သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္ယက္ကုန္း အစီရင္ခံစာ Myanmar Witness ထုတ္ျပန္


ေလေၾကာင္း တိုက္ခိုက္မႈအၿပီး ျမင္ရသည့္ လက္ယက္ကုန္းရြာ စာသင္ေက်ာင္းတခု။ (Photo: Citizen Journalist)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့လက စစ္ကိုင္းတိုင္း လက္ယက္ကုန္းေက်း႐ြာကို စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္တာေၾကာင့္ ေသဆုံးသူ ၁၁ ဦးထဲမွာ ကေလးငယ္ ၆ ဦး ပါဝင္တယ္လို႔ ျမန္မာလူ႔အခြင့္အေရးအဖြဲ႕တခုက အစီရင္ခံစာသစ္က ေဖာ္ျပပါတယ္။

စက္တင္ဘာလ ၁၆ ရက္ေန႔က စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာက ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ စာသင္ေက်ာင္းတခုကို စစ္တပ္က ရဟတ္ယာဥ္ႏွစ္စင္းနဲ႔ တနာရီတိုက္ခိုက္မႈအတြင္း ၁၁ ဦးနဲ႔ ၁၄ အၾကားေသဆုံးခဲ့ၿပီး အဲဒီအထဲမွာ ကေလးငယ္ ၆ ဦးပါဝင္တယ္လို႔ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ အေသးစိတ္ကို Myanmar Witness လူ႔အခြင့္အေရးအဖြဲ႕က ထုတ္ျပန္တာပါ။

ျမန္မာစစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ေတြမွာေတာ့ ေဒသတြင္း PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ႏွိမ္နင္းတဲ့စစ္ျဖစ္ၿပီး ကေလးငယ္ေတြအပါအဝင္ ဒဏ္ရာရသူတခ်ိဳ႕ကို ေဆးဝါးကုသေပးခဲ့တယ္လို႔ ေဖာ္ျပပါတယ္။ PDF ေတြဟာ လူေနအိမ္ေတြနဲ႔ ရပ္႐ြာကို အေျချပဳၿပီး လႈပ္ရွားေနၾကတာလို႔လည္း စစ္ေကာင္စီက ေျပာပါတယ္။

ေဒသခံေတြကေတာ့ ပစ္ခတ္ခံရတဲ့ လက္ယက္ကုန္းဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္း စာသင္ၾကားေနၾကတဲ့ ဆရာ ဆရာမေတြနဲ႔ စာသင္ေက်ာင္းသားေတြပဲ ရွိတယ္လို႔ ေျပာၾကပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အပါအဝင္ ႏိုင္ငံတကာအစိုးရေတြ၊ ႏိုင္ငံတကာေခါင္းေဆာင္ေတြက ျမန္မာစစ္ေကာင္စီကို ျပစ္တင္ေဝဖန္ထားပါတယ္။

လက္ယက္ကုန္း အစီရင္ခံစာ Myanmar Witness ထုတ္ျပန္.mp3
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

လက်ယက်ကုန်း အစီရင်ခံစာ Myanmar Witness ထုတ်ပြန်

ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သေဆုံးသူ ၁၁ ဦးထဲမှာ ကလေးငယ် ၆ ဦး ပါဝင်တယ်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့တခုက အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတခုကို စစ်တပ်က ရဟတ်ယာဉ်နှစ်စင်းနဲ့ တနာရီတိုက်ခိုက်မှုအတွင်း ၁၁ ဦးနဲ့ ၁၄ အကြားသေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၆ ဦးပါဝင်တယ်လို့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်ကို Myanmar Witness လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တာပါ။

မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ဒေသတွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့စစ်ဖြစ်ပြီး ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတချို့ကို ဆေးဝါးကုသပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ PDF တွေဟာ လူနေအိမ်တွေနဲ့ ရပ်ရွာကို အခြေပြုပြီး လှုပ်ရှားနေကြတာလို့လည်း စစ်ကောင်စီက ပြောပါတယ်။

ဒေသခံတွေကတော့ ပစ်ခတ်ခံရတဲ့ လက်ယက်ကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စာသင်ကြားနေကြတဲ့ ဆရာ ဆရာမတွေနဲ့ စာသင်ကျောင်းသားတွေပဲ ရှိတယ်လို့ ပြောကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာခေါင်းဆောင်တွေက မြန်မာစစ်ကောင်စီကို ပြစ်တင်ဝေဖန်ထားပါတယ်။

XS
SM
MD
LG