သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့က ဆန္ဒပြသံဃာတွေဖမ်းဆီးခံရ


Mya taung မြတောင်သပိတ်
Mya taung မြတောင်သပိတ်

Zawgyi/Unicode

စစ်ကောင်စီဆန့်ကျင်ရေး နေ့သပိတ် ညသပိတ်တွေပြုလုပ်နေတဲ့ မန္တလေး သံင်္ဃာ့သမဂ္ဂနဲ့ ဆက်စပ်တယ်လို့ မသင်္ကာတဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးတာတွေလုပ်နေပါတယ်။ စက်တင်ဘာ ၂၈ ရက် နေ့ကစလို့ ဖမ်းဆီးခံရတဲ့ သင်္ဃာတော် စုစုပေါင်း ၆ ပါးရှိသွားပါပြီ။ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလထဲက နေ့စဉ် မပြတ်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ သင်္ဃာ့သမဂ္ဂစစ်ကြောင်းကို နှိမ်နှင်းနိုင်ဖို့လုပ်နေတာလို့ သမဂ္ဂဆရာတော်တွေက မိန့်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

မန္တလေး သံင်္ဃာသမဂ္ဂသပိတ်စစ်ကြောင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစလို့ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လမ်းပေါ်ထွက် ချီတက်ဆန္ဒပြတာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၂၃၈ ရက်သွားပါပြီ။ အဲဒီလို နေ့စဉ်မပြတ် ဆန္ဒပြနေတဲ့ သင်္ဃာ့သမဂ္ဂစစ်ကြောင်းနဲ့ ဆက်နွယ်တယ်လို့ သံသယရှိတဲ့ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က အခုရက်ပိုင်း ဝင်ရောက်ရှာဖွေနေပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းကစလို့ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဝိစိတ္တာရာမကျောင်းတိုက်၊ စိတ္တသုခပတ္တမြားကျောင်းတိုက်၊ တေဇာလင်္ကာရကျောင်းတိုက်တို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အဲဒီလို ရှာဖွေစဉ်အတွင်း ကင်းဝန်မင်းကြီးကျောင်းတိုက်က သံင်္ဃာတပါးနဲ့ ကျောင်းတိုက်မှာရှိတဲ့ လူ ၂ ယောက် အဖမ်းခံခဲ့ရပါတယ်။ အောက်တိုဘာ ၂ ရက်ကတော့ သံင်္ဃာ့သပိတ်စစ်ကြောင်း ထွက်နေစဉ် စစ်ကောင်စီတပ်တွေက ကားနဲ့ တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့လို့ သံဃာတော် ၅ ပါးအပါအဝင် လူပုဂ္ဂိုလ် ၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးချိန်မှာ လမ်းမှာတင် အတင်းအဓမ္မသင်္ကန်းချွတ် လူဝတ်လဲပြီး ကားပေါ်တင်သွားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက် စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပါတယ်။ သပိတ်ဖြိုခွဲခံရတဲ့ အောက်တိုဘာ ၂ ရက် ညပိုင်းမှာပဲ မန္တလေး မြတောင်ကျောင်းတိုက်ထဲ ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေကိုလည်း ဖျက်ဆီး၊ သိမ်းဆည်းတာတွေလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက အခုလို ဖမ်းဆီးတာတွေ၊ ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် သံင်္ဃာတွေ ကတော့ ဓမ္မနည်းနဲ့ပဲ ဆက်လက်ဆန့်ကျင်သွားမယ်လို့ သင်္ဃာ့သမဂ္ဂဝင် ဆရာတော်တပါးက ဗွီအိုအေကို မိန့်ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ဒီနေ့အထိ မန္တလေးမြို့မှာ ဖမ်းဆီးခံရတဲ့ သင်္ဃာတော် ၇ ပါးရှိနေပြီလို့ ဆရာတော် က ပြောပါတယ်။
“မန္တလေးအနေနဲ့တော့ ၁၀ ပါးပေါ့။ ပြန်လွတ်ခဲ့တာ ၃ ပါးဆိုတော့ လက်ရှိ ၇ ပါး အချုပ်တွေ၊ ထောင်တွေထဲမှာ ရှိကြတယ်။ ဦးဇင်းတို့ သံဃသမဂ္ဂ စစ်ကြောင်း ရဟန်းသံဃာတွေဆိုတာ သေနတ်ကိုင်ပြီး တော်လှန်လို့ရတာ မဟုတ်တဲ့အခါကျတော့ ဦးဇင်းတို့ တတ်နိုင်တဲ့ ဓမ္မလမ်းကြောင်းပဲ အရှေ့မှာပါတဲ့ ဆောင်ပုဒ်လိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်။ ဦးဇင်းတို့က ဆဲဆိုနေတာလည်း မပါဘူး။ သေနတ်လည်းမပါဘူး။ ဓားလည်းမပါဘူး။ တုတ်လည်း မပါဘူး။ အာဏာရှင်ကို ပြည်သူနဲ့ အတူ ကန့်ကွက်နေတယ်၊ ဆန့်ကျင်နေတယ်၊ တော်လှန်နေတယ်ဆိုတဲ့ အတိုင်းအတာနဲ့ ဒီအတိုင်းပဲ သွားနေရမှာပဲ။ ဦးဇင်းတို့ သံဃသမဂ္ဂအနေနဲ့ လက်နက်ကိုင်တော်လှန်မှာ မဟုတ်ဘူး။ လက်နက်ကိုင်လို့လည်း မဖြစ်ဘူးလေ။”

စစ်ကောင်စီတပ်တွေဟာ ဧပြီလတုန်းကလည်း မန္တလေး မြတောင် ၊ ဘုရားကြီး ၊ မစိုးရိမ်တိုက်ဟောင်း ၊ ဝိသုဓ္ဓါရုံစတဲ့ ကျောင်းတိုက်တွေကိုလည်း ဝင်ရောက်ရှာဖွေခဲ့သလိုညဘက် ငြိမ်းချမ်းစွာ ပရိတ်ရွတ်ဖတ်ပူဇော်နေတဲ့ သံဃာတော်တွေကို တားဆီးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်အာဏာသိမ်းမှုကို ဒီနေ့အထိ မန္တလေးက သင်္ယာ့သမဂ္ဂကသာ အဓိက ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

“စကတည်းက အာဏာရှင်တော်လှန်တာဟာ ရက်ပေါင်း ၂၀၀ ကျော်ကြီးမှာ တောက်လျှောက်နေ့စဉ်မပြတ် ထွက်နေတဲ့အတွက် သူတို့ကို ဒီသပိတ်စစ်ကြောင်းက သံဃာတွေကိုယ်တိုင်က သူတို့အာဏာသိမ်းတာကို မလိုလားဘူးဆိုတဲ့ အချက်ကြီးပြနေတော့ သူတို့ဒီပုံရိပ်ကို ဖျောက်ချင်တယ်တူပါတယ်။ သူတို့လိုချင်တာက သံဃာတွေက သူတို့ဘာသူတို့ အေးအေးဆေးဆေးပဲနေတယ်။ သူတို့သိမ်းသွင်းလို့ရတဲ့ သံဃာတွေက အေးအေး ဆေးဆေးလေးပဲနေပြ။တချို့အကြောင်းကြောင်းကြောင့် မလှုပ်ရှားနိုင်တဲ့ သံဃာတွေက အေးအေးဆေးဆေးနေကြတဲ့အချိန်မှာ ဒီစစ်ကြောင်းတခုပဲ ထွက်နေတာ ဆိုတော့ ဒီစစ်ကြောင်း ပျက်သွားတာနဲ့ ဗုဒ္ဓဘာသာနိုင်ငံလေ၊ မြန်မာပြည်ဆိုတာ ဗုဒ္ဓဘာသာနိုင်ငံမှာ သူတို့ကိုးကွယ်တဲ့ ရဟန်း သံဃာတွေဟာ အာဏာသိမ်းတာကို ကြည်ကြည်ဖြူဖြူလက်ခံပါတယ်။ ဆန္ဒပြတာမရှိပါဘူးဆိုတဲ့ ပုံရိပ်ဟာ ပြလို့ရသွားပြီလေ။ အဲ့လိုပြရမယ့်အချိန်မှာ ဒီသံဃသမဂ္ဂ သပိတ်စစ်ကြောင်းက ထီးထီးကြီး သူတို့ကို ကန့်ကွက်နေတဲ့အခါကျတော့ သူတို့အတွက်က တော်တော်အနှောက်ယှက်ဖြစ်မှာလေ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် သံဃာထုငြိမ်ရင် ပြည်သူထုဆိုတဲ့အားက ကျသွားမှာပဲ သူတို့ရဲ့အဓိကအချက်က အဲ့ဒါလို့ပဲထင်ပါတယ်။ အဲ့ဒီအတွက်ကို အပြတ်ဖြတ်ဖို့လုပ်နေတာပါ။”

မန္တလေးမြို့မှာလမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ အုပ်စုတွေထဲမှာ သင်္ဃာ့သပိတ်စစ်ကြောင်းဟာ အင်အားများတဲ့ သိပိတ်စစ်ကြောင်းတခုဖြစ်ပြီးဒီနေ့အထိလည်းနေ့စဉ်မပျက် ဆန္ဒပြနေတဲ့ အုပ်စုတခုဖြစ်ပါတယ်။ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြတာအပြင် ညပိုင်းမှာလည်း ညသပိတ်ကို နေ့စဉ်နီးပါး ပြုလုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode

မန်တလေးမွို့က ဆန်ဒပွသံဃာတှဖေမျးဆီးခံရ









#MyanmarMilitaryCoup #MyanmarProtest #VOABurmese

XS
SM
MD
LG