သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ ၈၀၀ ေက်ာ္ ထိုင္းဘက္ကို ထြက္ေျပး


ထုိင္းဘက္ကို တိမ္းေရွာင္လာတဲ့ စစ္ေဘးဒုကၡသည္မ်ား။ (၁၂-၁၆-၂၀၂၁။ ဓာတ္ပံု-Panya)

[[Zawgyi/Unicode]]

ေလးေက့ေကာ္တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ ၈၀၀ ေက်ာ္ ထိုင္းဘက္ကို ထြက္ေျပး

ထိုင္းျမန္မာနယ္စပ္ ျမဝတီခရိုင္ထဲက ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာ ေလးေကေကာ္ျမိဳ႕ သစ္ထဲကို စစ္ေကာင္စီတပ္ေတြဝင္ေရာက္ျပီး ဧရာဝတီတိုင္းက လႊတ္ေတာ္အမတ္ ၂ ဦးအပါအဝင္ တက္ႂကြလွဳပ္ရွားသူလူငယ္ေတြကို ဖမ္းဆီးခဲ့ျပီးတဲ့ေနာက္ ေကအန္ယူတပ္ေတြနဲ႔ ျမန္မာစစ္တပ္ႀကားတိုက္ပဲြေတြ ဒီေန႔ထိ ဆက္ျဖစ္ခဲ့ပါတယ္။ တုိက္ပဲြေတြေၾကာင့္ ေလးေက့ေကာ္အပါအဝင္ အနီးအနား ေက်းရြာေတြက ေက်းရြာသား ၈၀၀ ေက်ာ္ ထုိင္းဘက္ကို ခိုလွံုလာၾကပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခရိုင္ထဲက ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာ ေလးေက့ေကာ္ျမိဳ႕သစ္ ထဲကို စစ္ေကာင္စီတပ္ေတြဝင္ေရာက္ျပီး ေျမာင္းျမလႊတ္ေတာ္အမတ္ ေဒါက္တာေဝလင္းေအာင္နဲ႔ အိမ္မဲလႊတ္ေတာ္အမတ္တို႔ အပါအဝင္ တက္ႂကြလွဳပ္ရွားသူေတြကုိ ဖမ္းဆီးသြားခဲ့ၿပီးတဲ့ေနာက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစျပီး စစ္ေကာင္စီတပ္ေတြနဲ့ ေကအန္ယူတပ္ေတြၾကား တိုက္ပဲြေတြျဖစ္ခဲ့ပါတယ္။

ဒီကေန့လည္း တိုက္ပဲြေတြဆက္ျဖစ္ေနတဲ့အတြက္ စစ္ေဘးေရွာင္ဒုကၡသည္ ၈၀၀ ထက္မနည္း ထုိင္းႏိုင္ငံဘက္ျခမ္းက မဲ့ကုိကင္းေက်းရြာကို ခိုလွံဳလာတယ္လို့ အဲဒီေနရာမွာရွိေနတဲ့ ကရင္အမ်ိဳးသားမီဒီယာက မန္းမ်ိဳးျမင့္ကေျပာပါတယ္။

“တိုက္ပဲြျဖစ္တာ မေန့ကလည္းျဖစ္တယ္။ ဒီေန့က်ေတာ့လည္း မနက္ ၉ နာရီေက်ာ္ကတည္းက လက္နက္ႀကီးနဲ့ပစ္ေနေတာ့ ေလးေက့ေကာ္ျမိဳ ့သစ္အပါအဝင္ မယ္ဝါခီးအပါအဝင္ အဲဒီနားကေက်းရြာေတြက အကုန္လံုးေရွာင္ၾကရတယ္ေလ။ တိ္္မ္းေရွာင္တဲ့လူေတြက အခုဆိုရင္ ၈၀၀ ေက်ာ္ သြားျပီ။ ထုိင္းဘက္ကုိ ေသာင္းရင္းျမစ္ကုိျဖတ္ျပီးသြားတယ္။ ထုိင္းဘက္က မဲ့ကုိကင္းရြာ နယ္စပ္မွာ သြားခိုလွံဳတယ္။ သူတို့အခုေနေနတာကေတာ့ မယ့္ကုိကင္းရြာရဲ ့စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ေနတဲ့ ဂိုေဒါင္ေနရာမွာေပါ့ေနာ္။ စိုက္ပ်ိဳးေမြးျမဴေရး ရပ္နားထားေတာ့ ဂုိေဒါင္အလြတ္ေတြမွာေလ။”

ေလးေကေကာ္ျမိဳ့သစ္ထဲကိုဝင္ေရာက္လာတဲ့ စစ္ေကာင္စီတပ္ေတြနဲ့ ေကအဲန္ယူတပ္တို႔ တိုက္ ပဲြေတြျဖစ္ျပီး စစ္ေကာင္စီဘက္က အရာရိွေတြအပါအဝင္ ထိခိုက္ေသဆံုးမူေတြရွိေနေၾကာင္း ေကအန္ယူနဲ့အတူ တိုက္ေနတဲ့ ျပည္သူ့ကာကြယ္ေရးတပ္ဖဲြ႔ေတြက ေျပာပါတယ္။ လက္နက္ႀကီးလက္နက္ငယ္နဲ႔ စႏိုက္ပါေတြသံုးျပိီး ပစ္ခတ္တာေႀကာင့္ စစ္ေကာင္စီတပ္က ဆယ္ဂဏန္းေလာက္ ေသဆံုး ဒဏ္ရာရတာေတြရွိသလို ျပည္သူ့ ကာကြယ္ေရးတပ္က ၃ ဦး ထိခိုက္ဒဏ္ရာရတယ္ လို့ ျပည္သူ့့ကာကြယ္ေရးတပ္ဖဲြ႔ေတြဘက္ကဆုိပါတယ္။ ႏွစ္ဘက္ ေသဆုံးဒဏ္ရာရတဲ့ စာရင္းကိုေတာ့ သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။

ေလးေက့ေကာ္ထဲကေန ထြက္ခြါခြင့္ေတာင္းေနတဲ့ စစ္ေကာင္စီတပ္ေတြကို ဒီကေန့မနက္အေစာပုိင္းမွာေတာ့ KNU တပ္ေတြက ေလးေက့ေကာ္ကေန ထြက္ခြါခြင့္ေပးလိုက္တယ္လို့လည္း ေလးေက့ေကာ္မွာရွိေနတဲ့ ကိုေစာမြန္က ေျပာျပပါတယ္။

“သူတို႔ကေတာ့ မနက္အေစာႀကီး ၄ နာရီေလာက္ ထြက္သြားတယ္။ မယ္ေထာ္သေလးဘက္ကုိအဝင္ျပတယ္။ KNU ကလည္းေပးထြက္လုိက္တယ္။ ဒီဘက္က ကိုယ့္ရြာလည္းေၾကမွာ ေႀကာက္ တယ္ေလ။ အဲဒါေၾကာင့္ေပးထြက္လိုက္တယ္။ သူတို့ ေလးေက့ေကာ္မွာေတာ့ မရွိေတာ့ဘူး။ တဖဲြ႔ကေတာ့ ဖလူးဘက္မွာ ပိတ္ထားတယ္။ တဖဲြ႔ကေတာ့ မဲ့ေထာ္သေလးဘက္မွာ ပိတ္ထားတယ္။ မဲ့ေထာ္သေလးဘက္ကအဖဲြ႔နဲ့ေတာ့ မနက္အေစာႀကီးကတည္းက (တိုက္ပဲြ) ထိေတြ႔မႈျဖစ္တယ္ေလ။”

ေလးေက့ေကာ္မွာ သူတို႔တပ္ဖြဲ႔ဝင္ေတြ မရွိေတာ့ဘူးဆိုတာကို စစ္ေကာင္စီ သတင္းျပန္ၾကားေရးတာဝန္ခံ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္းဗြီအိုေအကို အခုလို အတည္ျပဳ ေျပာဆိုပါတယ္။

