သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမနီကုန္းျဖစ္ရပ္ စစ္ေကာင္စီ အေသးစိတ္ရွင္းလင္း


စမ္းေခ်ာင္းျဖစ္စဥ္မွာ ေသဆံုးခဲ့ေသာ ေဒါက္တာဇင္လင္းနဲ႔သူနာျပဳ မခင္ခင္ႂကြယ္။ (ဓာတ္ပံု-ေဆး -၁၊ ေက်ာင္းသားသမဂၢ)

Zawgyi/Unicode

စက္တင္ဘာလ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္္းၿမိဳ႕နယ္၊ ေျမနီကုန္းအရပ္မွာ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္တခုနဲ႔ပတ္သက္လုိ႔ ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အေသးစိတ္ ရွင္းလင္းေျပာဆိုခဲ့ပါတယ္။ သတင္းစာရွင္းလင္းပြဲကို ကိုယ္တိုင္ သတင္းသြားယူခဲ့တဲ့ ဗီြအိုေအသတင္းေထာက္ ကိုစည္သူကို ကိုရန္ႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
“ေျပာပါတယ္ခင္ဗ်။ ဒီေန႔ ၿပီးခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ ထံုးစံအတုိင္း သတင္းစာရွင္းလင္းပြဲေတြမွာ ပါေနက်အတုိင္း “ႏုိင္ငံတဝန္း အၾကမ္းဖက္လုပ္ငန္းေတြကို ေဖာ္ျပတယ္" ဆိုတဲ့ေခါင္းစဥ္ေအာက္ကေန စက္တင္ဘာလ ၂၅ ရက္ေန႔က စမ္းေခ်ာင္းမွာျဖစ္ခဲ့တဲ့အမႈ၊ အခင္းျဖစ္တဲ့အေၾကာင္းေပါ့ေနာ္၊ သူ ေျပာပါတယ္။ အဲဒါကေတာ့ အဲဒီရက္ေတြကတည္းက စမ္းေခ်ာင္းမွာ ညဘက္ေပါ့ေနာ္၊ ပစ္သံခတ္သံေတြၾကားရတယ္လို႔ ေဒသခံေတြက အဲဒီတုန္းကတည္းက က်ေနာ္တို႔ စံုစမ္းသိရွိရတယ္၊ ၿပီးေတာ့ တိုက္ေပၚကေနဆြဲခ်ၿပီးေတာ့ ႐ိုက္ႏွက္တယ္ဆိုတဲ့၊ အဲဒီအခင္းျဖစ္တဲ့ေနရာမွာ ႐ိုက္ႏွက္တယ္လို႔ ယူဆရတဲ့ ဗီြဒီယိုတခုလည္း မီဒီယာတခုကေန တင္လိုက္တာကေနၿပီးေတာ့ အြန္လိုင္းေပၚမွာ အေတာ္ေလး ပ်ံ႕ႏွံ႔တာေတြ႔ရတယ္။ ထုတ္ျပန္ခ်က္လိုလုိ စာရြက္စာတမ္းေတြလည္း ပ်ံ႕ႏံွ႔လာတာေတြ႔ရၿပီးေတာ့ အေတာ္ေလး႐ႈပ္ေထြးတဲ့ ျဖစ္စဥ္တခုအျဖစ္ အဲဒီတုန္းကေတာ့ က်ေနာ္တို႔ ႐ႈပ္႐ႈပ္ေထြးေထြး ျမင္ရတယ္။
ဒီေန႔ေတာ့ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခ်က္ ထုတ္ျပန္ပါတယ္။ အဲဒီမွာေတာ့ သူက “အမ်ဳိးသား၊ အမ်ဳိးသမီး စံုတြဲရယ္၊ ေနာက္ထပ္အမ်ဳိးသားႏွစ္ေယာက္ရယ္၊ စုစုေပါင္း ၄ ေယာက္၊ အခင္းျဖစ္တဲ့ေနရာမွာ ေသဆံုးသြားတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ လံုၿခံဳေရး ရဲတပ္ဖြဲဝင္တခ်ဳိ႕လည္း ေသဆံုးၿပီး တခ်ဳိ႕ဒဏ္ရာရတယ္” ဆိုတဲ့အေၾကာင္း သူက က်ေနာ္တို႔ကို အခုလို ရွင္းျပတယ္ခင္ဗ်။
“ဝင္ေရာက္ရွာေဖြစဥ္မွာပဲ အထဲကေန လက္နက္ငယ္မ်ားနဲ႔ စတင္ပစ္ခတ္ခဲ့ပါတယ္။ ဆက္လက္ၿပီး တရားခံ ဇင္လင္းေခၚ ႂကြယ္ႀကီးက ပစၥတိုေသနတ္ႏွစ္လက္၊ တရားခံ ခင္ခင္ႂကြယ္ ေခၚ ခင္ေလးက ပစၥတိုတလက္ကိုင္ၿပီးေတာ့ ေလွကားအတုိင္း ေျပးဆင္းၿပီး လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ပစ္ခတ္ခဲ့ပါတယ္။ ျပန္လည္ပစ္ခတ္ဖမ္းဆီးရာမွာ တရားခံႏွစ္ဦးလံုးကို အေသ ဖမ္းဆီးရမိခဲ့ပါတယ္။ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြဟာ အခန္းတြင္းမွာ ဆက္လက္ရွင္းလင္းတဲ့အခါမွာ တရားခံ ေက်ာ္ႀကီးနဲ႔ ဝက္ႀကီးဆိုတဲ့သူႏွစ္ဦးကို ဆက္ၿပီး အေသဖမ္းဆီးရမိခဲ့ပါတယ္။ သူတို႔နဲ႔အတူ Glock ပစၥတိုေသနတ္သံုးလက္၊ လက္ပစ္ဗံုးႏွစ္လံုးတို႔ကို ဖမ္းဆီးရမိခဲ့ပါတယ္။
"လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ တခ်ဳိ႕ က်ဆံုးခဲ့ရပါတယ္။ အခ်ဳိ႕လည္း ဒဏ္ရာရရွိခဲ့ပါတယ္။ ဖမ္းဆီးရမိသူမ်ားဟာ စမ္းေခ်ာင္းၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ံုးကို စက္တင္ဘာလ ၁၀ ရက္ေန႔မွာ ေျမနီကုန္း မီးပြိဳင့္ CCTV နဲ႔ တံတားျဖဴမွတ္တုိင္အနီးက ဂံုးေက်ာ္တံတားတို႔ကို ေဖာက္ခြဲမႈေတြ ျပဳလုပ္ခဲ့တဲ့သူေတြပဲ ျဖစ္ပါတယ္။ အဲဒီအထဲကမွ ဇင္လင္း ေခၚ ႂကြယ္ႀကီးဟာ ဆရာဝန္တေယာက္ျဖစ္ပါတယ္။ အိမ္ေထာင္သည္တဦးျဖစ္ၿပီး ကေလးတေယာက္ ရွိပါတယ္။ တရားခံ ခင္ခင္ႂကြယ္ ေခၚ ခင္ေလးဟာ သူနာျပဳဆရာမတဦး ျဖစ္ပါတယ္။”
ကိုရန္ႏုိင္။ ။ ေနာက္ၿပီးေတာ့ ဒီမွာ ဒီျဖစ္စဥ္မွာပါတဲ့ ေဒါက္တာဇင္လင္းနဲ႔ သူနာျပဳဆရာမ မခင္ခင္ႂကြယ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဘာေတြမ်ား ထပ္ေျပာတာ ရွိပါလဲဗ်။
ကိုစည္သူႏိုင္။။ သူရွင္းျပတဲ့ထဲမွာပါတဲ့ ေဒါက္တာဇင္လင္း၊ ေသနတ္ႏွစ္လက္ကိုင္ ဆင္းလာၿပီးေတာ့ ပစ္တယ္ဆိုတဲ့ ေဒါက္တာဇင္လင္းနဲ႔ ေနာက္ ေသနတ္တလက္ကိုင္တယ္ဆိုတဲ့ သူနာျပဳဆရာမ အမ်ဳိးသမီးက သူတို႔ႏွစ္ေယာက္ဟာ စံုတြဲေတြျဖစ္တယ္လို႔သူက ေျပာတယ္။ သူတို႔ႏွစ္ေယာက္ဟာ လူမႈေရး ေဖာက္ျပန္ေနတဲ့ စံုတြဲျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္ခင္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒါက္တာဇင္လင္းဆိုတဲ့ အမ်ဳိးသားက ကေလးတေယာက္ရွိၿပီးေတာ့ ဇနီးရွိတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စံုစမ္းခ်က္အရ သိရတယ္လို႔ ေျပာပါတယ္။
ၿပီးေတာ့ အဲဒီ့ဇနီးကို စံုစမ္းေမးျမန္းဖို႔အတြက္ အမႈနဲ႔လံုးဝသက္ဆုိင္ျခင္းမရွိဘဲနဲ႔ စံုစမ္းေမးျမန္းဖို႔အတြက္ သူတို႔ ေခၚထားတယ္။ ေခၚတဲ့အခါမွာလည္း စစ္ေဆးေမးျမန္းတဲ့အခါမွာလည္း ဒီဇနီးသည္ဟာ ဒီအမႈနဲ႔ ပတ္သက္ျခင္းမရွိဘူး၊ ဒါေပမယ့္ လံုၿခံဳေရးအရ စစ္ေဆးေမးျမန္းေနတယ္။ ဖမ္းဆီးထားတာ လံုးဝမဟုတ္ဘူးဆိုၿပီးေတာ့ သူက ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာျပပါတယ္ဗ်။

