သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ကမ္း႐ိုးတန္းဘက္ မတ္ ၂၁ ေနာက္ပိုင္း ဆိုင္ကလုန္းမုန္တိုင္း ဦးတည္ဖြယ္ရွိ 


ျမန္မာဆုိင္ကလုန္းသတိေပးခ်က္ (ယခင္ပံုေဟာင္း)


[[Zawgyi/Unicode]]


ဘဂၤလားပင္လယ္ေအာ္အတြင္းမွာ လက္ရိွျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းကေန ဆိုင္ ကလုန္းမုန္တိုင္းအျဖစ္ အသြင္ေျပာင္းၿပီး မတ္လ ၂၁ ရက္ေနာက္ပိုင္းမွာ ရခိုင္ကမ္း႐ိုးတန္းဘက္ကို ဦးတည္ႏိုင္တယ္လို႔ မုိးေလဝသနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန တာဝန္႐ွိသူက ဗီြအိုေအကို ေျပာပါတယ္။ ဒါေၾကာင့္ ေလျပင္းတိုက္တာ၊ မိုးသည္းထန္စြာ႐ြာတာေတြ ျဖစ္ႏုိင္တယ္လို႔ သတိေပးထားတ့ဲအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္ အေရွ႔ေတာင္ပိုင္းနဲ႔ အီေကြြတာအနီး အိႏိၵယသမုဒၵရာအေရွ႔ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္း ဟာ ပိုမိုအားေကာင္းလာၿပီး ဆုိင္ကလုန္းမုန္တိုင္းအထိ ျဖစ္ေပၚလာႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက အသိေပးခ်က္ထုတ္ျပန္ထားပါတယ္။ ဆိုင္ကလုန္းမုန္တုိင္းျဖစ္လာၿပီးရင္ ရခုိင္ကမ္း႐ိုးတန္းေျမာက္ပိုင္းကို မတ္လ ၂၁ ရက္ ေနာက္ပိုင္း ဦးတည္သြားႏုိင္တဲ့ အေျခအေနရွိတယ္လို႔ မိုးဇလညႊန္ၾကားေရးမႈး ဦးလွထြန္းက ဗီြအိုေအကိုေျပာပါတယ္။

“ေလဖိအားနည္းရပ္၀န္းက ၁၉-၂၀ ေလာက္မွာ မုန္တိုင္းငယ္ Depression ျဖစ္ႏိုင္တယ္။ ၿပီးရင္ ၂၁ ေလာက္မွာေတာ့ ဆုိင္ကလုန္းမုန္တိုင္းေပါ့ေနာ္ အဲလိုျဖစ္ႏိုင္တယ္။ ခန္႔မွန္းထားတာေပါ့ေနာ္။ ဦးတည္ရာက လက္ရိွကေတာ့ ဒီ ရခိုင္ကမ္းရိုးတန္း ေျမာက္ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ၾကားေပ့ါေနာ္ အဲလုိခန္႔မွန္းထားတယ္။ သုိ႔ေသာ္ ေလဖိအားနည္းရပ္၀န္း အေျခအေနမွာ ခန္႔မွန္းရတာ အတိအက်ေတာ့ ေျပာလုိ႔မရဘူးေပ့ါေလ။ အေျပာင္းအလဲေတာ့ အနည္းငယ္ရိွႏိုင္တယ္။”

ကပၸလီပင္လယ္ျပင္နဲ႔ နီကိုဘာကြ်န္းစုဘက္ကေန ေျမာက္ဘက္၊ အေနာက္ေျမာက္ဘက္ကို ဦးတည္ေ႐ႊ႕လ်ားလာမယ့္ မုန္တုိင္း ဟာ မတ္လ ၂၃ ရက္ေန႔ေလာက္မွာ ဘဂၤလားေဒ့ရွ္နဲ႔ ရခိုင္ကမ္းရိုးတန္း ေျမာက္ပိုင္းဘက္ကိုေရာက္ႏိုင္တယ္ဆိုတဲ့ မိုးဇလရဲ႕ ခန္႔မွန္းခ်က္ကို ဌာန အင္ တာနက္စာမ်က္ႏွာမွာလည္း ထုတ္ျပန္ထားပါတယ္။ ရခိုင္ကမ္း႐ိုးတမ္းေျမာက္ပိုင္းကို ဆို္င္ကလုန္း မုန္တိုင္း ဝင္ေရာက္ႏိုင္ေျခ႐ွိေနတာေၾကာင့္ မုန္တိုင္းမတိုင္ခင္ သတိထားသင့္တဲ့အခ်က္ေတြကိုလည္း ဦးလွထြန္းက အခုလို ဆက္ေျပာပါတယ္။

“အခုလက္ရိွက မုန္တိုင္းမေရာက္မီေပါ့ေလ။ ဘာသတိထားရမလဲဆုိေတာ့ ေရွ႕ေျပးတိမ္ေတြေပါ့ေလ။ ေနာက္ လက္ရိွကလည္း ေန႔အပူခ်ိန္ေတြ ျမင့္ေနတဲ့ကာလျဖစ္ေတာ့ ေန႔အပူခ်ိန္ျမင့္မားမႈေၾကာင့္ ဒီ မြန္းလဲြ ညေနပိုင္းေတြမွာ Converted တိမ္လို႔ ေခၚတာ ေပ့ါေနာ္။ အပူျပန္တက္တိမ္ အဲဒါေတြေၾကာင့္ ေလျပင္းတုိက္တာေတြ၊ မိုးထစ္ခ်ဳန္းတာေတြ၊ မိုးသည္းထန္စြာ ရြာတာေတြ သတိ ထားရမွာေပါ့ေလ။”

ဒါက ဆိုင္ကလုန္းမုန္တိုင္းမျဖစ္ေပၚခင္ ႏိုင္ငံတဝန္း သတိထားရမယ့္အခ်က္ျဖစ္ၿပီး မုန္တိုင္းျဖစ္ေပၚလာခ်ိန္မွာေတာ့ ျမစ္၀ကြ်န္း ေပၚ၊ ရခုိင္ကမ္းရိုးတန္း၊ ခ်င္းျပည္နယ္၊ ျမန္မာျပည္အလယ္ပိုင္းေဒသနဲ႔ ကမ္းနီး၊ ကမ္းေ၀း ပင္လယ္ျပင္မွာ မိုးသက္ေလျပင္း က်ႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပၚတဲ့ ဆုိင္ကလုန္းမုန္တိုင္းဟာ ပံုမွန္အားျဖင့္ မိုးဦးေလဦးကာလ ဧၿပီ၊ ေမနဲ႔ မိုးေႏွာင္းကာလ ေအာက္တုိဘာ၊ ႏိုဝင္ဘာလေတြမွာ အျဖစ္မ်ားတာပါ။

လက္ရိွ မုန္တိုင္းျဖစ္ေပၚမယ့္ အေျခအေနကေတာ့ ရာသီဥတုေျပာင္းလဲလာမႈနဲ႔ လာနီညာ သက္ေရာက္မႈတို႔ေၾကာင့္ ျဖစ္ႏိုင္ တယ္လို႔ ကၽြမ္းက်င္သူေတြက သံုးသပ္ၾကပါတယ္။ လာနီညာကို အာရွေဒသမွာ ေအးၿပီး စိုစြတ္တဲ့၊ ထူးကဲျပင္းထန္တဲ့ ရာသီဥတု အေျခအေနအျဖစ္ သတ္မွတ္ထားသလို ဒီျဖစ္စဥ္ဟာ ၂၀၂၁ခု ၾသဂုတ္လကေန ၂၀၂၂ ခုႏွစ္ မတ္လအထိ ၾကံဳေတြ႔ႏိုင္တယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

#MyanmarWeather #MyanmarCyclone #voaburmese #ဆိုင္ကလုန္းမုန္တိုင္း #ရခိုင္ကမ္း႐ိုးတန္း #ဗီြအိုေအျမန္မာပိုင္း

=================

[[Unicode]]


ရခိုင်ကမ်းရိုးတန်းဘက် မတ် ၂၁ နောက်ပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဖွယ်ရှိ


ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင် ကလုန်းမုန်တိုင်းအဖြစ် အသွင်ပြောင်းပြီး မတ်လ ၂၁ ရက်နောက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် လေပြင်းတိုက်တာ၊ မိုးသည်းထန်စွာရွာတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဟာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီးရင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို မတ်လ ၂၁ ရက် နောက်ပိုင်း ဦးတည်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ မိုးဇလညွှန်ကြားရေးမှုး ဦးလှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“လေဖိအားနည်းရပ်ဝန်းက ၁၉-၂၀ လောက်မှာ မုန်တိုင်းငယ် Depression ဖြစ်နိုင်တယ်။ ပြီးရင် ၂၁ လောက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းပေါ့နော် အဲလိုဖြစ်နိုင်တယ်။ ခန့်မှန်းထားတာပေါ့နော်။ ဦးတည်ရာက လက်ရှိကတော့ ဒီ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကြားပေ့ါနော် အဲလိုခန့်မှန်းထားတယ်။ သို့သော် လေဖိအားနည်းရပ်ဝန်း အခြေအနေမှာ ခန့်မှန်းရတာ အတိအကျတော့ ပြောလို့မရဘူးပေ့ါလေ။ အပြောင်းအလဲတော့ အနည်းငယ်ရှိနိုင်တယ်။”

ကပ္ပလီပင်လယ်ပြင်နဲ့ နီကိုဘာကျွန်းစုဘက်ကနေ မြောက်ဘက်၊ အနောက်မြောက်ဘက်ကို ဦးတည်ရွှေ့လျားလာမယ့် မုန်တိုင်း ဟာ မတ်လ ၂၃ ရက်နေ့လောက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဘက်ကိုရောက်နိုင်တယ်ဆိုတဲ့ မိုးဇလရဲ့ ခန့်မှန်းချက်ကို ဌာန အင် တာနက်စာမျက်နှာမှာလည်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်းကို ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်နိုင်ခြေရှိနေတာကြောင့် မုန်တိုင်းမတိုင်ခင် သတိထားသင့်တဲ့အချက်တွေကိုလည်း ဦးလှထွန်းက အခုလို ဆက်ပြောပါတယ်။

“အခုလက်ရှိက မုန်တိုင်းမရောက်မီပေါ့လေ။ ဘာသတိထားရမလဲဆိုတော့ ရှေ့ပြေးတိမ်တွေပေါ့လေ။ နောက် လက်ရှိကလည်း နေ့အပူချိန်တွေ မြင့်နေတဲ့ကာလဖြစ်တော့ နေ့အပူချိန်မြင့်မားမှုကြောင့် ဒီ မွန်းလွဲ ညနေပိုင်းတွေမှာ Converted တိမ်လို့ ခေါ်တာ ပေ့ါနော်။ အပူပြန်တက်တိမ် အဲဒါတွေကြောင့် လေပြင်းတိုက်တာတွေ၊ မိုးထစ်ချုန်းတာတွေ၊ မိုးသည်းထန်စွာ ရွာတာတွေ သတိ ထားရမှာပေါ့လေ။”

ဒါက ဆိုင်ကလုန်းမုန်တိုင်းမဖြစ်ပေါ်ခင် နိုင်ငံတဝန်း သတိထားရမယ့်အချက်ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်လာချိန်မှာတော့ မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်း၊ ချင်းပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ ကမ်းနီး၊ ကမ်းဝေး ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ပုံမှန်အားဖြင့် မိုးဦးလေဦးကာလ ဧပြီ၊ မေနဲ့ မိုးနှောင်းကာလ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ အဖြစ်များတာပါ။

လက်ရှိ မုန်တိုင်းဖြစ်ပေါ်မယ့် အခြေအနေကတော့ ရာသီဥတုပြောင်းလဲလာမှုနဲ့ လာနီညာ သက်ရောက်မှုတို့ကြောင့် ဖြစ်နိုင် တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ လာနီညာကို အာရှဒေသမှာ အေးပြီး စိုစွတ်တဲ့၊ ထူးကဲပြင်းထန်တဲ့ ရာသီဥတု အခြေအနေအဖြစ် သတ်မှတ်ထားသလို ဒီဖြစ်စဉ်ဟာ ၂၀၂၁ခု သြဂုတ်လကနေ ၂၀၂၂ ခုနှစ် မတ်လအထိ ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

#MyanmarWeather #MyanmarCyclone #voaburmese #ဆိုင်ကလုန်းမုန်တိုင်း #ရခိုင်ကမ်းရိုးတန်း #ဗွီအိုအေမြန်မာပိုင်း

=================

XS
SM
MD
LG