သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလုံၿခဳံေရးတပ္ဖြဲ႔ဝင္ ၁၄ ဦးကို AA ဖမ္းဆီး


ဇူလုိင္လ (၁၈) ရက္ တုိက္ပြဲေတြအတြင္း စစ္ေကာင္စီတပ္နဲ႔နယ္ျခားေစာင့္တပ္ေတြဆီက ရခိုင့္လက္နက္ကိုင္တပ္ AA ကသိမ္းယူခဲ့တဲ့ လက္နက္ခဲ့ယမ္းနဲ႔ သံု႔ပန္းမ်ား။ (Photo: AA)

[[Zawgyi/Unicode]]

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီလုံၿခဳံေရးတပ္ဖြဲ႔တို႔ၾကား ၿပီးခဲ့တဲ့ ရက္ပိုင္း ေမာင္ေတာ ေျမာက္ပိုင္းမွာျဖစ္ပြားခဲ့တဲ့တိုက္ပြဲမွာ စစ္ေကာင္စီဘက္က ေသဆုံးသူမ်ားသလို စစ္ေကာင္စီ တပ္သား ၁၄ ဦးကိုလည္း အရွင္ဖမ္းဆီးထားတယ္လို႔ AA ဘက္က ဒီကေန႔ထုတ္ျပန္ ထားပါတယ္။ ဒီကေန႔ မနက္ပိုင္းကလည္း ေမာင္ေတာၿမိဳ႕နယ္မွာ ေသနတ္ပစ္သံတခ်ိဳ႕ ၾကားေနရေသးတာေၾကာင့္ တိုက္ပြဲထပ္မံျဖစ္ပြားမွာကို ေဒသခံေတြစိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အတြင္းက ေဆာင္ပညာ႐ြာနဲ႔ စံကားပင္ရင္း ေက်း႐ြာၾကားမွာရွိတဲ့ နယ္ျခားေစာင့္နဲ႔ စစ္ေကာင္စီတပ္ပူးေပါင္းအဖြဲ႔ကို ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔ မနက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က တိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။

တိုက္ပြဲအတြင္းမွာ စစ္ေကာင္စီဘက္က ေသဆုံးသူတခ်ိဳ႕ရွိသလို လက္နက္ခ်အညံ့ခံတဲ့ စစ္သုံ႔ပန္း ၁၄ ဦးဖမ္းမိခဲ့ၿပီး လက္နက္ခဲယမ္းအမ်ားအျပား သိမ္းဆည္းရမိခဲ့တယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က ဒီကေန႔ ထုတ္ျပန္ပါတယ္။

အဲဒီတိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေမာင္ေတာေျမာက္ပိုင္းမွာ ဒီကေန႔ မနက္ပိုင္းကလည္း ေသနတ္သံတခ်ိဳ႕ ထြက္ေပၚခဲ့တာေၾကာင့္ တိုက္ပြဲထပ္ျဖစ္မွာကို ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ ေမာင္ေတာၿမိဳ႕ ျမဝတီေက်း႐ြာ ေဒသခံတဦးကေျပာပါတယ္။

“အသံေတြ ဘာေတြေတာ့ ၾကားရေသးတယ္။ ဘယ္မွာပစ္ေနၾကလဲေတာ့မသိဘူး၊ ေသနတ္ပစ္သံေတြေပါ့။ ဒါေပမယ့္ အခုေတာ့မၾကားရေတာ့ဘူး။ မနက္ပိုင္းက ၾကားရတာ၊ ထပ္ၿပီးေတာ့ တိုက္ပြဲေတြ ျဖစ္လာမွာကို ေဒသခံေတြ အကုန္လုံးက စိုးရိမ္ေနၾကတယ္။”

ဒါအျပင့္ ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈ၊စစ္ေရးျပင္ဆင္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ေနတာေၾကာင့္ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္လာႏိုင္တဲ့အတြက္ ရခိုင္ျပည္သူေတြအေနနဲ႔ သတိထားၾကဖို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဒီကေန႔ ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။ AA ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ ဆက္သြယ္ေမးျမန္းဖို႔ AA ေျပာခြင့္ရသူကိုလည္း ဆက္သြယ္လို႔မရသလို ျမန္မာစစ္ေကာင္စီဘက္ကလည္း တစုံတရာထုတ္ျပန္တာမရွိေသးပါဘူး။

လက္ရွိေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာေတာ့ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း ကုန္လမ္းေတြကို ပိတ္ထားပါတယ္။ လမ္းခရီး လုံၿခဳံေရးစိတ္မခ်ရတဲ့အတြက္ ေဒသခံေတြအေနနဲ႔လည္း အသြားအလာ မလုပ္ၾကေတာ့ဘူးလို႔ ေမာင္ေတာေျမာက္ပိုင္း ျမဝတီေဒသခံတဦးကေျပာပါတယ္။

“သြားေရးလာေရးကေတာ့ တိုက္ပြဲျဖစ္ၿပီးတာနဲ႔ ကားေတြေရာ ဆိုင္ကယ္ေတြေရာအကုန္ လုံး ကို ပိတ္ထားၾကတယ္။ ႐ြာသူ႐ြာသားေတြလည္း အျပင္မထြက္ၾကဘူး။ အကုန္လုံးအိမ္မွာေန ေနၾကတယ္။ ေတာေတာင္ေတြကိုလည္း မသြားၾကပါဘူး။ ဟုတ္။”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ လကလည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က စစ္ေကာင္စီ တပ္ဖြဲ႔ဝင္တခ်ိဳ႕နဲ႔ စစ္ေကာင္စီဝန္ထမ္းတခ်ိဳ႕ကို ဖမ္းဆီးခဲ့သလို စစ္ေကာင္စီဘက္ကလည္း ရခိုင္ေဒသခံ ၃၀ ေက်ာ္ကို ဖမ္းဆီးတရားစြဲခဲ့ပါတယ္။

စစ္ေကာင္စီဘက္က ေဒသခံေတြကို ဖမ္းဆီးတာေတြ၊ လက္နက္နဲ႔ ၿခိမ္းေျခာက္ တာေတြနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ရဲ႕ တရားစီရင္ေရး လုပ္ငန္းေတြကို ေႏွာင့္ ယွက္ေနတာေတြ ULA/AA အဖြဲ႔ဝင္ တခ်ိဳ႕ကို ဖမ္းဆီးေနတာေတြေၾကာင့္ ရခိုင္ေဒသမွာ တိုက္ပြဲေတြ ျပန္ျဖစ္လာႏိုင္တယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္ခင္မ်ာ။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးကို AA ဖမ်းဆီး

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တို့ကြား ပြီးခဲ့တဲ့ ရက်ပိုင်း မောင်တော မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူများသလို စစ်ကောင်စီ တပ်သား ၁၄ ဦးကိုလည်း အရှင်ဖမ်းဆီးထားတယ်လို့ AA ဘက်က ဒီကနေ့ထုတ်ပြန် ထားပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း မောင်တောမြို့နယ်မှာ သေနတ်ပစ်သံတချို့ ကြားနေရသေးတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ဆောင်ပညာရွာနဲ့ စံကားပင်ရင်း ကျေးရွာကြားမှာရှိတဲ့ နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးသူတချို့ရှိသလို လက်နက်ချအညံ့ခံတဲ့ စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တောမြောက်ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းကလည်း သေနတ်သံတချို့ ထွက်ပေါ်ခဲ့တာကြောင့် တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မောင်တောမြို့ မြဝတီကျေးရွာ ဒေသခံတဦးကပြောပါတယ်။

“အသံတွေ ဘာတွေတော့ ကြားရသေးတယ်။ ဘယ်မှာပစ်နေကြလဲတော့မသိဘူး၊ သေနတ်ပစ်သံတွေပေါ့။ ဒါပေမယ့် အခုတော့မကြားရတော့ဘူး။ မနက်ပိုင်းက ကြားရတာ၊ ထပ်ပြီးတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေ အကုန်လုံးက စိုးရိမ်နေကြတယ်။”

ဒါအပြင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု၊စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ သတိထားကြဖို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ AA ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းဖို့ AA ပြောခွင့်ရသူကိုလည်း ဆက်သွယ်လို့မရသလို မြန်မာစစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

လက်ရှိမောင်တောမြို့နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကုန်လမ်းတွေကို ပိတ်ထားပါတယ်။ လမ်းခရီး လုံခြုံရေးစိတ်မချရတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း အသွားအလာ မလုပ်ကြတော့ဘူးလို့ မောင်တောမြောက်ပိုင်း မြဝတီဒေသခံတဦးကပြောပါတယ်။

“သွားရေးလာရေးကတော့ တိုက်ပွဲဖြစ်ပြီးတာနဲ့ ကားတွေရော ဆိုင်ကယ်တွေရောအကုန် လုံး ကို ပိတ်ထားကြတယ်။ ရွာသူရွာသားတွေလည်း အပြင်မထွက်ကြဘူး။ အကုန်လုံးအိမ်မှာနေ နေကြတယ်။ တောတောင်တွေကိုလည်း မသွားကြပါဘူး။ ဟုတ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လကလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီဝန်ထမ်းတချို့ကို ဖမ်းဆီးခဲ့သလို စစ်ကောင်စီဘက်ကလည်း ရခိုင်ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးတရားစွဲခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက် တာတွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို နှောင့် ယှက်နေတာတွေ ULA/AA အဖွဲ့ဝင် တချို့ကို ဖမ်းဆီးနေတာတွေကြောင့် ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်ခင်မျာ။

XS
SM
MD
LG