သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိ္ုက္ပဲြေတြ နီးကပ္လာလို႔ ျမဝတီကုန္သြယ္ေရးဇုန္ပိတ္


ျမ၀တီကုန္သြယ္ေရးဇုန္၊ ဓာတ္ပုံ-CJ

ကရင္ျပည္နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသာလြတ္ေျမာက္ေရးတပ္ စတဲ့ပူးေပါင္းတပ္ဖဲြ့ေတြၾကားတုိက္ပဲြေတြဆက္တုိက္ျဖစ္ေနသလို ျမဝတီၿမိဳ႕အထြက္ နယ္စပ္ကုန္သြယ္ေရးဇုန္ ကိုၾသဂုတ္လ (၁၈) ရက္ ေနလည္ (၁)နာရီေလာက္ကစျပီးပိတ္ထားလိုက္ပါတယ္။ ဒီေနာက္ ဇုန္ အတြင္္းကစစ္ေကာင္စီနဲ့ပတ္သက္တဲ့၀န္ထမ္းေတြ ကိုျမ၀တီဘက္ကိုေရႊေျ႔ပာင္းေနတယ္လို႔ ၿမိဳ႔ခံေတြကဆုိပါတယ္ ။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ကရင္ျပည္နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ့ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ စတဲ့ပူးေပါင္းတပ္ဖဲြ့ေတြၾကားတုိက္ပဲြေတြဆက္တုိက္ျဖစ္ေနသလို ၾသဂုတ္လ ၁၈ရက္ေန့ မနက္ပိုင္းကတည္းက ျမ၀တိီခရိုင္ထဲမွာ လက္နက္ႀကီးသံေတြႀကားေနရတယ္လို့ေဒသခံေတြက ဆုိပါတယ္။ ေန႔လည္ပုိင္းမွာေတာ့ ျမ၀တီျမဳိ့အထြက္ ျမ၀တီကုန္သြယ္ေရးဇုန္ ကုိပိတ္ျပီး ၀န္ထမ္းေတြ ျမ၀တီျမိဳ ့ထဲေရႊေျ႔ပာင္းေနၾကတာေတြ႔ရတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

"၄နာရီေက်ာ္ကတည္း တဒုန္းဒုန္းနဲ့ထုသံၾကားေနရေတာ့တာပဲ။ ကုန္သြယ္ေရးဇုန္နားကအတြင္းကြင္းကေလး သကၤန္းညီေနာင္ ကြင္းကေလးရြာဘက္မွာ။ အဲဒီမွာ ေနတဲ့သူေတြ သူတို့အိမ္ေတြေတာင္တုန္တယ္တဲ့။ ေန့လည္ေလာက္က်ေတာ့ ဖယ္ခိုင္းတယ္။ ကာစတန္ေတြ (အေကာက္ခြန္၀န္ထမ္း) ေကာအကုန္ျပန္လာၾကတယ္။ အဲဒီရံုးကလူေတြ ျပန္မသြားၾကေတာ့ဘူး။ ကုန္သြယ္ေရးဇုန္မွာတာ၀န္က်တဲ့ သူတို့၀န္ထမ္းေတြကုိအကုန္ျပန္လႊတ္တယ္။ ကားေတြကုိလည္းေရႊ ႔လုိက္တယ္။ ၀န္ထမ္းေတြကသူတို့အိမ္ သူတို ့ျပန္လာၾကတာေပါ့။ အရင္ကဆုိရင္ ေန့ဆုိ္င္း၊ ညဆိုင္းရွိတယ္။ ေန့ဂ်ဴတီ ၊ညဂ်ဴတီဆုိတာရွိတယ္"

ေနာက္ထပ္ျပည္သူတဦးကလည္း အခုလိုေျပာျပပါတယ္။

"လက္နက္ႀကီးသံအမ်ားႀကီးၾကားတယ္။ ၁၅မိနစ္ ျခားတခါႀကားတယ္။ အလုံး၂၀ေလာက္ရွိတယ္။ ကုန္သြယ္ေရးဇုန္ ကလူေတြကေတာ့ ျမ၀တီျမိဳ့တြင္းကိုေ႐ႊ႔ ေနတယ္။ အေျခအေနေတြအေၾကာင္းေၾကာင္းေၾကာင့္ ဒီည၀င္ပစ္မွာစုိးလို့ သူတုိ့လူေတြကိုကယ္လာတာလား၊ ဘယ္လိုအေၾကာင္းေၾကာင့္ဆိုတာမသိဘူး"

စစ္ေကာင္စီရဲ ့လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ BGF တပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ စတဲ့ပူးေပါင္းတပ္ဖဲြ ့ေတြဟာ ၾသဂုတ္လ(၁၈) ရက္ေန့ ေကာ့ကရိတ္ၿမိဳ ႔နယ္နဲ့ ေတာင္သံုးလံုးဘက္မွာ ႏွစ္ဖက္တုိက္ပဲြေတြလည္းျဖစ္ေနပါတယ္။ တိုက္ပဲြေတြျပင္းထန္ေနတဲ့အတြက္ ကုန္သြယ္ေရးဇုန္ ကိုပိတ္လိုက္တာလည္းျဖစ္ႏုိင္တယ္လို့ ျမိဳ ့ခံေတြကသံုးသပ္ႀကပါတယ္။

"ကုန္သြယ္ေရးဇုန္ ကုိပိတ္တာက တိုက္ပဲြေတြနဲ့လည္းဆက္စပ္ပံုရတယ္။ ေငြေစ်းထုိးက်တာလည္ဆက္စပ္တယ္။ကုန္သည္ေတြအခက္အခဲျဖစ္ေနလို့နားလိုက္တာလည္းျဖစ္ႏုိင္တယ္။ ႏွစ္ဖက္ရိွတယ္။ တုိက္ပဲြျဖစ္ေနတာေႀကင့္ကုန္သြယ္ေရးဇုန္ ကိုအဓိကပစ္မွတ္ထားမွာကုိလည္းစိုးတဲ့ေၾကာင့္လဲျဖစ္ဖို့မ်ားတယ္"

တိုက္ပဲြေတြျပင္းထန္ေနတဲ့အတြက္ ကုန္သြယ္ေရးဇုန္ နဲ့သကၤန္းညီေနာင္ရဲစခန္းဘက္ ကူးစက္လာမွာကို စစ္ေကာင္စီဘက္က စိုးရိမ္တာေၾကာင့္အခုလို ပိတ္လိုက္တာလို့လည္း ကုန္သည္အသုိင္းအ၀ိုင္းမွာသတင္းထြက္ေပၚေနပါတယ္။ ကုန္သြယ္ေရးဇုန္ က အရာရွိေတြနဲ့ သကၤန္းညီေနာင္ရဲစခန္းက မိသားစုေတြကိုလည္း ျမ၀တီဘက္ကို ေရြ ့ေျပာင္းေပးေနတယ္လို့ကုန္သည္ေတြကဆုိပါတယ္။ ဇုန္ ထဲမွာကုန္ကားအသြားအလာေတြမရွိေတာ့ပဲ ရုတ္တရက္ပိတ္လိုက္တာလည္းျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရက္ပုိင္းကပဲ ေကာ့ကရိတ္ၿမိဳ႔နယ္ ထဲကရဲစခန္း ႏွစ္ခု ကုိ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ့ပူးေပါင္းတပ္ဖဲြ ့ေတြက၀င္ေရာက္ပစ္ခတ္တာေတြလည္းရွိခဲ့ပါတယ္။ ကုန္သြယ္ေရးဇုန္ ပိတ္လိုက္တာနဲ့ပတ္သက္လုိ့စစ္ေကာင္စီဘက္ကိုဆက္သြယ္ေမးျမန္းဖို့ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လု့ိမရခဲ့ပါဘူး။

Unicode

တိုက္႐ိုက္ လင့္ခ္

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသာလွတ်မြောက်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို မြဝတီမြို့အထွက် နယ်စပ်ကုန်သွယ်ရေးဇုန် ကိုသြဂုတ်လ (၁၈) ရက် နေလည် (၁)နာရီလောက်ကစပြီးပိတ်ထားလိုက်ပါတယ်။ ဒီနောက် ဇုန် အတွင်းကစစ်ကောင်စီနဲ့ပတ်သက်တဲ့ဝန်ထမ်းတွေ ကိုမြဝတီဘက်ကိုရွှေေြ့ပာင်းနေတယ်လို့ မြို့ခံတွေကဆိုပါတယ် ။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို သြဂုတ်လ ၁၈ရက်နေ့ မနက်ပိုင်းကတည်းက မြဝတီခရိုင်ထဲမှာ လက်နက်ကြီးသံတွေကြားနေရတယ်လို့ဒေသခံတွေက ဆိုပါတယ်။ နေ့လည်ပိုင်းမှာတော့ မြဝတီမြို့အထွက် မြဝတီကုန်သွယ်ရေးဇုန် ကိုပိတ်ပြီး ဝန်ထမ်းတွေ မြဝတီမြို့ထဲရွှေေြ့ပာင်းနေကြတာတွေ့ရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

"၄နာရီကျော်ကတည်း တဒုန်းဒုန်းနဲ့ထုသံကြားနေရတော့တာပဲ။ ကုန်သွယ်ရေးဇုန်နားကအတွင်းကွင်းကလေး သင်္ကန်းညီနောင် ကွင်းကလေးရွာဘက်မှာ။ အဲဒီမှာ နေတဲ့သူတွေ သူတို့အိမ်တွေတောင်တုန်တယ်တဲ့။ နေ့လည်လောက်ကျတော့ ဖယ်ခိုင်းတယ်။ ကာစတန်တွေ (အကောက်ခွန်ဝန်ထမ်း) ကောအကုန်ပြန်လာကြတယ်။ အဲဒီရုံးကလူတွေ ပြန်မသွားကြတော့ဘူး။ ကုန်သွယ်ရေးဇုန်မှာတာဝန်ကျတဲ့ သူတို့ဝန်ထမ်းတွေကိုအကုန်ပြန်လွှတ်တယ်။ ကားတွေကိုလည်းရွှေ့လိုက်တယ်။ ဝန်ထမ်းတွေကသူတို့အိမ် သူတို့ပြန်လာကြတာပေါ့။ အရင်ကဆိုရင် နေ့ဆိုင်း၊ ညဆိုင်းရှိတယ်။ နေ့ဂျူတီ ၊ညဂျူတီဆိုတာရှိတယ်"

နောက်ထပ်ပြည်သူတဦးကလည်း အခုလိုပြောပြပါတယ်။

"လက်နက်ကြီးသံအများကြီးကြားတယ်။ ၁၅မိနစ် ခြားတခါကြားတယ်။ အလုံး၂၀လောက်ရှိတယ်။ ကုန်သွယ်ရေးဇုန် ကလူတွေကတော့ မြဝတီမြို့တွင်းကိုရွှေ့ နေတယ်။ အခြေအနေတွေအကြောင်းကြောင်းကြောင့် ဒီညဝင်ပစ်မှာစိုးလို့ သူတို့လူတွေကိုကယ်လာတာလား၊ ဘယ်လိုအကြောင်းကြောင့်ဆိုတာမသိဘူး"

စစ်ကောင်စီရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ သြဂုတ်လ(၁၈) ရက်နေ့ ကော့ကရိတ်မြို့နယ်နဲ့ တောင်သုံးလုံးဘက်မှာ နှစ်ဖက်တိုက်ပွဲတွေလည်းဖြစ်နေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကုန်သွယ်ရေးဇုန် ကိုပိတ်လိုက်တာလည်းဖြစ်နိုင်တယ်လို့ မြို့ခံတွေကသုံးသပ်ကြပါတယ်။

"ကုန်သွယ်ရေးဇုန် ကိုပိတ်တာက တိုက်ပွဲတွေနဲ့လည်းဆက်စပ်ပုံရတယ်။ ငွေဈေးထိုးကျတာလည်ဆက်စပ်တယ်။ကုန်သည်တွေအခက်အခဲဖြစ်နေလို့နားလိုက်တာလည်းဖြစ်နိုင်တယ်။ နှစ်ဖက်ရှိတယ်။ တိုက်ပွဲဖြစ်နေတာကြေင့်ကုန်သွယ်ရေးဇုန် ကိုအဓိကပစ်မှတ်ထားမှာကိုလည်းစိုးတဲ့ကြောင့်လဲဖြစ်ဖို့များတယ်"

တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကုန်သွယ်ရေးဇုန် နဲ့သင်္ကန်းညီနောင်ရဲစခန်းဘက် ကူးစက်လာမှာကို စစ်ကောင်စီဘက်က စိုးရိမ်တာကြောင့်အခုလို ပိတ်လိုက်တာလို့လည်း ကုန်သည်အသိုင်းအဝိုင်းမှာသတင်းထွက်ပေါ်နေပါတယ်။ ကုန်သွယ်ရေးဇုန် က အရာရှိတွေနဲ့ သင်္ကန်းညီနောင်ရဲစခန်းက မိသားစုတွေကိုလည်း မြဝတီဘက်ကို ရွေ့ပြောင်းပေးနေတယ်လို့ကုန်သည်တွေကဆိုပါတယ်။ ဇုန် ထဲမှာကုန်ကားအသွားအလာတွေမရှိတော့ပဲ ရုတ်တရက်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကော့ကရိတ်မြို့နယ် ထဲကရဲစခန်း နှစ်ခု ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တာတွေလည်းရှိခဲ့ပါတယ်။ ကုန်သွယ်ရေးဇုန် ပိတ်လိုက်တာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လု့ိမရခဲ့ပါဘူး။

XS
SM
MD
LG