သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူဆယ္ၿမိဳ႕တြင္း ေပါက္ကြဲမႈနဲ႔ပစ္ခတ္မႈမ်ား လူအေသအေပ်ာက္ရွိ


Muse မူဆယ္

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ စည္ပင္သာယာေဈးအနီးမွာ ဒီေန႔ ပစ္ခတ္မႈျဖစ္တာေၾကာင့္ ျပည္သူ႔စစ္ ၂ ေယာက္ထိခိုက္ခဲ့ပါတယ္။ အဲဒီ့ အခင္းျဖစ္ပြားရာအနီးမွာ တနလၤာေန႔ ေန႔ခင္းကလည္း ေပါက္ကြဲမႈျဖစ္ခဲ့တာေၾကာင့္ အမ်ိဳးသမီးတေယာက္ ေသဆုံးခဲ့သလို ညပိုင္းမွာလည္းေပါက္ကြဲမႈ ၃ ႀကိမ္ေလာက္ ထပ္မံျဖစ္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈေတြ ရွိေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

တ႐ုတ္- ျမန္မာနယ္စပ္က မူဆယ္ၿမိဳ႕မွာ တနလၤာေန႔နဲ႔ အဂၤါေန႔ ၂ ရက္အတြင္း ေပါက္ကြဲမႈ ၄ ႀကိမ္နဲ႔ ပစ္ခတ္မႈ ၂ ႀကိမ္ ျဖစ္ခဲ့တာပါ။ တနလၤာေန႔မွာ ေပါက္ကြဲမႈ ၄ ႀကိမ္နဲ႔ ပစ္ခတ္မႈတႀကိမ္ျဖစ္ခဲ့ၿပီး အဂၤါေန႔မွာ ပစ္ခတ္မႈ တႀကိမ္ ထပ္မံျဖစ္ပြားပါတယ္။

ဒီေန႔ အဂၤါေန႔ပစ္ခတ္မႈဟာ မူဆယ္ၿမိဳ႕ ၿမိဳ႕လယ္ရွိ စည္ပင္သာယာ အမွတ္ (၁) ေဈးအနီးက မီးပြိဳင့္မွာ ျဖစ္ၿပီး လူ ႏွစ္ေယာက္ဒဏ္ရာရခဲ့ေၾကာင္း ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ ၁၁ နာရီ ေက်ာ္ေက်ာ္ေလာက္ကေပါ့ေနာ္။ မေန႔ကျဖစ္တဲ့ မီးပြိဳင့္နားမွာပဲေလ။ မီးပြိဳင့္ရပ္တဲ့ကားကို ေနာက္ကလိုက္တာတဲ့ကားကေန ေသနတ္နဲ႔ပစ္တယ္ဗ်။ ေရွ႕ခန္းမွာ ထိုင္ေနတဲ့ႏွစ္ေယာက္ေပ့ါ။ ႏွစ္ေယာက္ေတာ့ ဒဏ္ရာရတယ္။ အေျခအေနကေတာ့ ဘာမွန္း မသိေသးဘူး။ ေဆး႐ုံပို႔ထားတယ္။”

အျခားေဒသခံေတြကေတာ့ ပစ္ခတ္ခံရသူ ႏွစ္ဦးဟာ ျပည္သူစစ္ျဖစ္ေၾကာင္းနဲ႔ ပစ္ခတ္သူေတြဟာ ဆိုင္ကယ္ေပၚကေန ပစ္ခတ္တာျဖစ္ေၾကာင္း ေျပာဆိုၾကပါတယ္။

တနလၤာေန႔ မနက္ ၁၁ နာရီေလာက္ကလည္း စည္ပင္သာယာ အမွတ္ (၁) ေဈးအနီးက ယာဥ္ထိန္းရဲ႐ုံးမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အသက္ ၂၀ ေက်ာ္အမ်ိဳးသမီးတေယာက္ေသဆုံးခဲ့သလို ယာဥ္ထိန္းရဲ တေယာက္နဲ႔ ျပည္သူ႔စစ္ ၂ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

တနလၤာေန႔ ည ၉ နာရီေလာက္မွာလည္း မူဆယ္ၿမိဳ႕တြင္း ေပါက္ကြဲမႈ ၃ ႀကိမ္ထပ္မံျဖစ္ခဲ့သလို ရဲစခန္းအနီး ပစ္ခတ္မႈမွာေတာ့ အေသအေပ်ာက္ရွိခဲ့ေၾကာင္း မူဆယ္ေဒသခံက ဆက္ေျပာပါတယ္။

“ ေပါက္ကြဲတယ္။ ေနာက္ၿပီး ပစ္ခတ္မႈျဖစ္တယ္။ မဂၤလာမူဆယ္ ၉ ထပ္တိုက္ဘက္မွာလည္း ေပါက္ကြဲမႈျဖစ္တယ္။ ေနာက္ရဲစခန္းကိုလည္း ကားနဲ႔ လက္နက္ႀကီးလည္း ပါတယ္လို႔ ေျပာတယ္။ ေနာက္ လက္နက္ငယ္နဲ႔လည္း ပစ္သြားတယ္လို႔ ေျပာတယ္ဗ်။ အဲဒါ ျပည္သူ႔စစ္တေယာက္ေသတယ္။ ျပည္သူ႔စစ္ ၃ ေယာက္ ဒဏ္ရာရတယ္လို႔ ေျပာတယ္ဗ်။”

အျခားမူဆယ္ၿမိဳ႕ခံံတဦးကလည္း တနလၤာေန႔ည ေပါက္ကြဲမႈ ၃ ႀကိမ္ျဖစ္ခဲ့သလို ပစ္ခတ္မႈလည္း ျဖစ္ပြားခဲ့ေၾကာင္း ေျပာပါတယ္။

“ ၉ နာရီ ၂၀ ေလာက္က စျဖစ္ၿပီးေတာ့ ၉ ခြဲေက်ာ္ေက်ာ္ေလာက္ ေသနတ္သံေတြလည္း ၾကားတယ္။ ပထမအလုံးေတာ့ က်ေနာ္တို႔ ေကာင္းေကာင္းမသိဘူး။ ဒုတိယအလုံးက်ေတာ့ ဟိုဟာမွာေပါက္တာဗ်။ ဗိုလ္တဲေပါ့ေနာ္။ ဗိုလ္တဲ။ ေကာင္းေနာင္ရပ္ကြက္ဘက္က လူႀကီးေတြလာၿပီဆိုရင္ တည္းတဲ့ေနရာေလ။ ေနာက္တလုံးက်ေတာ့ တတိယအလုံးက်ေတာ့ စရဖ ဘက္မွာ ေပါက္တာလို႔ေျပာတယ္။ ေပါက္ၿပီးေတာ့မွ သူက ရဲစခန္းဝင္ေပါက္နဲ႔ တည့္တည့္ေလ အဲဒီလမ္းက။ အဲဒီကေန ေသနတ္နဲ႔ လွမ္းပစ္တာ။ လွမ္းပစ္လိုက္ေတာ့ ျပည္သူလူထု ၄ ေယာက္ ထိတယ္။ က်ား ၃ ၊ မ ၁ ေပါ့ေနာ္။ တေယာက္ေတာ့ ဆုံးသြားတယ္။ ေယာက္်ားေလး ဆုံးသြားတယ္။ က်န္တဲ့ ၃ ေယာက္ကေတာ့ ေဆး႐ုံတက္ေနဆဲ။ ထိခိုက္ဒဏ္ရာရတာေပါ့။ ”

ေဒသတြင္းသတင္းေတြကိုေဖာ္ျပေနတဲ့ ေ႐ႊဖီေျမသတင္းဌာနကေတာ့ တနလၤာေန႔ ေပါက္ကြဲမႈမွာ ရဲ ၂ ဦး ေသဆုံးၿပီး ၃ ဦး ဒဏ္ရရွိေၾကာင္းေဖာ္ျပပါတယ္။

မူဆယ္ၿမိဳ႕က အမည္မေဖာ္လိုတဲ့ ဌာနဆိုင္ရာ တာဝန္ရွိသူတဦးကေတာ့ တနလၤာေန႔ည မူဆယ္ၿမိဳ႕မွာ ေပါက္ကြဲမႈ ၃ ေနရာျဖစ္ပြားတာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာဆိုေပမယ့္ ထိခိုက္ေသဆုံးမႈရွိႏိုင္ေပမယ့္ အတည္မျပဳႏိုင္ေသးေၾကာင္းသာ ေျပာပါတယ္။