“ေလးေကေကာ္ကေတာ့ မေန႔က က်ေနာ္ေျပာတဲ့အတုိင္းပဲဗ်။ ေလးေကေကာ္ဘက္မွာေတာ့ မရွိေတာ့ဘူး။ က်ေနာ္တို႔ကေတာ့ လံုၿခံဳေရးအရ စစ္ေဆးမႈေတာ့ ဆက္လုပ္မွာပါခင္ဗ်။ အဲဒီ ေလးေကေကာ္ရဲ႕ေျမာက္ဘက္က သံုးမုိင္ေလာက္မွာရွိတဲ့ မယ္ေထာ္သေလးမွာရွိတဲ့ လံုၿခံဳေရးေတြက ညေနပိုင္းတုန္းက ဝင္ေရာက္ပစ္ခတ္တာေတာ့ရွိတယ္။ က်ေနာ္တို႔ဆီက အဖြဲ႔ေတြနဲ႔ကေတာ့ အဆက္အသြယ္ေတာ့ရၿပီ။ လံုၿခံဳေရးအဖြဲ႔ဝင္တခ်ဳိ႕ေတာ့ အဆက္အသြယ္မရေသးဘူး။ ေပ်ာက္ဆံုးအေနနဲ႔ပဲ ရွိေသးတယ္။ ဒါေတြနဲ႔ပတ္သက္လို႔ လံုၿခံဳေရးအရ ေဆာင္ရြက္မႈမ်ား ဆက္လက္ လုပ္ေဆာင္လွ်က္ရွိပါတယ္။”

ေလးေက့ေကာ္ျမိဳ႕သစ္ကေန စစ္ေကာင္စီတပ္ေတြ ထြက္သြားေပမယ့္ ေလးေက့ေကာ္အနီးမွာေတာ့ တိုက္ပဲြေတြဆက္ျဖစ္ေနပါတယ္။ ဒီဇင္ဘာလ ၁၆ ရက္ေန့ ေနလည္ပိုင္းအထိ လက္နက္ႀကီးသံေတြ ႀကားေနရတယ္လို့ ေဒသခံေတြကဆိုပါတယ္။

အခုခ်ိန္ထိေတာ့ ဧရာ၀တီတိုင္းအတြင္းက လႊတ္ေတာ္အမတ္ ၂ ဦးကို စစ္ေကာင္စီက ဖမ္းဆီးထားတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္ေျပာပါတယ္။

“မေန႔က အိမ္မဲက လႊတ္ေတာ္ကုိယ္စားလွယ္ေဟာင္းတဦးရယ္၊ ေျမာင္းျမကိုယ္စားလွယ္ေဟာင္းတဦးရယ္။ သူတို႔ကိုပဲ အဓိက၊ သူတုိ႔ကို ေဖာ္ထုတ္ ဖမ္းဆီးရမိတာရွိတယ္။ က်န္တဲ့သူေတြကေတာ့ မီဒီယာေတြမွာေျပာသလို လူ ၆၀ ေလာက္ ဖမ္းတယ္တို႔၊ လူ ၂၀ ေလာက္ဖမ္းတယ္တို႔ဆိုတာ မဟုတ္ပါဘူး။ သူတို႔ကေတာ့ NUG, CRPH တုိ႔နဲ႔ ဆက္သြယ္၊ ဆက္ဆံေနတဲ့သူေတြ။ ဒါကေတာ့ ဥပေဒအတုိင္းပဲ က်ေနာ္တို႔ ဆက္လက္ေဆာင္ရြက္ပါမယ္။”

မဲ့ေထာ္သေလးရြာဘက္မွာေတာ့ စစ္ေကာင္စီတပ္ေတြက လူထုကို ျဖတ္သန္းသြားလာခြင့္မျပဳဘဲ စစ္ယာဥ္တန္းေတြပဲ ျဖတ္သန္းသြားလာေနတယ္လို့ ေဒသခံေတြကဆိုပါတယ္။ မဲ့ေထာ္သေလးရြာဟာ ျမဝတီ ေဝါေလကားလမ္းမေပၚမွာရွိပါတယ္။ စစ္ေကာင္စီတပ္ေတြက အဲဒီေနရာေတြမွာ ေနရာယူတပ္စဲြလာတဲ့အတြက္ မဲ့ေထာ္သေလးအပါအဝင္ ဖလူးႀကီး၊ ဖလူးေလး၊ ပဟိကေလာ္၊ မင္းလက္ပံ၊ ေလးေက့ေကာ္၊ ရေသ့ဂူ စတဲ့ ပစ္ခတ္မႈေတြၾကား မလြတ္ႏိုင္တဲ့ေက်းရြာေတြက ေဒသခံျပည္သူေတြဟာ ေသာင္ရင္းျမစ္ကိုျဖတ္ျပီး ထုိင္းဘက္ကုိ ထြက္ေျပးလာေနႀကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၈၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေး

ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင်ထဲက ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ လေးကေကော်မြို့ သစ်ထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ဧရာဝတီတိုင်းက လွှတ်တော်အမတ် ၂ ဦးအပါအဝင် တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကေအန်ယူတပ်တွေနဲ့ မြန်မာစစ်တပ်ကြားတိုက်ပွဲတွေ ဒီနေ့ထိ ဆက်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် လေးကေ့ကော်အပါအဝင် အနီးအနား ကျေးရွာတွေက ကျေးရွာသား ၈၀၀ ကျော် ထိုင်းဘက်ကို ခိုလှုံလာကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ် ထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး မြောင်းမြလွှတ်တော်အမတ် ဒေါက်တာဝေလင်းအောင်နဲ့ အိမ်မဲလွှတ်တော်အမတ်တို့ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဒီကနေ့လည်း တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည် ၈၀၀ ထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းက မဲ့ကိုကင်းကျေးရွာကို ခိုလှုံလာတယ်လို့ အဲဒီနေရာမှာရှိနေတဲ့ ကရင်အမျိုးသားမီဒီယာက မန်းမျိုးမြင့်ကပြောပါတယ်။

“တိုက်ပွဲဖြစ်တာ မနေ့ကလည်းဖြစ်တယ်။ ဒီနေ့ကျတော့လည်း မနက် ၉ နာရီကျော်ကတည်းက လက်နက်ကြီးနဲ့ပစ်နေတော့ လေးကေ့ကော်မြို့သစ်အပါအဝင် မယ်ဝါခီးအပါအဝင် အဲဒီနားကကျေးရွာတွေက အကုန်လုံးရှောင်ကြရတယ်လေ။ တိ်မ်းရှောင်တဲ့လူတွေက အခုဆိုရင် ၈၀၀ ကျော် သွားပြီ။ ထိုင်းဘက်ကို သောင်းရင်းမြစ်ကိုဖြတ်ပြီးသွားတယ်။ ထိုင်းဘက်က မဲ့ကိုကင်းရွာ နယ်စပ်မှာ သွားခိုလှုံတယ်။ သူတို့အခုနေနေတာကတော့ မယ့်ကိုကင်းရွာရဲ့စိုက်ပျိုးရေးမွေးမြူရေးလုပ်နေတဲ့ ဂိုဒေါင်နေရာမှာပေါ့နော်။ စိုက်ပျိုးမွေးမြူရေး ရပ်နားထားတော့ ဂိုဒေါင်အလွတ်တွေမှာလေ။”

လေးကေကော်မြို့သစ်ထဲကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအဲန်ယူတပ်တို့ တိုက် ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမူတွေရှိနေကြောင်း ကေအန်ယူနဲ့အတူ တိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ လက်နက်ကြီးလက်နက်ငယ်နဲ့ စနိုက်ပါတွေသုံးပြီး ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်က ဆယ်ဂဏန်းလောက် သေဆုံး ဒဏ်ရာရတာတွေရှိသလို ပြည်သူ့ ကာကွယ်ရေးတပ်က ၃ ဦး ထိခိုက်ဒဏ်ရာရတယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကဆိုပါတယ်။ နှစ်ဘက် သေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

လေးကေ့ကော်ထဲကနေ ထွက်ခွါခွင့်တောင်းနေတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့မနက်အစောပိုင်းမှာတော့ KNU တပ်တွေက လေးကေ့ကော်ကနေ ထွက်ခွါခွင့်ပေးလိုက်တယ်လို့လည်း လေးကေ့ကော်မှာရှိနေတဲ့ ကိုစောမွန်က ပြောပြပါတယ်။

“သူတို့ကတော့ မနက်အစောကြီး ၄ နာရီလောက် ထွက်သွားတယ်။ မယ်ထော်သလေးဘက်ကိုအဝင်ပြတယ်။ KNU ကလည်းပေးထွက်လိုက်တယ်။ ဒီဘက်က ကိုယ့်ရွာလည်းကြေမှာ ကြောက် တယ်လေ။ အဲဒါကြောင့်ပေးထွက်လိုက်တယ်။ သူတို့ လေးကေ့ကော်မှာတော့ မရှိတော့ဘူး။ တဖွဲ့ကတော့ ဖလူးဘက်မှာ ပိတ်ထားတယ်။ တဖွဲ့ကတော့ မဲ့ထော်သလေးဘက်မှာ ပိတ်ထားတယ်။ မဲ့ထော်သလေးဘက်ကအဖွဲ့နဲ့တော့ မနက်အစောကြီးကတည်းက (တိုက်ပွဲ) ထိတွေ့မှုဖြစ်တယ်လေ။”

လေးကေ့ကော်မှာ သူတို့တပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးဆိုတာကို စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါတယ်။

“လေးကေကော်ကတော့ မနေ့က ကျနော်ပြောတဲ့အတိုင်းပဲဗျ။ လေးကေကော်ဘက်မှာတော့ မရှိတော့ဘူး။ ကျနော်တို့ကတော့ လုံခြုံရေးအရ စစ်ဆေးမှုတော့ ဆက်လုပ်မှာပါခင်ဗျ။ အဲဒီ လေးကေကော်ရဲ့မြောက်ဘက်က သုံးမိုင်လောက်မှာရှိတဲ့ မယ်ထော်သလေးမှာရှိတဲ့ လုံခြုံရေးတွေက ညနေပိုင်းတုန်းက ဝင်ရောက်ပစ်ခတ်တာတော့ရှိတယ်။ ကျနော်တို့ဆီက အဖွဲ့တွေနဲ့ကတော့ အဆက်အသွယ်တော့ရပြီ။ လုံခြုံရေးအဖွဲ့ဝင်တချို့တော့ အဆက်အသွယ်မရသေးဘူး။ ပျောက်ဆုံးအနေနဲ့ပဲ ရှိသေးတယ်။ ဒါတွေနဲ့ပတ်သက်လို့ လုံခြုံရေးအရ ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်လျှက်ရှိပါတယ်။”

လေးကေ့ကော်မြို့သစ်ကနေ စစ်ကောင်စီတပ်တွေ ထွက်သွားပေမယ့် လေးကေ့ကော်အနီးမှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နေလည်ပိုင်းအထိ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုချိန်ထိတော့ ဧရာဝတီတိုင်းအတွင်းက လွှတ်တော်အမတ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“မနေ့က အိမ်မဲက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးရယ်၊ မြောင်းမြကိုယ်စားလှယ်ဟောင်းတဦးရယ်။ သူတို့ကိုပဲ အဓိက၊ သူတို့ကို ဖော်ထုတ် ဖမ်းဆီးရမိတာရှိတယ်။ ကျန်တဲ့သူတွေကတော့ မီဒီယာတွေမှာပြောသလို လူ ၆၀ လောက် ဖမ်းတယ်တို့၊ လူ ၂၀ လောက်ဖမ်းတယ်တို့ဆိုတာ မဟုတ်ပါဘူး။ သူတို့ကတော့ NUG, CRPH တို့နဲ့ ဆက်သွယ်၊ ဆက်ဆံနေတဲ့သူတွေ။ ဒါကတော့ ဥပဒေအတိုင်းပဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်ပါမယ်။”

မဲ့ထော်သလေးရွာဘက်မှာတော့ စစ်ကောင်စီတပ်တွေက လူထုကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ယာဉ်တန်းတွေပဲ ဖြတ်သန်းသွားလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ မဲ့ထော်သလေးရွာဟာ မြဝတီ ဝေါလေကားလမ်းမပေါ်မှာရှိပါတယ်။ စစ်ကောင်စီတပ်တွေက အဲဒီနေရာတွေမှာ နေရာယူတပ်စွဲလာတဲ့အတွက် မဲ့ထော်သလေးအပါအဝင် ဖလူးကြီး၊ ဖလူးလေး၊ ပဟိကလော်၊ မင်းလက်ပံ၊ လေးကေ့ကော်၊ ရသေ့ဂူ စတဲ့ ပစ်ခတ်မှုတွေကြား မလွတ်နိုင်တဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို ထွက်ပြေးလာနေကြပါတယ်ရှင်။

#လေးကေကော် #လက်နက်ကြီး #မြဝတီ #ဖလူး၊မဲ့ထော်သလေး ### #KNU #MilitaryCoup #WhatIsHappeningInMyanmar

==================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG