သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသားႏွစ္ဦး သတ္ျဖတ္ခံရမႈေၾကာင့္ နယ္စပ္အေျခအေနရႈပ္ေထြး


အိႏၵိယ-ျမန္မာနယ္စပ္ ျမန္မာဘက္ျခမ္းက တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသားႏွစ္ဦး သတ္ျဖတ္ခံရတာေၾကာင့္ အိႏၵိယဘက္ျခမ္း မိုးေရးၿမိဳ႕မွာ ဆႏၵျပေနၾကစဥ္။ (ဇူလိုင္ ၇၊ ၂၀၂၂/Crd: CJ)

[[Zawgyi/Unicode]]

အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕မွာ အိႏၵိယႏိုင္ငံသား ၂ ဦး သတ္ျဖတ္ခံရၿပီးေနာက္ နယ္စပ္အေျခအေနတင္းမာေနပါတယ္။ အိႏၵိယႏိုင္ငံ မိုးေရးၿမိဳ႕မွာ ေဒသခံေတြ ဆႏၵျပခဲ့ၾကသလို ျမန္မာႏိုင္ငံ နမ့္ဖာလုံဘက္က ရဲကင္းတခုကိုလည္း မီးရႈိ႕ခဲ့ၾကပါတယ္။ စစ္ေကာင္စီကေတာ့ သတ္ျဖတ္သူေတြဟာ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕ကျဖစ္တယ္လို႔ စြပ္စြဲထားၿပီး အေလာင္းေတြကို မီးသၿဂိဳဟ္လိုက္ၿပီျဖစ္ေၾကာင္း ဒီေန႔ သတင္း ထုတ္ျပန္ထားပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

အိႏၵိယ-ျမန္မာနယ္စပ္ - ျမန္မာႏိုင္ငံ တမူးၿမိဳ႕မွာ မိုးေရးၿမိဳ႕က အိႏၵိယႏိုင္ငံသား တမီးလ္အမ်ိဳးသား ၂ ဦး ဒီလ ၅ ရက္ေန႔ ေန႔လည္ပိုင္းက သတ္ျဖတ္ခံခဲ့ရတာပါ။ ၆ ရက္ေန႔ေန႔ခင္းအထိ ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းကို ျပန္လည္ မလႊဲေျပာင္းေပးတာေၾကာင့္ အိႏၵိယႏိုင္ငံ မိုးေရးၿမိဳ႕မွာ ဆႏၵျပတာေတြ ျဖစ္ခဲ့သလို ျမန္မာႏိုင္ငံဘက္အျခမ္းက ရဲကင္းတစ္ခုကို မီးရႈိ႕ခဲ့ေၾကာင္း ေဒသခံတဦးက အခုလို ေျပာပါတယ္။

“မေန႔က တနာရီေပါ့။ တနာရီေလာက္ပဲ သူတို႔က ၿမိဳ႕ထဲမွာ ဆႏၵျပတယ္ေလ။ အေလာင္းျပန္ေပးဖို႔ ဆႏၵျပတယ္။ ေနာက္ မိုးေရးရဲစခန္းမွာ သြားၿပီးေတာ့ သူတို႔က ေတာင္းဆိုတယ္ေပါ့။ ေတာင္းဆိုၿပီးေတာ့ က်ေနာ္တို႔ ဒီ အိႏၵိယ ျမန္မာနယ္စပ္ ေဘာ္လုံးကြင္းေပါက္လို႔ ေခၚတာေပါ့ဗ်ာ ။ ေဘာ္လုံးကြင္းေပါက္မွာ ရဲကင္းေလးရွိတယ္။ အဲဒီ ရဲကင္းကို အိႏၵိယ တမီးလ္လူငယ္ေတြက လာၿပီးေတာ့ မီးရႈိ႕တာ ညေနပိုင္းေလာက္။ အဲဒီမွာ သူတို႔ Army ေတြ ဘာေတြက ျပန္ထိန္းသိမ္းသြားတဲ့သေဘာရွိတယ္။”

ဒီတိုက္ခိုက္မႈျဖစ္ပြားၿပီးေနာက္မွာ အိႏၵိယႏိုင္ငံဘက္က မိုးေရးၿမိဳ႕နဲ႔အနီးအနား ေက်း႐ြာေတြကို ပုဒ္မ ၁၄၄ ထုတ္ျပန္ခဲ့သလို အိႏၵိယႏိုင္ငံသားေတြကိုလည္း ခြင့္ျပဳခ်က္မရဘဲ ျမန္မာႏိုင္ငံဘက္မသြားဖို႔ တားျမစ္ခဲ့ပါတယ္။

“ စာထုတ္တယ္။ တင္ႏိုပဲလ္ခ႐ိုင္မႈးက အိႏၵိယႏိုင္ငံသားမ်ား တမူးၿမိဳ႕သို႔ မသြားရန္ ေပါ့။ သြားစရာရွိလွ်င္ တာဝန္ခံဆီမွာ လက္မွတ္ ထုတ္ယူပါဆိုၿပီးမွ ထုတ္တယ္။ ေနာက္ လူစုလူေဝးမလုပ္ရေပါ့။ ေနာက္ က်ေနာ္တို႔ ျမန္မာႏိုင္ငံသားမ်ား အိႏၵိယ မိုးေရးဘက္ မလာရ။ ရက္အကန႔္အသတ္မရွိ မလာရ ဆိုၿပီးမွ စာထုတ္ ထားတာရွိတယ္။”

မိုးေရးၿမိဳ႕မွာ ေနထိုင္ေနတဲ့ ကူကီးအမ်ိဳးသမီးတဦးကေတာ့ အိႏၵိယဘက္က နယ္စပ္မွာ လုံၿခဳံေရးတိုးျမႇင့္ခ်ထားၿပီး တမူး- မိုးေရး နယ္စပ္ျဖတ္သန္း သြားလာတာကို လုံးဝပိတ္ပင္ထားေၾကာင္း အခုလို ေျပာပါတယ္။

“ အေျခအေနကေတာ့ေလ ျမန္မာျပည္ကလူေတြ တေယာက္မွ ေဈးေရာင္း၊ ေဈးဝယ္လာတဲ့သူေတြ တေယာက္မွ လာလို႔ မရဘူးေပါ့။ အဲဒါ မေန႔ကတည္းက။ တေယာက္မွ ဝင္ခြင့္မေပးဘူး။ နယ္စပ္ဘက္မွာလည္း ဒီ Army ေတြေပါ့ေနာ္။ Army ေတြ ရွိတယ္။ ဘယ္သူမွေတာ့ သြားတာလာတာေတာ့ မရဘူးေပါ့။ ”

ဒီကေန႔ ေန႔ခင္းပိုင္းမွာ မိုးေရးၿမိဳ႕ခံေတြဟာ အေလာင္းျပန္လည္ရရွိေရးအတြက္ အိႏၵိယအာဏာပိုင္ ေတြကို ေတာင္းဆိုဖို႔ လက္မွတ္ေကာက္ယူတာေတြ ေဆာင္႐ြက္တာေတြလည္း ရွိခဲ့ပါတယ္။

မဏိပူရျပည္နယ္ ဝန္ႀကီးခ်ဳပ္ အဲန္ ဘီရန္းဆင္း( N Biren Singh ) ကေတာ့ ႏွစ္ႏိုင္ငံအာဏာပိုင္ေတြ အခ်င္းခ်င္း ခ်ိတ္ဆက္ေတာင္းဆိုတာေတြ ရွိေနေၾကာင္း သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။

စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အိႏၵိယႏိုင္ငံသား ၂ ဦးကို သတ္ျဖတ္ခံရမႈကို စုံစမ္းစစ္ေဆးၿပီး ဒါဟာ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕တခုက လုပ္တာလို႔ အျပစ္တင္ပါတယ္။

“ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕နဲ႔ လုံၿခဳံေရးအဖြဲ႕ေတြက အနီးအနားပတ္ဝန္းက်င္ကို စစ္ေဆးတယ္။ စစ္ေဆးတဲ့အခါမွာေတာ့ ၁၂ နာရီခြဲေလာက္မွာ အဲဒီႏွစ္ေယာက္က ေစာ္ဘြားရပ္ကြက္အတြင္းကို ဆိုင္ကယ္ တစီးနဲ႔ ဝင္လာတယ္။ ဝင္လာတဲ့အခ်ိန္မွာပဲ အၾကမ္းဖက္အဖြဲ႕တဖြဲ႕က ေသနတ္နဲ႔ပစ္ခတ္ၿပီး ထြက္ေျပးသြားတာသိရတယ္။ အဲဒါေၾကာင့္ အေလာင္းေတြ က်ေနာ္တို႔ တမူးေဆး႐ုံကို ပို႔တယ္။ ၁ နာရီခြဲေလာက္မွာ ေရာက္တယ္။ အဲဒီမွာလည္း တမူးရဲစခန္းမွာ ေသမႈေသခင္းဖြင့္တယ္။ ဖြင့္ၿပီး အဲဒီအေလာင္းေတြ အကုန္လုံးကို ၿမိဳ႕မိၿမိဳ႕ဖေတြ၊ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ သတင္းစုံစမ္းစစ္ေဆးခဲ့တယ္။ ေဆာင္႐ြက္တယ္ေပါ့။ အဲဒီမွာ လာေရာက္ဆက္သြယ္တာေတာ့ မရွိခဲ့ဘူးဗ်။ မရွိတဲ့အတြက္ေၾကာင့္ ၆ ရက္ေန႔ မနက္ ၇ နာရီမွာေတာ့ … သုႆန္မွာ မီးသၿဂိဳဟ္ခဲ့ေၾကာင္း သိရွိရတယ္။”

တရားခံဟာ ဘယ္အဖြဲ႕အစည္းလဲဆိုတာကိုေတာ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အတိအက်မေျပာပါဘူး။ ဒါေပမယ့္ အဲဒီေဒသမွာ ေဒသခံတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕နဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ရွိတယ္လို႔ေတာ့ ေျပာပါတယ္။ ဒီေသဆုံးမႈနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနခ်င္းသာမက လုံၿခဳံေရးတပ္ဖြဲ႕ အခ်င္းခ်င္းလည္း ဆက္သြယ္ ေဆာင္႐ြက္ေနေၾကာင္းလည္း ထည့္သြင္းေျပာၾကားပါတယ္။

တမူးၿမိဳ႕မွာ အသတ္ခံရတဲ့ အိႏၵိယႏိုင္ငံသား ၂ ဦးဟာ တမီလ္လူမ်ိဳး P Mohan ၂၈ ႏွစ္နဲ႔ M. Iyarnar ၃၅ ႏွစ္တို႔ျဖစ္ၿပီး သူတို႔ကို ပ်ဴေစာထီးအဖြဲ႕က သတ္ျဖတ္ တာလို႔ ေဒသတြင္း သတင္းမီဒီယာေတြက ေရးသား ေဖာ္ျပၾကပါတယ္။

တမူး-မိုးေရး ဆက္သြယ္ေရးလမ္းဟာ အိႏၵိယနဲ႔ ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံး နယ္စပ္ ကုန္သြယ္ေရး စခန္းျဖစ္ၿပီး Covid 19 ေရာဂါ စတင္ျဖစ္ပြားခ်ိန္မွာ ဂိတ္ေတြ ပိတ္ထားခဲ့ရပါတယ္။ ဒီရက္ပိုင္းေတြ အတြင္းမွာေတာ့ နယ္စပ္ဂိတ္ေတြျပန္ဖြင့္ႏိုင္ဖို႔ ႏွစ္ဘက္ အာဏာပိုင္ေတြ ေဆြးေႏြးခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ေပမဲ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနအရေတာ့ ျဖစ္ႏိုင္ေျခမရွိေၾကာင္း သုံးသပ္တာေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုကြောင့် နယ်စပ်အခြေအနေရှုပ်ထွေး

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရပြီးနောက် နယ်စပ်အခြေအနေတင်းမာနေပါတယ်။ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြသလို မြန်မာနိုင်ငံ နမ့်ဖာလုံဘက်က ရဲကင်းတခုကိုလည်း မီးရှို့ခဲ့ကြပါတယ်။ စစ်ကောင်စီကတော့ သတ်ဖြတ်သူတွေဟာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကဖြစ်တယ်လို့ စွပ်စွဲထားပြီး အလောင်းတွေကို မီးသဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် - မြန်မာနိုင်ငံ တမူးမြို့မှာ မိုးရေးမြို့က အိန္ဒိယနိုင်ငံသား တမီးလ်အမျိုးသား ၂ ဦး ဒီလ ၅ ရက်နေ့ နေ့လည်ပိုင်းက သတ်ဖြတ်ခံခဲ့ရတာပါ။ ၆ ရက်နေ့နေ့ခင်းအထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ပြန်လည် မလွှဲပြောင်းပေးတာကြောင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဆန္ဒပြတာတွေ ဖြစ်ခဲ့သလို မြန်မာနိုင်ငံဘက်အခြမ်းက ရဲကင်းတစ်ခုကို မီးရှို့ခဲ့ကြောင်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့က တနာရီပေါ့။ တနာရီလောက်ပဲ သူတို့က မြို့ထဲမှာ ဆန္ဒပြတယ်လေ။ အလောင်းပြန်ပေးဖို့ ဆန္ဒပြတယ်။ နောက် မိုးရေးရဲစခန်းမှာ သွားပြီးတော့ သူတို့က တောင်းဆိုတယ်ပေါ့။ တောင်းဆိုပြီးတော့ ကျနော်တို့ ဒီ အိန္ဒိယ မြန်မာနယ်စပ် ဘော်လုံးကွင်းပေါက်လို့ ခေါ်တာပေါ့ဗျာ ။ ဘော်လုံးကွင်းပေါက်မှာ ရဲကင်းလေးရှိတယ်။ အဲဒီ ရဲကင်းကို အိန္ဒိယ တမီးလ်လူငယ်တွေက လာပြီးတော့ မီးရှို့တာ ညနေပိုင်းလောက်။ အဲဒီမှာ သူတို့ Army တွေ ဘာတွေက ပြန်ထိန်းသိမ်းသွားတဲ့သဘောရှိတယ်။”

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ အိန္ဒိယနိုင်ငံဘက်က မိုးရေးမြို့နဲ့အနီးအနား ကျေးရွာတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သလို အိန္ဒိယနိုင်ငံသားတွေကိုလည်း ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံဘက်မသွားဖို့ တားမြစ်ခဲ့ပါတယ်။

“ စာထုတ်တယ်။ တင်နိုပဲလ်ခရိုင်မှုးက အိန္ဒိယနိုင်ငံသားများ တမူးမြို့သို့ မသွားရန် ပေါ့။ သွားစရာရှိလျှင် တာဝန်ခံဆီမှာ လက်မှတ် ထုတ်ယူပါဆိုပြီးမှ ထုတ်တယ်။ နောက် လူစုလူဝေးမလုပ်ရပေါ့။ နောက် ကျနော်တို့ မြန်မာနိုင်ငံသားများ အိန္ဒိယ မိုးရေးဘက် မလာရ။ ရက်အကန့်အသတ်မရှိ မလာရ ဆိုပြီးမှ စာထုတ် ထားတာရှိတယ်။”

မိုးရေးမြို့မှာ နေထိုင်နေတဲ့ ကူကီးအမျိုးသမီးတဦးကတော့ အိန္ဒိယဘက်က နယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ချထားပြီး တမူး- မိုးရေး နယ်စပ်ဖြတ်သန်း သွားလာတာကို လုံးဝပိတ်ပင်ထားကြောင်း အခုလို ပြောပါတယ်။

