သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲမြို့တိုက်ပွဲ အရပ်သားနှစ်ဦးသေဆုံး


ကယားပြည်နယ်နဲ့ကပ်လျက်မှာရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့။
ကယားပြည်နယ်နဲ့ကပ်လျက်မှာရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့။

[[Zawgyi/Unicode]]


ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ထဲမှာ ဇူလိုင် ၂၅ ရက် မနေ့က နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်နေတယ်လို့ လူမှုကူညီရေးအဖွဲ့နဲ့ မြို့ခံတွေက ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေရာမှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်သေဆုံးသွားတယ်လို့ ပြောပါတယ်။ မိုးဗြဲမြို့ တိုက်ပွဲအခြေအနေ ရန်ကုန်သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇူလိုင် ၂၅ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဖယ်ခုံမြို့နယ်ကနေ မိုးဗြဲမြို့ထဲကို စစ်ဆင်လှုပ်ရှားလာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မနေ့ညနေပိုင်းက တိုက်ပွဲပြင်ထန်ခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့နဲ့ မြို့ခံက VOA ကို ပြောပါတယ်။ ဇူလိုင် ၂၆ ရက် ဒီနေ့ နေ့ခင်းလောက်ပိုင်းအထိ မြို့ထဲမှာ ပေါက်ကွဲအသံတွေ ကြားခဲ့ရပေမယ့် နှစ်ဘက်ပစ်ခတ်မှုတွေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေရာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦး ထိခိုက်သေဆုံးသွားတာလို့ မြို့ခံတဦးက ပြောပါတယ်။

“မနက်ပိုင်း မနက် ၉ နာရီထဲမှာ သူတို့ ဖယ်ခုံကနေ မိုးဗြဲမှာ စစ်ကြောင်းထိုးလာတယ်လေ။ အဲ့ဒီ ၄၂၂ တပ်ထဲမှာ အကုန်လုံးဝင်ထားတယ်ပေါ့။ နေ့လည်ပိုင်းမှာ သူတို့ ဆက်ပြီး စစ်ဆင်းရေးထိုးနေတာပေါ့၊ အဲ့ဒါနဲ့ ကြားထဲမှာ တိုက်ပွဲရှိသွားတယ်လေ။ အဲ့ဒါနဲ့ သူတို့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ထားလို့ ပြည်သူ ၂ ဦးသေဆုံးသွားတာပေါ့နော်၊ အထိခိုက်တွေလည်း ရှိတာပေါ့။ မိုးဗြဲမြို့လယ်မှာတို့၊ အဲ့ဒီနားမှာ ပွဲကုန်း (၃) အနီးအနားမှာ တိုက်ပွဲဖြစ်သွားတယ်ပေါ့။ အဲ့ဒါနဲ့ သူတို့ လွိုင်ကော်ကနေလည်း လက်နက်ကြီးလည်း ထုလာတယ်။ ပြည်သူတို့ အိုးအိမ်ရယ် ပျက်စီးတယ်။ အဒေါ်ကြီး ၂ ယောက်ကလည်း သေသွားတယ်ပေါ့နော်။”

တိုက်ပွဲကြောင့် မိုးဗြဲမြို့ထဲက အရပ်သားပြည်သူခိုလှုံနေကြတဲ့ စည်လုံးညီညာဘေးမဲ့ကျောင်းနဲ့ စက်တော်ရာဘုန်းကြီးကျောင်းတွေမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ထိခိုက် သေဆုံးရတာပါ။ မိုးဗြဲ Rescue Team က သူတို့ သွားရောက် ကူညီခဲ့တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျမတို့ မီသလောက်ကျတော့ ဟိုဒါပေါ့နော်… နှစ်ယောက်လောက်ဒဏ်ရာရတယ်၊ တယောက်ကျတော့ ဆုံးသွားတာပေါ့နော်။ လက်နက်ကြီးကျလို့ ဆုံးသွားတယ်။ နှစ်ယောက်ကကျတော့ လက်နက်ကြီးလို့ ဒဏ်ရာအသေးစားလောက်ပေါ့နော် စိုးရိမ်စရာအနေအထားတော့ မရှိဘူးပေါ့ဟုတ်။ ဘေးမဲ့ကျောင်းမှာကျတာ ရှိတယ် ဒီစက်တော်ရာဘုန်းကြီးကျောင်းဘေးမှာ ကျတာရှိတယ်ပေါ့နာ် ဟုတ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့အတွင်းကို စစ်ကြောင်းဆင်လာပြီး ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲနေထိုင်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြို့ခံတွေက VOA ကို ပြောထားပါတယ်။ လက်နက်ကြီးကျရောက်လို့ အနည်းဆုံး အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသလို နေအိမ် တလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆင်းရေးကြောင့် အခုနောက်ပိုင်း မိုးဗြဲမြို့ထဲမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး နေထိုင်ရတာ လုံခြုံမှုမရှိဘဲ ကြောက်လန့်နေရတယ်လို့ မြို့ခံက ပြောပါတယ်။

“ညီမတို့ဆိုလည်း ပြေးလိုက်လွှားလိုက်၊ ပြေးလိုက်လွှားလိုက်နဲ့ ရှုပ်နေပြီး ကြောက်တယ်လေ။ ဘာမှမသိတာနဲ့ ရောက်လာနေတယ်။ အဲ့လိုမျိုးပေါ့ စစ်ကြောင်းထိုးလာအခါကျတော့ အချိန်မရွေး တိုက်ပွဲ သူတို့ဘယ်အချိန်မသိ ရောက်လာလဲ ကိုယ်လည်း မသိ၊ သူတို့စစ်ကြောင်းထိုးတိုင်းလည်း အဲ့ဒါပဲ လျှောက်လို့ တမျိုးပေါ့၊ အဲ့မှာ မြို့ထဲမှာ ထိုင်နေတဲ့အခါကျတော့ တိုက်ပွဲရှိပြီး အခု ဒီတလောအတွင်းဆို ပိုပြီး စိတ်စိတ်လာတယ်။ လာမယ့်နောက်ပိုင်းဆိုလည်း ပိုပြီးများလာမယ်လို့ ထင်တာပဲ။”

တိုက်ပွဲကြောင့် မြို့ခံပြည်သူတွေက ဘေးလွတ်ရာကို မကြာမကြာ ပြေးလွှားနေကြရလို့ ဒုက္ခအမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

========

[[Unicode]]

မိုးဗွဲမွို့တိုကျပှဲ အရပျသားနှဈဦးသဆေုံး












XS
SM
MD
LG