သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ ညဈေးအနီး ဗုံးကွဲ


ဒီကနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲလောက်မှာ ထိုင်း-မြန်မာ နယ်စပ် မြို့ဝတီမြို့က မြို့တွင်း အဓိက လမ်းမကြီးပေါ်မှာရှိတဲ့ ညဈေးအနား ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ညနေပိုင်းဖွင့်တဲ့ ဈေးဆိုင်တွေကို လာကြတဲ့သူတွေအတွက် ဆိုင်ကယ်နဲ့ စက်ဘီးများအပ်နှံရာ နေရာအနီး ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒီပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့သူ မြဝတီမြို့ခံတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ည ၈ နာရီခွဲလောက်မှာ။ ညဈေးရှေ့၊ ညဈေး ဆိုတာက မြို့လယ်ခေါင်ဈေးပေါ့။ လမ်းမဈေးပေါ့။ ဖောက်ဖောက်ချင်း လူကြီးတွေက ရောက်လာပြီးတော့ လမ်းပိတ်ထားတော့ အနားက မပေးကြည့်ဘူး။ အသံကြီးကတော့ တုန်ခါသွားတာပေါ့။ လူကတော့ ထိတယ်၊ တစစီ ဖြစ်ကုန်တယ်။ မိုင်းကပြင်းတော့ ထိတဲ့သူတွေ အူတစ အသားတစ ဖြစ်ကုန်တယ်။ လူစည်ကားတဲ့နေရာဆိုတော့။”

မြဝတီမြို့ခံ ပြောပြခဲ့တာပါ။ အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ညဈေးဟာ လူစည်ကားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ခုချိန်ထိတော့ ဘယ်လောက် သေဆုံးမှုရှိသလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။ အခုပေါက်ကွဲတဲ့နေရာကို ဒေသခံ အာဏာပိုင်တွေ ရောက်နေကြပြီး လမ်းတလျောက် စစ်ဆေးမှုတွေလည်း ပြုလုပ်နေကြသလို အများပြည်သူ သွားရောက်ကြည့်ရှုဖို့ကိုလည်း ပိတ်ပင်ထားတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

XS
SM
MD
LG