သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်းမြကြိုးတံတား ပျက်ကျ


myaung mya bridge (MOI)
myaung mya bridge (MOI)

ဧရာဝတီတိုင်းအတွင်းက ရွေးမြစ်ကူး မြောင်းမြကြိုးတံတား ဒီကနေ့ မနက်အစောပိုင်းမှာ ပြတ်ကျ ပျက်စီးသွားပါတယ်။ တံတားပြတ်ကျစဉ်မှာ ကူးဖြတ်နေတဲ့ ကုန်ကားတစင်း မြစ်ထဲကို ကျသွားပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပါသွားခဲ့တာပါ။

အခုအခါမှာတော့ အဲဒီ ပျောက်ဆုံးသွားသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပြီး မြစ်ကြောင်းအတွင်း အဲဒီနေရာကို ကူးဖြတ်ခွင့် ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။ ပေ ၁၄၀၀ ကျော် ရှည်တဲ့ တံတားကို ကူးဖြတ်ခွင့်တန်ချိန် မူလက တန် ၆၀ သတ်မှတ်ထားပေမယ့်လည်း ခံနိုင်ဝန်အား ကျဆင်းလာတဲ့အတွက် အခုအခါမှာ တန် ၂၀ လျှော့ချသတ်မှတ်ထားပါတယ်။

တန်ချိန်ပို တင်ဆောင်ထားတဲ့ ကားတွေ ဖြတ်သန်းနေတာကြောင့်နဲ့ တံတားဆောက်လုပ်စဉ်မှာ အလျင်အမြန် ပြီးစီးအောင် ဆောက်ခဲ့ရတာကြောင့် အနှစ် ၂၀ ကျော်သာ ခံပြီး အခုလို ပြတ်ကျသွားတယ်လို့လည်း ဆိုကြပါတယ်။ မကြာခင်ကမှာ ပြန်လည်ပြင်ဆင်ထားတဲ့ တံတားကို ၁၉၉၆ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ စစ်အစိုးရ လက်ထက်မှာ တည်ဆောက် ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိကြိုးတံတားနဲ့အပြိုင် တံတားသစ်တစင်းကိုတော့ ၂၀၁၈ ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောက်လုပ်သွားမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်မှာ တင်ပြထားခဲ့ဘူးပါတယ်။

XS
SM
MD
LG