“ အခြေအနေကတော့လေ မြန်မာပြည်ကလူတွေ တယောက်မှ ဈေးရောင်း၊ ဈေးဝယ်လာတဲ့သူတွေ တယောက်မှ လာလို့ မရဘူးပေါ့။ အဲဒါ မနေ့ကတည်းက။ တယောက်မှ ဝင်ခွင့်မပေးဘူး။ နယ်စပ်ဘက်မှာလည်း ဒီ Army တွေပေါ့နော်။ Army တွေ ရှိတယ်။ ဘယ်သူမှတော့ သွားတာလာတာတော့ မရဘူးပေါ့။ ”

ဒီကနေ့ နေ့ခင်းပိုင်းမှာ မိုးရေးမြို့ခံတွေဟာ အလောင်းပြန်လည်ရရှိရေးအတွက် အိန္ဒိယအာဏာပိုင် တွေကို တောင်းဆိုဖို့ လက်မှတ်ကောက်ယူတာတွေ ဆောင်ရွက်တာတွေလည်း ရှိခဲ့ပါတယ်။

မဏိပူရပြည်နယ် ဝန်ကြီးချုပ် အဲန် ဘီရန်းဆင်း( N Biren Singh ) ကတော့ နှစ်နိုင်ငံအာဏာပိုင်တွေ အချင်းချင်း ချိတ်ဆက်တောင်းဆိုတာတွေ ရှိနေကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အိန္ဒိယနိုင်ငံသား ၂ ဦးကို သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးပြီး ဒါဟာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တခုက လုပ်တာလို့ အပြစ်တင်ပါတယ်။

“ မြို့နယ် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေက အနီးအနားပတ်ဝန်းကျင်ကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာတော့ ၁၂ နာရီခွဲလောက်မှာ အဲဒီနှစ်ယောက်က စော်ဘွားရပ်ကွက်အတွင်းကို ဆိုင်ကယ် တစီးနဲ့ ဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာပဲ အကြမ်းဖက်အဖွဲ့တဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတာသိရတယ်။ အဲဒါကြောင့် အလောင်းတွေ ကျနော်တို့ တမူးဆေးရုံကို ပို့တယ်။ ၁ နာရီခွဲလောက်မှာ ရောက်တယ်။ အဲဒီမှာလည်း တမူးရဲစခန်းမှာ သေမှုသေခင်းဖွင့်တယ်။ ဖွင့်ပြီး အဲဒီအလောင်းတွေ အကုန်လုံးကို မြို့မိမြို့ဖတွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းစုံစမ်းစစ်ဆေးခဲ့တယ်။ ဆောင်ရွက်တယ်ပေါ့။ အဲဒီမှာ လာရောက်ဆက်သွယ်တာတော့ မရှိခဲ့ဘူးဗျ။ မရှိတဲ့အတွက်ကြောင့် ၆ ရက်နေ့ မနက် ၇ နာရီမှာတော့ … သုဿန်မှာ မီးသဂြိုဟ်ခဲ့ကြောင်း သိရှိရတယ်။”

တရားခံဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအကျမပြောပါဘူး။ ဒါပေမယ့် အဲဒီဒေသမှာ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတယ်လို့တော့ ပြောပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနချင်းသာမက လုံခြုံရေးတပ်ဖွဲ့ အချင်းချင်းလည်း ဆက်သွယ် ဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

တမူးမြို့မှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးဟာ တမီလ်လူမျိုး P Mohan ၂၈ နှစ်နဲ့ M. Iyarnar ၃၅ နှစ်တို့ဖြစ်ပြီး သူတို့ကို ပျူစောထီးအဖွဲ့က သတ်ဖြတ် တာလို့ ဒေသတွင်း သတင်းမီဒီယာတွေက ရေးသား ဖော်ပြကြပါတယ်။

တမူး-မိုးရေး ဆက်သွယ်ရေးလမ်းဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်ပြီး Covid 19 ရောဂါ စတင်ဖြစ်ပွားချိန်မှာ ဂိတ်တွေ ပိတ်ထားခဲ့ရပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ နယ်စပ်ဂိတ်တွေပြန်ဖွင့်နိုင်ဖို့ နှစ်ဘက် အာဏာပိုင်တွေ ဆွေးနွေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ ဖြစ်နိုင်ခြေမရှိကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG