင္ခဲ့တယ္လို႔ အခိုင္အမာေျပာဆိုေနပါတယ္။ ဦးေက်ာ္မ်ိဳးမင္းအေလာင္းေတြ႕ခဲ့တဲ့ ပုံစံနဲ႔ ပတ္သက္လို႔ ကိုယ္တိုင္ေတြ႕ရွိသူေက်း႐ြာသားေတြကို ကိုးကားၿပီး မိသားစုဝင္နဲ႔ နီးစပ္သူေတြက အခုလို ေျပာပါတယ္။

“ေပၚခီးေက်း႐ြာအနီးမွာ အဖမ္းခံရတာ။ သူတို႔အားလုံး။ NLD ပါတီ ဥကၠ႒ ဦးေက်ာ္မ်ိဳးမင္းရယ္၊ ဦးပန္းျမင့္ရယ္၊ ဦးကိုကိုေမာင္ရယ္၊ ႐ြာသားတဦးရယ္။ ဦးေက်ာ္မ်ိဳးမင္းအေလာင္းကိုေတာ့ ဒီေန႔မွ ျပန္ေတြ႔တာေပါ့။ ဦးေက်ာ္မ်ိဳးမင္းအေလာင္းကလည္း ပ်က္စီးေနပါၿပီ။ လက္ျပန္ႀကိဳးေတြတုပ္ထားတယ္။ လည္ပင္းေတြလည္း ႀကိဳးတုပ္ထားတယ္။ ေနာက္သူ႔ရဲ႕ မ်က္ႏွာကိုက်ေတာ့ ေရေျမာင္းထဲမွာ ေမွာက္လ်က္ေပါ့ေနာ္၊ ေရႏွစ္ထားတဲ့ပုံစံေပါ့၊ အဲ့လိုမ်ိဳးျပန္ေတြ႕တာ။”

ကိုယ္တိုင္ေတြ႔ရွိသူ ေက်း႐ြာသားေတြကိုေတာ့ ဗြီအိုေအက တိုက္႐ိုက္ဆက္သြယ္လို႔မရခဲ့ပါဘူး။ ဦးေက်ာ္မ်ိဳးမင္းနဲ႔အတူ ဖမ္းဆီးခံရတဲ့ အျခားပါတီဝင္ႏွစ္ဦးျဖစ္တဲ့ ဦးပန္းျမင့္နဲ႔ ဦးကိုကိုေမာင္တို႔ႏွစ္ဦးကိုလည္း ေျခလက္ခုတ္ျဖတ္ထားၿပီးေျမျမႇဳပ္ထားတာကို ဇူလိုင္လ ပထမအပတ္မွာပဲ ေက်း႐ြာသားေတြက တူးေဖာ္ေတြ႕ခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္ ၂၂ ရက္ေန႔က ပါတီဥကၠ႒ဦးေက်ာ္မ်ိဳးမင္းနဲ႔အတူ ၃ ဦးဟာ အစည္းအေဝးတခုကအျပန္ ေပၚခီးေက်း႐ြာနားမွာ စစ္ေကာင္စီ စစ္ေၾကာင္းနဲ႔တိုးၿပီး ပစ္ခတ္ဖမ္းဆီးခံရတာလို႔ ေဒသခံေတြက ေျပာပါတယ္။

“သူက သူတို႔အစည္းအေဝးေပါ့ေနာ္ ျပန္လာတာ။ ဒါစမ္းႀကီးဘက္ကို သူတို႔အၿမဲတမ္းသြားသြားေနရတာေလ။ သူတို႔က အစည္းအေဝးျပန္လာတာ။ ျပန္လာတဲ့အခ်ိန္မွာေပါ့ေနာ္ ဒီသူတို႔ေလးေယာက္ေပါ့ ျပန္လာတာ။ လက္ နက္ေတြလည္း ပါတယ္။ သူတို႔ကို ႐ြာသားတေယာက္က ေျပာတယ္တဲ့။ ဒီစစ္ေၾကာင္းတက္လာတယ္လု႔ိ ၾကားတယ္ေပါ့ေနာ္။ မသြားေသးနဲ႔အုံး၊ မျပန္ေသးနဲ႔လို႔ ေျပာတာ။ ဒါေပမယ့္ ဦးေက်ာ္မ်ိဳးမင္းက ဟုတ္ကဲ့လို႔ေတာ့ ေျပာလိုက္တယ္၊ ေျပာၿပီး သူက ထြက္လာတာ။ ျပန္ၿပီေးတာ့ အဲ့ခရီးစဥ္ကို ထြက္လာတာေပါ့ေနာ္။ ျပန္ထြက္လာတဲ့အခ်ိန္မွာ သူတို႔ အဖမ္းခံလိုက္ရတာ။ အဖမ္းခံရတဲ့အခ်ိန္မွာ သူတို႔က ဒီပစ္ခတ္ၿပီး ဖမ္းတယ္ေပါ့ေနာ္။”

သူတို႔ဖမ္းခံရခ်ိန္မွာ ေဒသခံေက်း႐ြာသားတဦးလည္းပါဝင္ၿပီး အဲဒီေက်း႐ြာသားက ထြက္ေျပးလြတ္ေျမာက္လာတဲ့အတြက္ စစ္တပ္က ဖမ္းဆီးတာခံခဲ့ရတယ္ဆိုတာကို ျပန္ေျပာႏိုင္တာလို႔ ေဒသခံတဦးက ေျပာပါတယ္။

NLD တာဝန္ရွိသူေတြရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ စာရင္းအရဆိုရင္ေတာ့ အာဏာသိမ္းခ်ိန္ကစၿပီး NLD အဖြဲ႕ဝင္ ၃၁ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ NLD ထိပ္ပိုင္းေခါင္းေဆာင္ေတြ အပါအဝင္ ဖမ္းဆီးခံထားရတဲ့ ပါတီဝင္ေပါင္းက ၈၀၀ ေက်ာ္ရွိတယ္လို႔ မတ္လ ၁၈ ရက္ေန႔က ထုတ္ျပန္ထားတဲ့စာရင္းမွာေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ဘီးလင်း NLD ဥက္ကဋ္ဌသတ်ဖြတ်ခံမှု စစ်ကောင်စီငြင်းဆန်

စစ်ကောင်စီကဖမ်းဆီးသွားတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းရဲ့ ရုပ်အလောင်းကို လက်ပြန်ကြိုးတုပ်လျက်နဲ့ ဇူလိုင် ၆ ရက်နေ့မှာ ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။ သူနဲ့အတူအဖမ်းခံရတဲ့ အခြားပါတီဝင်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ခြေလက်တွေခုတ်ဖြတ် ထားလျှက် တူးဖော်တွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း သူတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက တုံ့ပြန်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ နောက်ထပ် ပါတီဝင်နှစ်ဦးဖြစ်ကြတဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၄ ဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ သူတိုနဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ ဒီလို ဖမ်းဆီးခံရပြီး ၁၈ ရက်အကြာ မှာ ပါတီဥက္ကဋ္ဌအလောင်းပြန်တွေ့ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။ စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် အခုလို ရုပ်အလောင်းတွေ တွေ့ခဲ့ရတာကြောင့် စစ်ကောင်စီတပ်ရဲ့လက်ချက်လို့ မိသားစုအသိုင်းအဝိုင်းက ယူဆကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးက စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာမရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းဆန်ပါတယ်။

“လွှတ်တော်အမတ်နဲ့ပတ်သက်ပြီးပြောရတာတော့ လွှတ်တော်အမတ်သည် အဲဒီအချိန်ထိ ကျနော်တို့ ဥပဒေဘောင်ထဲမှာ နေထိုင်ခဲ့တဲ့လူဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျပေါ့နော် လုပ်နိုင်တဲ့အဖွဲ့အစည်း၊ ဘယ်အဖွဲ့အစည်းဆိုတာလဲ အားလုံးသိပြီးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဥပဒေဘောင်အတွင်းမှာ နေနေတဲ့ NLD လွှတ်တော်အမတ်တွေပေါ့နော်၊ NLD လွှတ်တော်အမတ်တွေကို ခြိမ်းခြောက်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒီအဖွဲ့တွေက မြို့ပြပျောက်ကျားအမည်ခံအဖွဲ့တွေပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲ့ဒီလိုပြောပေမယ့် ဘီးလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေရသူဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရမှုအပေါ်မှာ စစ်ကောင်စီဘက်က ငြင်းဆိုထားပေမယ့် မိသားစုဝင်နဲ့ နီးစပ်သူတွေက စစ်ကောင်စီ လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာပြောဆိုနေပါတယ်။ ဦးကျော်မျိုးမင်းအလောင်းတွေ့ခဲ့တဲ့ ပုံစံနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ရှိသူကျေးရွာသားတွေကို ကိုးကားပြီး မိသားစုဝင်နဲ့ နီးစပ်သူတွေက အခုလို ပြောပါတယ်။

