သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ယက်ကုန်း အစီရင်ခံစာ Myanmar Witness ထုတ်ပြန်


 လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)
လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သေဆုံးသူ ၁၁ ဦးထဲမှာ ကလေးငယ် ၆ ဦး ပါဝင်တယ်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့တခုက အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတခုကို စစ်တပ်က ရဟတ်ယာဉ်နှစ်စင်းနဲ့ တနာရီတိုက်ခိုက်မှုအတွင်း ၁၁ ဦးနဲ့ ၁၄ အကြားသေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၆ ဦးပါဝင်တယ်လို့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်ကို Myanmar Witness လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တာပါ။

မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ဒေသတွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့စစ်ဖြစ်ပြီး ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတချို့ကို ဆေးဝါးကုသပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ PDF တွေဟာ လူနေအိမ်တွေနဲ့ ရပ်ရွာကို အခြေပြုပြီး လှုပ်ရှားနေကြတာလို့လည်း စစ်ကောင်စီက ပြောပါတယ်။

ဒေသခံတွေကတော့ ပစ်ခတ်ခံရတဲ့ လက်ယက်ကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စာသင်ကြားနေကြတဲ့ ဆရာ ဆရာမတွေနဲ့ စာသင်ကျောင်းသားတွေပဲ ရှိတယ်လို့ ပြောကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာခေါင်းဆောင်တွေက မြန်မာစစ်ကောင်စီကို ပြစ်တင်ဝေဖန်ထားပါတယ်။

လက်ယက်ကုန်း အစီရင်ခံစာ Myanmar Witness ထုတ်ပြန်.mp3
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]






XS
SM
MD
LG