မူဆယ္ၿမိဳ႕ဟာ တ႐ုတ္ ျမန္မာ နယ္စပ္စီးပြားေရးလုပ္ငန္းရဲ႕ အဓိက အခ်က္အျခာေနရာတခုျဖစ္ၿပီး ဒီေဒသအတြင္းမွာ စစ္ေကာင္စီတပ္၊ ျပည္သူ႔စစ္အဖြဲ႕စုံအျပင္ ကခ်င္၊ တအန္း(ပေလာင္)၊ ကိုးကန႔္နဲ႔ ရွမ္းစတဲ့တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ လႈပ္ရွားေနတဲ့ ေဒသလည္း ျဖစ္ပါတယ္။

အထူးသျဖင့္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈနဲ႔ ေလာင္းကစား႐ုံေတြေၾကာင့္ ရာဇဝတ္ မႈေတြ မ်ားျပားေနသလို လက္နက္ကိုင္အဖြဲ႔အစည္းေတြ မ်ားျပားတာေၾကာင့္လည္း တရားဥပေဒ စိုးမိုးေရးကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေနတဲ့ေဒသလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မူဆယ်မြို့တွင်း ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုများ လူအသေအပျောက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စည်ပင်သာယာဈေးအနီးမှာ ဒီနေ့ ပစ်ခတ်မှုဖြစ်တာကြောင့် ပြည်သူ့စစ် ၂ ယောက်ထိခိုက်ခဲ့ပါတယ်။ အဲဒီ့ အခင်းဖြစ်ပွားရာအနီးမှာ တနင်္လာနေ့ နေ့ခင်းကလည်း ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့သလို ညပိုင်းမှာလည်းပေါက်ကွဲမှု ၃ ကြိမ်လောက် ထပ်မံဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ ရက်အတွင်း ပေါက်ကွဲမှု ၄ ကြိမ်နဲ့ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ခဲ့တာပါ။ တနင်္လာနေ့မှာ ပေါက်ကွဲမှု ၄ ကြိမ်နဲ့ ပစ်ခတ်မှုတကြိမ်ဖြစ်ခဲ့ပြီး အင်္ဂါနေ့မှာ ပစ်ခတ်မှု တကြိမ် ထပ်မံဖြစ်ပွားပါတယ်။

ဒီနေ့ အင်္ဂါနေ့ပစ်ခတ်မှုဟာ မူဆယ်မြို့ မြို့လယ်ရှိ စည်ပင်သာယာ အမှတ် (၁) ဈေးအနီးက မီးပွိုင့်မှာ ဖြစ်ပြီး လူ နှစ်ယောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ၁၁ နာရီ ကျော်ကျော်လောက်ကပေါ့နော်။ မနေ့ကဖြစ်တဲ့ မီးပွိုင့်နားမှာပဲလေ။ မီးပွိုင့်ရပ်တဲ့ကားကို နောက်ကလိုက်တာတဲ့ကားကနေ သေနတ်နဲ့ပစ်တယ်ဗျ။ ရှေ့ခန်းမှာ ထိုင်နေတဲ့နှစ်ယောက်ပေ့ါ။ နှစ်ယောက်တော့ ဒဏ်ရာရတယ်။ အခြေအနေကတော့ ဘာမှန်း မသိသေးဘူး။ ဆေးရုံပို့ထားတယ်။”

အခြားဒေသခံတွေကတော့ ပစ်ခတ်ခံရသူ နှစ်ဦးဟာ ပြည်သူစစ်ဖြစ်ကြောင်းနဲ့ ပစ်ခတ်သူတွေဟာ ဆိုင်ကယ်ပေါ်ကနေ ပစ်ခတ်တာဖြစ်ကြောင်း ပြောဆိုကြပါတယ်။

တနင်္လာနေ့ မနက် ၁၁ နာရီလောက်ကလည်း စည်ပင်သာယာ အမှတ် (၁) ဈေးအနီးက ယာဉ်ထိန်းရဲရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၂၀ ကျော်အမျိုးသမီးတယောက်သေဆုံးခဲ့သလို ယာဉ်ထိန်းရဲ တယောက်နဲ့ ပြည်သူ့စစ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တနင်္လာနေ့ ည ၉ နာရီလောက်မှာလည်း မူဆယ်မြို့တွင်း ပေါက်ကွဲမှု ၃ ကြိမ်ထပ်မံဖြစ်ခဲ့သလို ရဲစခန်းအနီး ပစ်ခတ်မှုမှာတော့ အသေအပျောက်ရှိခဲ့ကြောင်း မူဆယ်ဒေသခံက ဆက်ပြောပါတယ်။

“ ပေါက်ကွဲတယ်။ နောက်ပြီး ပစ်ခတ်မှုဖြစ်တယ်။ မင်္ဂလာမူဆယ် ၉ ထပ်တိုက်ဘက်မှာလည်း ပေါက်ကွဲမှုဖြစ်တယ်။ နောက်ရဲစခန်းကိုလည်း ကားနဲ့ လက်နက်ကြီးလည်း ပါတယ်လို့ ပြောတယ်။ နောက် လက်နက်ငယ်နဲ့လည်း ပစ်သွားတယ်လို့ ပြောတယ်ဗျ။ အဲဒါ ပြည်သူ့စစ်တယောက်သေတယ်။ ပြည်သူ့စစ် ၃ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်ဗျ။”

အခြားမူဆယ်မြို့ခံံတဦးကလည်း တနင်္လာနေ့ည ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ခဲ့သလို ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“ ၉ နာရီ ၂၀ လောက်က စဖြစ်ပြီးတော့ ၉ ခွဲကျော်ကျော်လောက် သေနတ်သံတွေလည်း ကြားတယ်။ ပထမအလုံးတော့ ကျနော်တို့ ကောင်းကောင်းမသိဘူး။ ဒုတိယအလုံးကျတော့ ဟိုဟာမှာပေါက်တာဗျ။ ဗိုလ်တဲပေါ့နော်။ ဗိုလ်တဲ။ ကောင်းနောင်ရပ်ကွက်ဘက်က လူကြီးတွေလာပြီဆိုရင် တည်းတဲ့နေရာလေ။ နောက်တလုံးကျတော့ တတိယအလုံးကျတော့ စရဖ ဘက်မှာ ပေါက်တာလို့ပြောတယ်။ ပေါက်ပြီးတော့မှ သူက ရဲစခန်းဝင်ပေါက်နဲ့ တည့်တည့်လေ အဲဒီလမ်းက။ အဲဒီကနေ သေနတ်နဲ့ လှမ်းပစ်တာ။ လှမ်းပစ်လိုက်တော့ ပြည်သူလူထု ၄ ယောက် ထိတယ်။ ကျား ၃ ၊ မ ၁ ပေါ့နော်။ တယောက်တော့ ဆုံးသွားတယ်။ ယောက်ျားလေး ဆုံးသွားတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံတက်နေဆဲ။ ထိခိုက်ဒဏ်ရာရတာပေါ့။ ”

ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ တနင်္လာနေ့ ပေါက်ကွဲမှုမှာ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရရှိကြောင်းဖော်ပြပါတယ်။

မူဆယ်မြို့က အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတဦးကတော့ တနင်္လာနေ့ည မူဆယ်မြို့မှာ ပေါက်ကွဲမှု ၃ နေရာဖြစ်ပွားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပေမယ့် ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးကြောင်းသာ ပြောပါတယ်။

မူဆယ်မြို့ဟာ တရုတ် မြန်မာ နယ်စပ်စီးပွားရေးလုပ်ငန်းရဲ့ အဓိက အချက်အခြာနေရာတခုဖြစ်ပြီး ဒီဒေသအတွင်းမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့စုံအပြင် ကချင်၊ တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရှမ်းစတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လောင်းကစားရုံတွေကြောင့် ရာဇဝတ် မှုတွေ များပြားနေသလို လက်နက်ကိုင်အဖွဲ့အစည်းတွေ များပြားတာကြောင့်လည်း တရားဥပဒေ စိုးမိုးရေးကို ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ဒေသလည်းဖြစ်ပါတယ်။

XS
SM
MD
LG