“ပေါ်ခီးကျေးရွာအနီးမှာ အဖမ်းခံရတာ။ သူတို့အားလုံး။ NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းရယ်၊ ဦးပန်းမြင့်ရယ်၊ ဦးကိုကိုမောင်ရယ်၊ ရွာသားတဦးရယ်။ ဦးကျော်မျိုးမင်းအလောင်းကိုတော့ ဒီနေ့မှ ပြန်တွေ့တာပေါ့။ ဦးကျော်မျိုးမင်းအလောင်းကလည်း ပျက်စီးနေပါပြီ။ လက်ပြန်ကြိုးတွေတုပ်ထားတယ်။ လည်ပင်းတွေလည်း ကြိုးတုပ်ထားတယ်။ နောက်သူ့ရဲ့ မျက်နှာကိုကျတော့ ရေမြောင်းထဲမှာ မှောက်လျက်ပေါ့နော်၊ ရေနှစ်ထားတဲ့ပုံစံပေါ့၊ အဲ့လိုမျိုးပြန်တွေ့တာ။”

ကိုယ်တိုင်တွေ့ရှိသူ ကျေးရွာသားတွေကိုတော့ ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်လို့မရခဲ့ပါဘူး။ ဦးကျော်မျိုးမင်းနဲ့အတူ ဖမ်းဆီးခံရတဲ့ အခြားပါတီဝင်နှစ်ဦးဖြစ်တဲ့ ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့နှစ်ဦးကိုလည်း ခြေလက်ခုတ်ဖြတ်ထားပြီးမြေမြှုပ်ထားတာကို ဇူလိုင်လ ပထမအပတ်မှာပဲ ကျေးရွာသားတွေက တူးဖော်တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ပါတီဥက္ကဋ္ဌဦးကျော်မျိုးမင်းနဲ့အတူ ၃ ဦးဟာ အစည်းအဝေးတခုကအပြန် ပေါ်ခီးကျေးရွာနားမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူက သူတို့အစည်းအဝေးပေါ့နော် ပြန်လာတာ။ ဒါစမ်းကြီးဘက်ကို သူတို့အမြဲတမ်းသွားသွားနေရတာလေ။ သူတို့က အစည်းအဝေးပြန်လာတာ။ ပြန်လာတဲ့အချိန်မှာပေါ့နော် ဒီသူတို့လေးယောက်ပေါ့ ပြန်လာတာ။ လက် နက်တွေလည်း ပါတယ်။ သူတို့ကို ရွာသားတယောက်က ပြောတယ်တဲ့။ ဒီစစ်ကြောင်းတက်လာတယ်လု့ိ ကြားတယ်ပေါ့နော်။ မသွားသေးနဲ့အုံး၊ မပြန်သေးနဲ့လို့ ပြောတာ။ ဒါပေမယ့် ဦးကျော်မျိုးမင်းက ဟုတ်ကဲ့လို့တော့ ပြောလိုက်တယ်၊ ပြောပြီး သူက ထွက်လာတာ။ ပြန်ပြီေးတာ့ အဲ့ခရီးစဉ်ကို ထွက်လာတာပေါ့နော်။ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့ အဖမ်းခံလိုက်ရတာ။ အဖမ်းခံရတဲ့အချိန်မှာ သူတို့က ဒီပစ်ခတ်ပြီး ဖမ်းတယ်ပေါ့နော်။”

သူတို့ဖမ်းခံရချိန်မှာ ဒေသခံကျေးရွာသားတဦးလည်းပါဝင်ပြီး အဲဒီကျေးရွာသားက ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် စစ်တပ်က ဖမ်းဆီးတာခံခဲ့ရတယ်ဆိုတာကို ပြန်ပြောနိုင်တာလို့ ဒေသခံတဦးက ပြောပါတယ်။

NLD တာဝန်ရှိသူတွေရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရဆိုရင်တော့ အာဏာသိမ်းချိန်ကစပြီး NLD အဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ ပါတီဝင်ပေါင်းက ၈၀၀ ကျော်ရှိတယ်လို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားတဲ့စာရင်းမှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG