သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝမ္ေပါင္ကုမၸဏီလုပ္ငန္းခြင္ အေဝးပစ္လက္နက္ေတြနဲ႔ပစ္ခတ္ခံရ


ဝမ္ေပါင္ကုမၸဏီရွိရာ လက္ပံေတာင္းေၾကးနီစီမံကိန္းထုတ္လုပ္ရာေနရာ။ (ယခင္မွတ္တမ္းဓာတ္ပံု)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံအလယ္ပိုင္း၊ စစ္ကိုင္းတိုင္းမွာ ေၾကးနီတူးေဖာ္ေနတဲ့ တ႐ုတ္ဝမ္ေပါင္ ကုမၸဏီဟာ ဒီရက္ပိုင္းထဲ အေဝးပစ္လက္နက္ေတြနဲ႔ တိုက္ခိုက္တာခံခဲ့ရတယ္လို႔ ကုမၸဏီဘက္က ထုတ္ျပန္လိုက္ပါတယ္။ ဘယ္အဖြဲ႕အစည္းက လုပ္ေဆာင္တယ္ လို႔ တ႐ုတ္ကုမၸဏီဘက္က တိတိက်က် မစြပ္စြဲထားေပမယ့္ ဒီလုပ္ရပ္ေၾကာင့္ ေဒသတြင္း လူမႈစီးပြားအက်ပ္အတည္းႀကဳံလာႏိုင္တယ္လို႔ တ႐ုတ္ကုမၸဏီဘက္ က သတိေပးပါတယ္။ ေဒသကာကြယ္ေရး လက္နက္ကိုင္အဖြဲ႕ေတြကေတာ့ အခုလိုအေျခအေနျဖစ္ေအာင္ ကုမၸဏီဘက္က လုပ္ေဆာင္ခဲ့တာလို႔ တုံ႔ျပန္လိုက္ပါတယ္။ ရန္ကုန္ကေန ေပးပို႔ထားတဲ့ ဒီသတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ထဲမွာ ေၾကးနီစီမံကိန္း လုပ္ငန္းခြင္ထဲကို အေဝးပစ္လက္နက္ေတြနဲ႔ ဗုံးဆံအေျမာက္အမ်ား က်ေရာက္ခဲ့တယ္လို႔ တ႐ုတ္ဝမ္ေပါင္ကုမၸဏီက ဇြန္လ၂၇ ရက္ တနလၤာေန႔က ထုတ္ျပန္လိုက္ပါတယ္။ အခုလိုလုပ္ရပ္ေၾကာင့္ ကုမၸဏီကိုမွီခိုေနရတဲ့ ျမန္မာလုပ္သားေတြ နစ္နာႏိုင္ၿပီး ဒီေဒသထဲမွာလည္း လူမႈစီးပြားေရး အက်ပ္အတည္းေတြ ျဖစ္လာႏိုင္တယ္လို႔ ကုမၸဏီဘက္က သတိေပးလိုက္တာပါ။

ေဒသကာကြယ္ေရး လက္နက္ကိုင္ အဖြဲ႕ေတြကေတာ့ သူတို႔အေနနဲ႔ ကုမၸဏီကိုဦးတည္တိုက္ခိုက္ဖို႔ ရည္႐ြယ္ခ်က္မရွိေပမယ့္ စီမံကိန္းနားကေက်း႐ြာေတြကို မီးရႈိ႕ေနတဲ့စစ္တပ္ကို ကုမၸဏီဝင္းထဲမွာ ခိုလႈံခြင့္ေပးထားတာ၊ လက္နက္ခဲယမ္းသိုေလွာင္ခြင့္ ေပးထားတာေတြေၾကာင့္ တိုက္ခိုက္ရတာလို႔ ဗြီအိုေအကိုေျပာပါတယ္။ ကုမၸဏီရွိတဲ့ေနရာကို ဇြန္လ ၂၂ ရက္က အေဝးပစ္လက္နက္ေတြနဲ႔ ဆက္တိုက္ပစ္ခတ္ေနတဲ့ ဗြီဒီယိုဖိုင္ကိုလည္း လက္နက္ကိုင္ေတြက လူမႈကြန္ရက္ေပၚတင္ခဲ့ၾကပါတယ္။

အဲဒီေန႔က လက္နက္ကိုင္အဖြဲ႕ေပါင္းစုံက ဝမ္ေပါင္ကုမၸဏီဘက္ကို ဗုံးအလုံးေရ ၂၀၀ ေက်ာ္နဲ႔ ဝိုင္းၿပီး ပစ္ခတ္ခဲ့ၾကတယ္လို႔ ဆားလင္းႀကီး ျပည္သူ႔ကာကြယ္ေရးက ဗိုလ္စစ္ႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

"အဖြဲ႕ေပါင္းစုံကတိုက္ခိုက္တာ။ အနည္းဆုံး ၂၀၀၊ ၃၀၀ အထက္မွာရွိတယ္။ က်ေနာ္တို႔ဝိုင္းပစ္ၾကတာ။ က်ေနာ္တို႔က စစ္ေၾကာင္းကို ဦးတည္ၿပီးပစ္တာေပါ့၊ ဝမ္ေပါင္ထဲလည္း ေရာက္ခ်င္ေရာက္မယ္၊ မေရာက္ခ်င္မေရာက္ဘူး။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အ႐ိုးခံသက္သက္ပါဆိုရင္ ဘာမွစစ္တပ္နဲ႔ရဲကို လုံၿခဳံေရးယူခိုင္းစရာ အေၾကာင္းမရွိပါဘူး။ လုံၿခဳံေရးကုမၸဏီေတြရွိတယ္ ငွားပါ၊ က်ေနာ္တို႔က စစ္တပ္နဲ႔ရဲကလြဲၿပီးေတာ့ က်န္တဲ့ဟာေတြကို က်ေနာ္တို႔စိတ္မဝင္စားဘူး။ တိုက္ခိုက္ဖို႔လည္း စိတ္ကူးထဲမရွိပါဘူး။"

ကုမၸဏီကေတာ့ သူတို႔အေနနဲ႔ ေၾကးနီထုတ္လုပ္တာကို ရပ္နားထားတာ ၁၆ လေလာက္ရွိၿပီလို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ အနီးအနား ေက်း႐ြာေတြကေတာ့ ကုမၸဏီက ေၾကးနီကိုဆက္ၿပီး ထုတ္လုပ္ေနတယ္လို႔ အေထာက္အထားတခ်ိဳ႕နဲ႔ ျပန္ၿပီးတုံ႔ျပန္ပါတယ္။ ေၾကးနီသယ္တဲ့ကားေတြအတြက္ စစ္တပ္က လုံၿခဳံေရးယူေပးေနၿပီး အဲဒီစစ္တပ္က အနီးအနားေက်း႐ြာေတြမွာ နယ္ေျမရွင္းလင္းမႈစစ္ဆင္ေရးေတြလုပ္ေနတယ္လို႔ ဗိုလ္စစ္ႏိုင္က ေျပာပါတယ္။

" ၿပီးခဲ့တဲ့တေခါက္က ေၾကးနီထုတ္သြားတဲ့အခ်ိန္မွာ က်ေနာ္တို႔ ႐ြာသားႏွစ္ေယာက္ အသတ္ခံလိုက္ရတယ္။ လုံၿခဳံေရးလာယူတဲ့သူေတြက သတ္သြားတာ။ အဲဒီေၾကးနီကားလည္း ထြက္ၿပီးသြားေရာ ဝမ္ေပါင္အနီးနားက ပတ္ဝန္းက်င္ကို နယ္ေျမရွင္းလင္းေရး လုပ္ဖို႔ဆိုၿပီး သူတို႔ထပ္လာတယ္။ က်ေနာ္တို႔ဘက္က တုံ႔ျပန္မႈနဲ႔ တိုက္ ခိုက္မႈ လုံးဝမလုပ္ခဲ့ဘူး။ ဝမ္ေပါင္ထဲမွာ အဲဒီစစ္ေၾကာင္းက တညအိပ္တယ္။ မိုးႀကိဳးျပင္႐ြာကို မနက္မွာမီးတန္းရႈိ႕တယ္။ ၆၀ မမ လက္နက္ႀကီးသုံးလုံး အရင္ပစ္ၿပီးေတာ့မွ မိုးႀကိဳးျပင္႐ြာထဲကို ဝင္တာ။ မိုးႀကိဳးျပင္႐ြာသား ႏွစ္ေယာက္ကို လက္ေတြ၊ ေျခေထာက္ေတြ။ ေခါင္းေတြျဖတ္ၿပီး သတ္ျဖတ္ခဲ့တယ္။ ၿပီးေတာ့ ဆည္တည္း ႐ြာကို ထပ္ဝင္တယ္၊ လူေပါင္း ၁၀၀ ေက်ာ္ေလာက္ ဖမ္းတယ္၊ ရွိတဲ့ပစၥည္းေတြ အကုန္လုံးယူသြားတယ္။"

မေန႔က တနလၤာေန႔မွာလည္း လက္ပံေတာင္း ေၾကးနီစီမံကိန္းအနီးနားက ေက်း ႐ြာေတြကို စစ္တပ္ကမီးရႈိ႕ၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ပံေတာင္းေၾကးနီစီမံကိန္းကို ဆန႔္က်င္ေနတဲ့ ပတ္ဝန္းက်င္က ေက်း႐ြာေပါင္း ၃၀ နီးပါးကို ရွင္းလင္းဖို႔ လုပ္ေနတာလို႔ဆိုပါတယ္။ အာဏာသိမ္းၿပီးေနာက္ ဒီကုမၸဏီမွာ ျမန္မာဝန္ထမ္းေလ်ာ့သြားၿပီး တ႐ုတ္ႏိုင္ငံသားေတြနဲ႔ပဲ အဓိက ဆက္ၿပီးလည္ပတ္ေနတာပါ။

တ႐ုတ္အစိုးရပိုင္ Myanmar Wanbao Mining Copper ကုမၸဏီဟာ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳနယ္ထဲက လက္ပံေတာင္းေၾကးနီ စီမံကိန္းကို ျပန္စခ်င္တဲ့ အရိပ္အေယာင္ေတြ ရွိေနၿပီး ဒီစီမံကိန္းကေန စစ္ေကာင္စီကို ဝင္ေငြအေထာက္အပံ့ ျဖစ္ေစတာေၾကာင့္ဆိုၿပီး ဒါကို ဆက္ၿပီးရပ္ဆိုင္းထားဖို႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက ေမလအေစာပိုင္းမွာ တိုက္တြန္းခဲ့ပါတယ္။ သဘာဝပတ္ဝန္းက်င္ ထိခိုက္ႏိုင္တဲ့ သတၱဳထုတ္လုပ္ေရး နည္းစနစ္ေတြေၾကာင့္လည္း ေဒသခံေတြက ေတာက္ေလွ်ာက္ကန႔္ကြက္ေနတာပါ။ ကုမၸဏီက ေျမျပင္မွာ ေၾကးနီဆက္ၿပီးထုတ္လုပ္ေနတာကိုေတာ့ စိုးရိမ္တယ္လို႔ လက္ပံေတာင္း ေၾကးနီစီမံကိန္းေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က ဦးခိုင္ၾကည္က ဗြီအိုကို ေျပာပါတယ္။

"ႀကံ့ခိုင္ေရးအစိုးရ လက္ထက္ကတည္းက အျငင္းပြားမႈေတြက အမ်ားႀကီးရွိခဲ့တယ္ေလ။ ဝမ္ေပါင္လုပ္ေနတဲ့က႑၊ ထုတ္ယူေနတဲ့ပုံစံမ်ိဳးက ကမာၻမွာအေတာ္ႀကီးနည္းတဲ့ open-pit type ျဖစ္ေနတာဗ်ာ။ သဘာဝပတ္ဝန္းက်င္ ရႈေထာင့္တခုတည္းနဲ႔ အကဲျဖတ္ရင္ေတာ့ က်ေနာ္တို႔ႏိုင္ငံ နစ္နာေနတာ ၾကာၿပီေပါ့ဗ်ာ။"

ဇြန္လ ၂၄ ရက္မွာလည္း လက္ပံေတာင္းေၾကးနီစီမံကိန္းနားက ေညာင္ပင္ႀကီး ပင္မ ဓာတ္အားခြဲ႐ုံကို သြယ္တန္းထားတဲ့ လွ်ပ္စစ္ဓာတ္အားေပး တာဝါတာတခု ထပ္ၿပီး ေဖာက္ခြဲခံရပါတယ္။ ဒီကိစၥကိုရႈတ္ခ်တယ္လို႔ တ႐ုတ္ဝမ္ေပါင္ကုမၸဏီက သူ႔ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ေရးသားထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဝမ္ေပါင္ကုမၸဏီ တိုက္ခိုက္ခံရတဲ့ကိစၥနဲ႔ပတ္သက္လို႔ သီးသန႔္ထုတ္ျပန္တာ မရွိေသးပါဘူး။

စစ္တပ္က အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပမႈေတြ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့ၿပီးေနာက္ စစ္ေကာင္စီကို ေထာက္ပံ့ေနတယ္လို ယူဆရတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုလည္း ကန႔္ကြက္တာေတြ မ်ားလာပါတယ္။ စစ္ေကာင္စီ အာဏာသိမ္းၿပီးတဲ့ေနာက္ တ႐ုတ္လုပ္ငန္းရွင္ေတြပိုင္တဲ့ စက္႐ုံတခ်ိဳ႕ မီးရႈိ႕ခံရတာ၊ မႏၲေလးတိုင္းထဲက တ႐ုတ္ေရနံပိုက္လိုင္းနဲ႔ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကို သြားတဲ့ ေရပိုက္လိုင္း တိုက္ခိုက္ခံရတာ၊ တေကာင္းနီကယ္စက္႐ုံက လွ်ပ္စစ္တာဝါတိုင္ ေဖာက္ခြဲခံရတာေတြ ရွိခဲ့ပါတယ္။

ဝမ္ေပါင္ကုမၸဏီကေတာ့ သူတို႔အေနနဲ႔ လက္ရွိပဋိပကၡေတြမွာ ပါဝင္ပတ္သက္လို႔ျခင္း မရွိေပမယ့္ စီမံကိန္းဝန္ထမ္းေတြရဲ႕ အသက္အႏၲရာယ္ ကင္းရွင္းေရးကို လက္နက္ကိုင္အဖြဲ႕ေတြ၊ လက္နက္မဲ့အဖြဲ႕ေတြအားလုံးက ေလးစားေပးဖို႔ ဇြန္လ၂၇ ရက္ကထုတ္ျပန္တဲ့ သူတို႔ရဲ႕စာထဲမွာ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{Unicode}}

ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းခွင် အဝေးပစ်လက်နက်တွေနဲ့ပစ်ခတ်ခံရ

မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းမှာ ကြေးနီတူးဖော်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီဟာ ဒီရက်ပိုင်းထဲ အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်တာခံခဲ့ရတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်လိုက်ပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် လို့ တရုတ်ကုမ္ပဏီဘက်က တိတိကျကျ မစွပ်စွဲထားပေမယ့် ဒီလုပ်ရပ်ကြောင့် ဒေသတွင်း လူမှုစီးပွားအကျပ်အတည်းကြုံလာနိုင်တယ်လို့ တရုတ်ကုမ္ပဏီဘက် က သတိပေးပါတယ်။ ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေကတော့ အခုလိုအခြေအနေဖြစ်အောင် ကုမ္ပဏီဘက်က လုပ်ဆောင်ခဲ့တာလို့ တုံ့ပြန်လိုက်ပါတယ်။ ရန်ကုန်ကနေ ပေးပို့ထားတဲ့ ဒီသတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီစီမံကိန်း လုပ်ငန်းခွင်ထဲကို အဝေးပစ်လက်နက်တွေနဲ့ ဗုံးဆံအမြောက်အများ ကျရောက်ခဲ့တယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဇွန်လ၂၇ ရက် တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုလိုလုပ်ရပ်ကြောင့် ကုမ္ပဏီကိုမှီခိုနေရတဲ့ မြန်မာလုပ်သားတွေ နစ်နာနိုင်ပြီး ဒီဒေသထဲမှာလည်း လူမှုစီးပွားရေး အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်လို့ ကုမ္ပဏီဘက်က သတိပေးလိုက်တာပါ။

ဒေသကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေကတော့ သူတို့အနေနဲ့ ကုမ္ပဏီကိုဦးတည်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် စီမံကိန်းနားကကျေးရွာတွေကို မီးရှို့နေတဲ့စစ်တပ်ကို ကုမ္ပဏီဝင်းထဲမှာ ခိုလှုံခွင့်ပေးထားတာ၊ လက်နက်ခဲယမ်းသိုလှောင်ခွင့် ပေးထားတာတွေကြောင့် တိုက်ခိုက်ရတာလို့ ဗွီအိုအေကိုပြောပါတယ်။ ကုမ္ပဏီရှိတဲ့နေရာကို ဇွန်လ ၂၂ ရက်က အဝေးပစ်လက်နက်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်ကိုလည်း လက်နက်ကိုင်တွေက လူမှုကွန်ရက်ပေါ်တင်ခဲ့ကြပါတယ်။

အဲဒီနေ့က လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ဝမ်ပေါင်ကုမ္ပဏီဘက်ကို ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ ဝိုင်းပြီး ပစ်ခတ်ခဲ့ကြတယ်လို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးက ဗိုလ်စစ်နိုင်က ဗွီအိုအေကို ပြောပါတယ်။

"အဖွဲ့ပေါင်းစုံကတိုက်ခိုက်တာ။ အနည်းဆုံး ၂၀၀၊ ၃၀၀ အထက်မှာရှိတယ်။ ကျနော်တို့ဝိုင်းပစ်ကြတာ။ ကျနော်တို့က စစ်ကြောင်းကို ဦးတည်ပြီးပစ်တာပေါ့၊ ဝမ်ပေါင်ထဲလည်း ရောက်ချင်ရောက်မယ်၊ မရောက်ချင်မရောက်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရိုးခံသက်သက်ပါဆိုရင် ဘာမှစစ်တပ်နဲ့ရဲကို လုံခြုံရေးယူခိုင်းစရာ အကြောင်းမရှိပါဘူး။ လုံခြုံရေးကုမ္ပဏီတွေရှိတယ် ငှားပါ၊ ကျနော်တို့က စစ်တပ်နဲ့ရဲကလွဲပြီးတော့ ကျန်တဲ့ဟာတွေကို ကျနော်တို့စိတ်မဝင်စားဘူး။ တိုက်ခိုက်ဖို့လည်း စိတ်ကူးထဲမရှိပါဘူး။"

ကုမ္ပဏီကတော့ သူတို့အနေနဲ့ ကြေးနီထုတ်လုပ်တာကို ရပ်နားထားတာ ၁၆ လလောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အနီးအနား ကျေးရွာတွေကတော့ ကုမ္ပဏီက ကြေးနီကိုဆက်ပြီး ထုတ်လုပ်နေတယ်လို့ အထောက်အထားတချို့နဲ့ ပြန်ပြီးတုံ့ပြန်ပါတယ်။ ကြေးနီသယ်တဲ့ကားတွေအတွက် စစ်တပ်က လုံခြုံရေးယူပေးနေပြီး အဲဒီစစ်တပ်က အနီးအနားကျေးရွာတွေမှာ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေလုပ်နေတယ်လို့ ဗိုလ်စစ်နိုင်က ပြောပါတယ်။

" ပြီးခဲ့တဲ့တခေါက်က ကြေးနီထုတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရွာသားနှစ်ယောက် အသတ်ခံလိုက်ရတယ်။ လုံခြုံရေးလာယူတဲ့သူတွေက သတ်သွားတာ။ အဲဒီကြေးနီကားလည်း ထွက်ပြီးသွားရော ဝမ်ပေါင်အနီးနားက ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဖို့ဆိုပြီး သူတို့ထပ်လာတယ်။ ကျနော်တို့ဘက်က တုံ့ပြန်မှုနဲ့ တိုက် ခိုက်မှု လုံးဝမလုပ်ခဲ့ဘူး။ ဝမ်ပေါင်ထဲမှာ အဲဒီစစ်ကြောင်းက တညအိပ်တယ်။ မိုးကြိုးပြင်ရွာကို မနက်မှာမီးတန်းရှို့တယ်။ ၆၀ မမ လက်နက်ကြီးသုံးလုံး အရင်ပစ်ပြီးတော့မှ မိုးကြိုးပြင်ရွာထဲကို ဝင်တာ။ မိုးကြိုးပြင်ရွာသား နှစ်ယောက်ကို လက်တွေ၊ ခြေထောက်တွေ။ ခေါင်းတွေဖြတ်ပြီး သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ဆည်တည်း ရွာကို ထပ်ဝင်တယ်၊ လူပေါင်း ၁၀၀ ကျော်လောက် ဖမ်းတယ်၊ ရှိတဲ့ပစ္စည်းတွေ အကုန်လုံးယူသွားတယ်။"

မနေ့က တနင်္လာနေ့မှာလည်း လက်ပံတောင်း ကြေးနီစီမံကိန်းအနီးနားက ကျေး ရွာတွေကို စစ်တပ်ကမီးရှို့ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန့်ကျင်နေတဲ့ ပတ်ဝန်းကျင်က ကျေးရွာပေါင်း ၃၀ နီးပါးကို ရှင်းလင်းဖို့ လုပ်နေတာလို့ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ဒီကုမ္ပဏီမှာ မြန်မာဝန်ထမ်းလျော့သွားပြီး တရုတ်နိုင်ငံသားတွေနဲ့ပဲ အဓိက ဆက်ပြီးလည်ပတ်နေတာပါ။

တရုတ်အစိုးရပိုင် Myanmar Wanbao Mining Copper ကုမ္ပဏီဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ထဲက လက်ပံတောင်းကြေးနီ စီမံကိန်းကို ပြန်စချင်တဲ့ အရိပ်အယောင်တွေ ရှိနေပြီး ဒီစီမံကိန်းကနေ စစ်ကောင်စီကို ဝင်ငွေအထောက်အပံ့ ဖြစ်စေတာကြောင့်ဆိုပြီး ဒါကို ဆက်ပြီးရပ်ဆိုင်းထားဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မေလအစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ သတ္တုထုတ်လုပ်ရေး နည်းစနစ်တွေကြောင့်လည်း ဒေသခံတွေက တောက်လျှောက်ကန့်ကွက်နေတာပါ။ ကုမ္ပဏီက မြေပြင်မှာ ကြေးနီဆက်ပြီးထုတ်လုပ်နေတာကိုတော့ စိုးရိမ်တယ်လို့ လက်ပံတောင်း ကြေးနီစီမံကိန်းစောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးခိုင်ကြည်က ဗွီအိုကို ပြောပါတယ်။

"ကြံ့ခိုင်ရေးအစိုးရ လက်ထက်ကတည်းက အငြင်းပွားမှုတွေက အများကြီးရှိခဲ့တယ်လေ။ ဝမ်ပေါင်လုပ်နေတဲ့ကဏ္ဍ၊ ထုတ်ယူနေတဲ့ပုံစံမျိုးက ကမ္ဘာမှာအတော်ကြီးနည်းတဲ့ open-pit type ဖြစ်နေတာဗျာ။ သဘာဝပတ်ဝန်းကျင် ရှုထောင့်တခုတည်းနဲ့ အကဲဖြတ်ရင်တော့ ကျနော်တို့နိုင်ငံ နစ်နာနေတာ ကြာပြီပေါ့ဗျာ။"

ဇွန်လ ၂၄ ရက်မှာလည်း လက်ပံတောင်းကြေးနီစီမံကိန်းနားက ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေး တာဝါတာတခု ထပ်ပြီး ဖောက်ခွဲခံရပါတယ်။ ဒီကိစ္စကိုရှုတ်ချတယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဝမ်ပေါင်ကုမ္ပဏီ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ သီးသန့်ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီကို ထောက်ပံ့နေတယ်လို ယူဆရတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကန့်ကွက်တာတွေ များလာပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေပိုင်တဲ့ စက်ရုံတချို့ မီးရှို့ခံရတာ၊ မန္တလေးတိုင်းထဲက တရုတ်ရေနံပိုက်လိုင်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို သွားတဲ့ ရေပိုက်လိုင်း တိုက်ခိုက်ခံရတာ၊ တကောင်းနီကယ်စက်ရုံက လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရတာတွေ ရှိခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကတော့ သူတို့အနေနဲ့ လက်ရှိပဋိပက္ခတွေမှာ ပါဝင်ပတ်သက်လို့ခြင်း မရှိပေမယ့် စီမံကိန်းဝန်ထမ်းတွေရဲ့ အသက်အန္တရာယ် ကင်းရှင်းရေးကို လက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်မဲ့အဖွဲ့တွေအားလုံးက လေးစားပေးဖို့ ဇွန်လ၂၇ ရက်ကထုတ်ပြန်တဲ့ သူတို့ရဲ့စာထဲမှာ တိုက်တွန်းထားပါတယ်။
=================

XS
SM
MD
LG