သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ ေပါင္မွာ ေလဆင္ႏွာေမာင္းတိုက္၊ အိမ္ေျခတရာနီးပါးပ်က္စီး


မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္အတြင္း ေလဆင္ႏွာေမာင္းဒဏ္ခံရတဲ့ အလွပ္ေက်းရြာ (ဓာတ္ပံု-ဘိုဘိုဝင္း Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႔/ေမ ၂၄၊ ၂၀၂၂)

[[Zawgyi/Unicode]]
မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ အလွပ္ေက်း႐ြာမွာ ေလဆင္ႏွာေမာင္းတိုက္ခတ္လို႔ လူထိခိုက္မႈရွိၿပီး ေနအိမ္ ၁၀၀ ေလာက္ပ်က္စီးထိခိုက္သြားတယ္လို႔ ပရဟိတကူညီေနသူက ေျပာပါတယ္။ မုတ္သုံေလ အားအလြန္ေကာင္းေနတာေၾကာင့္ မြန္အပါအဝင္ တိုင္းနဲ႔ ျပည္နယ္တခ်ိဳ႕ အခုရက္ပိုင္း မိုးမ်ားမိုးႀကီးမယ္ လို႔ မိုးဇလက သတိေပးထားေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ေမလ ၂၄ ရက္ ဒီေန႔ ေန႔ခင္းေလာက္မွာ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ အလွပ္ေက်း႐ြာမွာ ေလဆင္ႏွာေမာင္းတိုက္ခတ္လို႔ လူထိခိုက္ၿပီး ေနအိမ္ ၁၀၀ ေလာက္ပ်က္စီးထိခိုက္သြားတယ္လို႔ ေလေဘးသင့္ျပည္သူေတြကို သြားေရာက္ကူညီေနတဲ့ ဘိုဘိုဝင္း Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ ဥကၠ႒ ကိုဘိုဘိုက ေျပာပါတယ္။

“ ၁၂ နာရီေက်ာ္ေက်ာ္ေလာက္က ျဖစ္တာဗ်၊ ႏွစ္မိနစ္ေလာက္ပဲၾကာတယ္ေျပာတယ္။ ေမႊၿပီး တိုက္ၿပီးေတာ့ အိမ္ေျခ ဒီမွာ ၁၀၀ ပတ္ခ်ာလည္ေလာက္ေတာ့ ပ်က္စီး လုံးလုံးၿပိဳသြားတာ။ လက္ရွိ က်ေနာ္ျမင္တာေတာ့ သုံးအိမ္ဗ်။ ေခါင္ေတြလန္တယ္၊ ေနာက္အဖီေတြယိုင္သြားတယ္ေပါ့ေနာ္၊ အဲ့လိုအေနအထားေလးေတြဗ်။ အဓိကေတာ့ ေခါင္မိုးလန္တာမ်ားတယ္ဗ်။ မိုးမ႐ြာဘူးဗ်၊ မိုးမ႐ြာဘူး။ ေလဆင္ႏွာေမာင္းတိုက္ေနတာေပါ့၊ ေလတိုက္ေနတဲ့အခ်ိန္ျဖစ္သြားတယ္လို႔ ေျပာတယ္ဗ်။ ၿပီးေတာ့ ဟိုနားကပဲ အဲ့ကန္သာယာအနားက အိမ္တအိမ္ကပဲ တေယာက္ထိခိုက္သြားတယ္။ ေခါင္း ၈ ခ်က္ ခ်ဳပ္လိုက္ရတယ္ဗ်။ က်န္တာေတာ့ နည္းနည္းပါးပါးထိခိုက္တာေတြ ရွိတယ္ဗ်။”

မုတ္သုံေလအားေကာင္းတဲ့အခ်ိန္ တိမ္ေတြ စုစည္းသြားၿပီး မိုးတိမ္ေတာင္ေတြ ျဖစ္လာရင္ ေလျပင္းတိုက္ခတ္တာ၊ ေလဆင္ႏွာေမာင္းတိုက္ခတ္တာေတြ ျဖစ္တတ္တယ္လို႔ မိုးေလဝတနဲ႔ ဇလေဗဌာန ၫႊန္ၾကားေရးမႉး ဦးလွထြန္းကေျပာပါတယ္။

“မုတ္သုံအားေကာင္းတဲ့အခါက်ရင္ေတာ့ ေလျပင္းတိုက္တာေတြရွိမယ္။ ေနာက္ေစာနေျပာတဲ့ ေလဆင္ႏွာေမာင္းလိုဟာမ်ိဳးက်ေတာ့ အဲ့ဘက္မွာ တိမ္ေပါ့ေလ၊ မိုးတိမ္ေတာင္ေတြေပါ့ေနာ္။ အဲ့ဒါေတြ ျဖစ္ထြန္းတာေတြမ်ားတဲ့အခါက်ေတာ့ ျဖစ္တာေပါ့ေနာ္။ ဒီတိမ္ေတြကေန ေလျပင္းတိုက္တာ ေလဆင္ႏွာေမာင္းလိုဟာမ်ိဳးျဖစ္တာေတြရွိတာေပါ့ေနာ္။”

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္အတြင္း ေလဆင္ႏွာေမာင္းဒဏ္ခံရတဲ့ အလွပ္ေက်းရြာ (ဓာတ္ပံု-ဘိုဘိုဝင္း Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႔/ေမ ၂၄၊ ၂၀၂၂)
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္အတြင္း ေလဆင္ႏွာေမာင္းဒဏ္ခံရတဲ့ အလွပ္ေက်းရြာ (ဓာတ္ပံု-ဘိုဘိုဝင္း Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႔/ေမ ၂၄၊ ၂၀၂၂)

ကပၸလီပင္လယ္ျပင္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းနဲ႔ အေရွ႕အလယ္ပိုင္းေတြမွာ မုတ္သုံေလ အားအလြန္ေကာင္းေနၿပီး က်န္ဘဂၤလားပင္လယ္ေအာ္မွာ တိမ္အသင့္အတင့္ကေန တိမ္ထူထပ္ေနတယ္လို႔ မိုးဇလက သတိေပးထားပါတယ္။

မုတ္သုံေလ အားအလြန္ေကာင္းေနတာေၾကာင့္ အခုရက္ပိုင္းေတြမွာ ကမ္း႐ိုးတန္းေဒသေတြမွာ မိုးမ်ားႏိုင္တယ္လို႔ မိုးေလဝတနဲ႔ ဇလေဗဌာန ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာပါတယ္။ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္း၊ မြန္ျပည္နယ္ ကရင္ျပည္နယ္ ရခိုင္ျပည္နယ္ စတဲ့ ေဒသေတြမွာ မိုးမ်ားႏိုင္ၿပီး မိုးမ်ားရင္ ေရႀကီးေရလွ်ံမႈေတြ ေျမၿပိဳမႈဒဏ္ေတြ သတိျပဳရမယ္လို႔ ေျပာပါတယ္။

“မုတ္သုံေလအားေကာင္းရင္ေတာ့ ကမ္း႐ိုးတန္းေတြကေတာ့ မိုးမ်ားတတ္တာေပ့ါေနာ္။ မြန္တို႔၊ ကရင္တို႔ တနသၤာရီတိုင္းေဒသႀကီးတို႔ ေနာက္ ျမစ္ဝကြၽန္းေပၚဘက္က ပဲခူး၊ ရန္ကုန္ဧရိယာေပါ့ေနာ္။ ေနာက္ဒီဘက္က ရခိုင္တို႔ ဒါက်ေတာ့ မုတ္သုံအားေကာင္းရင္ မိုးမ်ားတဲ့ေနရာေတြေပါ့ေနာ္။ မိုးမ်ားရင္ေတာ့ ဒီလွ်ပ္တျပက္ေရႀကီးတာေတြ မ်ားတယ္။ ၿပီးရင္ ေျမၿပိဳတာေတြေပါ့ေလ။ လွ်ပ္တျပက္ ေရႀကီးတာေတာ့ လမ္းေတြ ေရလွ်ံတာတို႔ဘာတို႔ေပါ့ေနာ္။ အဓိကေတာ့ ေတာင္က်ေရမ်ားၿပီးေတာ့ မြန္ဘက္၊ ကရင္၊ တနသၤာရီဘက္တို႔ ဒါေတြ မိုးမ်ားလို႔ရွိရင္ ႏွစ္တိုင္းလိုလိုပဲ လမ္းေတြ ေရေက်ာ္တာေတြ ဒါေတြေတာ့ ျဖစ္တတ္တဲ့ ေနရာေတြေပါ့ေလ။”

ၿပီးခဲ့တဲ့ ေမလ ၂၀ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕အနီးမွာ ကုန္းတြင္းမုန္တိုင္းငယ္ ျဖတ္ေက်ာ္ဝင္ေရာက္ လို႔ ေမာ္လၿမိဳင္ၿမိဳ႕မွာ မိုးႀကီးေလျပင္းတိုက္ခတ္ၿပီး သစ္ပင္ေတြ ဓာတ္တိုင္ေတြ ၿပိဳလဲသလို အတၱရံျမစ္ကမ္းေဘးက ေနအိမ္ေတြလည္း ၿပိဳလဲခဲ့ပါတယ္။ ဒါေၾကာင့္ ေလေဘးသင့္ ျပည္သူ ၆၀ ေလာက္ ကို ပရဟိတအဖြဲ႕ေတြက အေရေပၚေနရာေျပာင္းေ႐ႊ႕ထားရပါတယ္။

အဲ့ဒီေနာက္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသ ေတြမွာ မိုးဆက္တိုက္႐ြာသြန္းၿပီး ေျမနိမ့္ပိုင္းေဒသေတြမွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့ပါတာပါ။

#MyanmarWeather #MyanmarTonado #VOABurmese #ေလဆင္ႏွာေမာင္း #မုတ္သုံေလ #မြန္ျပည္နယ္၊ေပါင္ၿမိဳ႕ #တနသၤာရီ #ကရင္ #ဗြီအိုေအ

============

[[Zawgyi/Unicode]]

မွန်ပြည်နယ် ပေါင်မှာ လေဆင်နှာမောင်းတိုက်၊ အိမ်ခြေတရာနီးပါးပျက်စီး


မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူထိခိုက်မှုရှိပြီး နေအိမ် ၁၀၀ လောက်ပျက်စီးထိခိုက်သွားတယ်လို့ ပရဟိတကူညီနေသူက ပြောပါတယ်။ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မွန်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့ အခုရက်ပိုင်း မိုးများမိုးကြီးမယ် လို့ မိုးဇလက သတိပေးထားကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မေလ ၂၄ ရက် ဒီနေ့ နေ့ခင်းလောက်မှာ မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူထိခိုက်ပြီး နေအိမ် ၁၀၀ လောက်ပျက်စီးထိခိုက်သွားတယ်လို့ လေဘေးသင့်ပြည်သူတွေကို သွားရောက်ကူညီနေတဲ့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဘိုဘိုက ပြောပါတယ်။

“ ၁၂ နာရီကျော်ကျော်လောက်က ဖြစ်တာဗျ၊ နှစ်မိနစ်လောက်ပဲကြာတယ်ပြောတယ်။ မွှေပြီး တိုက်ပြီးတော့ အိမ်ခြေ ဒီမှာ ၁၀၀ ပတ်ချာလည်လောက်တော့ ပျက်စီး လုံးလုံးပြိုသွားတာ။ လက်ရှိ ကျနော်မြင်တာတော့ သုံးအိမ်ဗျ။ ခေါင်တွေလန်တယ်၊ နောက်အဖီတွေယိုင်သွားတယ်ပေါ့နော်၊ အဲ့လိုအနေအထားလေးတွေဗျ။ အဓိကတော့ ခေါင်မိုးလန်တာများတယ်ဗျ။ မိုးမရွာဘူးဗျ၊ မိုးမရွာဘူး။ လေဆင်နှာမောင်းတိုက်နေတာပေါ့၊ လေတိုက်နေတဲ့အချိန်ဖြစ်သွားတယ်လို့ ပြောတယ်ဗျ။ ပြီးတော့ ဟိုနားကပဲ အဲ့ကန်သာယာအနားက အိမ်တအိမ်ကပဲ တယောက်ထိခိုက်သွားတယ်။ ခေါင်း ၈ ချက် ချုပ်လိုက်ရတယ်ဗျ။ ကျန်တာတော့ နည်းနည်းပါးပါးထိခိုက်တာတွေ ရှိတယ်ဗျ။”

မုတ်သုံလေအားကောင်းတဲ့အချိန် တိမ်တွေ စုစည်းသွားပြီး မိုးတိမ်တောင်တွေ ဖြစ်လာရင် လေပြင်းတိုက်ခတ်တာ၊ လေဆင်နှာမောင်းတိုက်ခတ်တာတွေ ဖြစ်တတ်တယ်လို့ မိုးလေဝတနဲ့ ဇလဗေဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။

“မုတ်သုံအားကောင်းတဲ့အခါကျရင်တော့ လေပြင်းတိုက်တာတွေရှိမယ်။ နောက်စောနပြောတဲ့ လေဆင်နှာမောင်းလိုဟာမျိုးကျတော့ အဲ့ဘက်မှာ တိမ်ပေါ့လေ၊ မိုးတိမ်တောင်တွေပေါ့နော်။ အဲ့ဒါတွေ ဖြစ်ထွန်းတာတွေများတဲ့အခါကျတော့ ဖြစ်တာပေါ့နော်။ ဒီတိမ်တွေကနေ လေပြင်းတိုက်တာ လေဆင်နှာမောင်းလိုဟာမျိုးဖြစ်တာတွေရှိတာပေါ့နော်။”

ကပ္ပလီပင်လယ်ပြင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတွေမှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ မိုးဇလက သတိပေးထားပါတယ်။

မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် အခုရက်ပိုင်းတွေမှာ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝတနဲ့ ဇလဗေဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် ကရင်ပြည်နယ် ရခိုင်ပြည်နယ် စတဲ့ ဒေသတွေမှာ မိုးများနိုင်ပြီး မိုးများရင် ရေကြီးရေလျှံမှုတွေ မြေပြိုမှုဒဏ်တွေ သတိပြုရမယ်လို့ ပြောပါတယ်။

“မုတ်သုံလေအားကောင်းရင်တော့ ကမ်းရိုးတန်းတွေကတော့ မိုးများတတ်တာပေ့ါနော်။ မွန်တို့၊ ကရင်တို့ တနင်္သာရီတိုင်းဒေသကြီးတို့ နောက် မြစ်ဝကျွန်းပေါ်ဘက်က ပဲခူး၊ ရန်ကုန်ဧရိယာပေါ့နော်။ နောက်ဒီဘက်က ရခိုင်တို့ ဒါကျတော့ မုတ်သုံအားကောင်းရင် မိုးများတဲ့နေရာတွေပေါ့နော်။ မိုးများရင်တော့ ဒီလျှပ်တပြက်ရေကြီးတာတွေ များတယ်။ ပြီးရင် မြေပြိုတာတွေပေါ့လေ။ လျှပ်တပြက် ရေကြီးတာတော့ လမ်းတွေ ရေလျှံတာတို့ဘာတို့ပေါ့နော်။ အဓိကတော့ တောင်ကျရေများပြီးတော့ မွန်ဘက်၊ ကရင်၊ တနင်္သာရီဘက်တို့ ဒါတွေ မိုးများလို့ရှိရင် နှစ်တိုင်းလိုလိုပဲ လမ်းတွေ ရေကျော်တာတွေ ဒါတွေတော့ ဖြစ်တတ်တဲ့ နေရာတွေပေါ့လေ။”

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့အနီးမှာ ကုန်းတွင်းမုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက် လို့ မော်လမြိုင်မြို့မှာ မိုးကြီးလေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေ ဓာတ်တိုင်တွေ ပြိုလဲသလို အတ္တရံမြစ်ကမ်းဘေးက နေအိမ်တွေလည်း ပြိုလဲခဲ့ပါတယ်။ ဒါကြောင့် လေဘေးသင့် ပြည်သူ ၆၀ လောက် ကို ပရဟိတအဖွဲ့တွေက အရေပေါ်နေရာပြောင်းရွှေ့ထားရပါတယ်။

အဲ့ဒီနောက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ တွေမှာ မိုးဆက်တိုက်ရွာသွန်းပြီး မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတာပါ။

#MyanmarWeather #MyanmarTonado #VOABurmese #လေဆင်နှာမောင်း #မုတ်သုံလေ #မွန်ပြည်နယ်၊ပေါင်မြို့ #တနင်္သာရီ #ကရင် #ဗွီအိုအေ

============

XS
SM
MD
LG