တိုက္႐ိုက္ လင့္ခ္


======

Unicode

မြေနီကုန်းဖြစ်ရပ် စစ်ကောင်စီ အသေးစိတ်ရှင်းလင်း

စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းအရပ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုနဲ့ပတ်သက်လို့ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသေးစိတ် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
“ပြောပါတယ်ခင်ဗျ။ ဒီနေ့ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုံးစံအတိုင်း သတင်းစာရှင်းလင်းပွဲတွေမှာ ပါနေကျအတိုင်း “နိုင်ငံတဝန်း အကြမ်းဖက်လုပ်ငန်းတွေကို ဖော်ပြတယ်" ဆိုတဲ့ခေါင်းစဉ်အောက်ကနေ စက်တင်ဘာလ ၂၅ ရက်နေ့က စမ်းချောင်းမှာဖြစ်ခဲ့တဲ့အမှု၊ အခင်းဖြစ်တဲ့အကြောင်းပေါ့နော်၊ သူ ပြောပါတယ်။ အဲဒါကတော့ အဲဒီရက်တွေကတည်းက စမ်းချောင်းမှာ ညဘက်ပေါ့နော်၊ ပစ်သံခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက အဲဒီတုန်းကတည်းက ကျနော်တို့ စုံစမ်းသိရှိရတယ်၊ ပြီးတော့ တိုက်ပေါ်ကနေဆွဲချပြီးတော့ ရိုက်နှက်တယ်ဆိုတဲ့၊ အဲဒီအခင်းဖြစ်တဲ့နေရာမှာ ရိုက်နှက်တယ်လို့ ယူဆရတဲ့ ဗွီဒီယိုတခုလည်း မီဒီယာတခုကနေ တင်လိုက်တာကနေပြီးတော့ အွန်လိုင်းပေါ်မှာ အတော်လေး ပျံ့နှံ့တာတွေ့ရတယ်။ ထုတ်ပြန်ချက်လိုလို စာရွက်စာတမ်းတွေလည်း ပျံ့နံှ့လာတာတွေ့ရပြီးတော့ အတော်လေးရှုပ်ထွေးတဲ့ ဖြစ်စဉ်တခုအဖြစ် အဲဒီတုန်းကတော့ ကျနော်တို့ ရှုပ်ရှုပ်ထွေးထွေး မြင်ရတယ်။
ဒီနေ့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက် ထုတ်ပြန်ပါတယ်။ အဲဒီမှာတော့ သူက “အမျိုးသား၊ အမျိုးသမီး စုံတွဲရယ်၊ နောက်ထပ်အမျိုးသားနှစ်ယောက်ရယ်၊ စုစုပေါင်း ၄ ယောက်၊ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားတယ်ပေါ့နော်။ နောက်ပြီးတော့ လုံခြုံရေး ရဲတပ်ဖွဲဝင်တချို့လည်း သေဆုံးပြီး တချို့ဒဏ်ရာရတယ်” ဆိုတဲ့အကြောင်း သူက ကျနော်တို့ကို အခုလို ရှင်းပြတယ်ခင်ဗျ။
“ဝင်ရောက်ရှာဖွေစဉ်မှာပဲ အထဲကနေ လက်နက်ငယ်များနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ ဆက်လက်ပြီး တရားခံ ဇင်လင်းခေါ် ကြွယ်ကြီးက ပစ္စတိုသေနတ်နှစ်လက်၊ တရားခံ ခင်ခင်ကြွယ် ခေါ် ခင်လေးက ပစ္စတိုတလက်ကိုင်ပြီးတော့ လှေကားအတိုင်း ပြေးဆင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပါတယ်။ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာမှာ တရားခံနှစ်ဦးလုံးကို အသေ ဖမ်းဆီးရမိခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခန်းတွင်းမှာ ဆက်လက်ရှင်းလင်းတဲ့အခါမှာ တရားခံ ကျော်ကြီးနဲ့ ဝက်ကြီးဆိုတဲ့သူနှစ်ဦးကို ဆက်ပြီး အသေဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့နဲ့အတူ Glock ပစ္စတိုသေနတ်သုံးလက်၊ လက်ပစ်ဗုံးနှစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
"လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တချို့ ကျဆုံးခဲ့ရပါတယ်။ အချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဖမ်းဆီးရမိသူများဟာ စမ်းချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြေနီကုန်း မီးပွိုင့် CCTV နဲ့ တံတားဖြူမှတ်တိုင်အနီးက ဂုံးကျော်တံတားတို့ကို ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ဇင်လင်း ခေါ် ကြွယ်ကြီးဟာ ဆရာဝန်တယောက်ဖြစ်ပါတယ်။ အိမ်ထောင်သည်တဦးဖြစ်ပြီး ကလေးတယောက် ရှိပါတယ်။ တရားခံ ခင်ခင်ကြွယ် ခေါ် ခင်လေးဟာ သူနာပြုဆရာမတဦး ဖြစ်ပါတယ်။”
ကိုရန်နိုင်။ ။ နောက်ပြီးတော့ ဒီမှာ ဒီဖြစ်စဉ်မှာပါတဲ့ ဒေါက်တာဇင်လင်းနဲ့ သူနာပြုဆရာမ မခင်ခင်ကြွယ်တို့နဲ့ ပတ်သက်ပြီးတော့ရော ဘာတွေများ ထပ်ပြောတာ ရှိပါလဲဗျ။
ကိုစည်သူနိုင်။။ သူရှင်းပြတဲ့ထဲမှာပါတဲ့ ဒေါက်တာဇင်လင်း၊ သေနတ်နှစ်လက်ကိုင် ဆင်းလာပြီးတော့ ပစ်တယ်ဆိုတဲ့ ဒေါက်တာဇင်လင်းနဲ့ နောက် သေနတ်တလက်ကိုင်တယ်ဆိုတဲ့ သူနာပြုဆရာမ အမျိုးသမီးက သူတို့နှစ်ယောက်ဟာ စုံတွဲတွေဖြစ်တယ်လို့သူက ပြောတယ်။ သူတို့နှစ်ယောက်ဟာ လူမှုရေး ဖောက်ပြန်နေတဲ့ စုံတွဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာဇင်လင်းဆိုတဲ့ အမျိုးသားက ကလေးတယောက်ရှိပြီးတော့ ဇနီးရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စုံစမ်းချက်အရ သိရတယ်လို့ ပြောပါတယ်။
ပြီးတော့ အဲဒီ့ဇနီးကို စုံစမ်းမေးမြန်းဖို့အတွက် အမှုနဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘဲနဲ့ စုံစမ်းမေးမြန်းဖို့အတွက် သူတို့ ခေါ်ထားတယ်။ ခေါ်တဲ့အခါမှာလည်း စစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ဒီဇနီးသည်ဟာ ဒီအမှုနဲ့ ပတ်သက်ခြင်းမရှိဘူး၊ ဒါပေမယ့် လုံခြုံရေးအရ စစ်ဆေးမေးမြန်းနေတယ်။ ဖမ်းဆီးထားတာ လုံးဝမဟုတ်ဘူးဆိုပြီးတော့ သူက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြပါတယ်ဗျ။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG