သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနား မေနာပဲြ အစီအစဥ္ ဖ်က္သိမ္း


ကခ်င္ျပည္နယ္ မေနာ္ပြဲေတာ္က်င္းပေနစဥ္။

(Zawgyi/Unicode)

၇၂ ၾကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနား က်င္းပရာမွာ မေနာပဲြေတာ္ထည့္သြင္း မက်င္းပဖို႔ ဆံုးျဖတ္ခဲ့ၿပီး ျပည္နယ္အစိုးရ၀င္းအတြင္းမွာသာ က်င္းပဖုိ႔ ျပင္ဆင္ထားေၾကာင္း အစိုးရအဖဲြ႔တာ၀န္ရိွသူက ေျပာပါတယ္။ ဒီလိုမေနာပဲြေတာ္ မက်င္းပျဖစ္တာကေတာ့ ကခ်င္မ်ိဳးႏြယ္စုေတြအၾကားမွာ ဂ်ိန္းေဖာဆိုတဲ့ စကားလံုးနဲ႔ ကခ်င္ဆိုတဲ့ စကားလံုးသံုးစဲြဖို႔ သေဘာထား မတိုက္ဆုိက္တာေၾကာင့္ ျဖစ္ေၾကာင္း ကခ်င္ရိုးရာယဥ္ေက်းမႈအသင္း ဥကၠ႒က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

လာမယ့္ႏွစ္ ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ က်ေရာက္မယ့္ ၇၂ ၾကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကို ဇန္န၀ါရီလ ၅ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ျမစ္ၾကီးနားၿမိဳ႕က မေနာကြင္းမွာ မေနာပဲြေတာ္နဲ႔အတူ ေစ်းေရာင္းပဲြ၊ အားကစားပဲြ၊ ဇာတ္ပဲြ၊ ေတးဂီတပဲြေတြနဲ႔ ခမ္းခမ္းနားနား က်င္းပဖုိ႔အတြက္ ျပည္နယ္အစိုးရအဖဲြ႔ ဌာနဆုိင္ရာေတြနဲ႔ ကခ်င္ရိုးရာ ယဥ္ေက်းမႈအသင္းတို႔ ဒီလဆန္းပိုင္းက ေဆြးေႏြးခဲ့ၾကတာပါ။

ဒါေပမဲ့ ပဲြေတာ္ က်င္းပမယ့္ ေခါင္းစဥ္ကို အမည္ကဲြလဲြတာေၾကာင့္ မေနာပဲြေတာ္နဲ႔ အျခားပဲြေတြကို မက်င္းပျဖစ္ေတာ့ပဲ ကခ်င္ျပည္နယ္ အစိုးရရံုးမွာသာ တရက္တည္း က်င္းပျဖစ္ေတာ့မွာ ျဖစ္ေၾကာင္း ျပည္နယ္အစိုးရတာ၀န္ရိွသူ တဦးက ေျပာပါတယ္။

“ကခ်င္ျပည္နယ္ေန႔ေတာ့ အခုေလာေလာဆယ္ က်ေနာ္တုိ႔ ရံုး၀င္းထဲမွာပဲ လုပ္ဖုိ႔ စီစဥ္ထားပါတယ္။ မေနာပဲြက ကြင္းထဲမွာ မေနာပဲြ မျဖစ္ေတာ့ဘူး။ မျဖစ္ေတာ့ဘူး ဆိုတာက ဒီက သူတုိ႔ ေရးခ်င္တဲ့ စာသားနဲ႔ တဘက္က ေရးခ်င္းတဲ့ ကန္႔ကြက္တဲ့စာသားနဲ႔ ညိွႏိႈင္းတာသူတို႔ က်ေနာ္ သိရသေလာက္ အၾကမ္းဖ်ဥ္းေျပာရရင္ မေနာပဲြ က်င္းပေရးေကာ္မတီနဲ႔ ကခ်င္ရိုးရာယဥ္ေက်းမႈနဲ႔ စာေပအဖဲြ႔ခ်ဳပ္နဲ႔ စာလံုးေရြးခ်ယ္မႈက သေဘာထား မတိုက္ဆိုင္ၾကဘူး ျဖစ္ေနတာ။ အဲဒီအတြက္ က်ေနာ္တုိ႔က မေနာပဲြ မပါဘဲနဲ႔ပဲ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကို သတ္သတ္ပဲ လုပ္ေတာ့မွာ။”

အဓိကကေတာ့ အခမ္းအနားေခါင္းစဥ္ကို ဂ်ိန္းေဖာ ဘာသာစကားနဲ႔ ဂ်ိန္းေဖာမုန္းေဒၚ့အဲန္ထဲြ (Jinghphaw Mungdaw Nhtoi) နဲ႔ ကခ်င္မုန္းေဒၚ့ အဲန္ထဲြ (Kachin Mungdaw Nhtoi) ဆိုၿပီး ေရးသားဖု႔ိ အျငင္းပြားေနခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဒီလို အျငင္းပြားခဲ့ရတဲ့ အေျခအေနကို ကခ်င္လူမ်ိဳး ရိုးရာယဥ္ေက်းမႈအသင္း ဥကၠ႒ ဦးထံုဖူးဒဂုန္က အခုလုိ ေျပာပါတယ္။

“က်ေနာ္တို႔ ကခ်င္ဆိုတဲ့ ေနရာ ၆ မ်ိဳးကို ကခ်င္လို႔ ေခၚတာကိုး။ ဂ်ိန္းေဖာ။ ေလာ္ေ၀ၚ၊ ဇိုင္၀ါး၊ လခ်ိတ္၊ ရ၀မ္၊ လီဆူ စသည္ျဖင့္ ၆ မ်ိဳးေပါ့။ အဲလို ဂ်ိန္းေဖာလို ဂ်ိန္းေဖာ မုန္းေဒၚ့ အဲန္ထဲြ ဆိုတဲ့ဥစၥာ တုိက္ရိုက္ျမန္မာလို ျပန္မယ္ဆုိရင္ ဂ်ိန္းေဖာျပည္နယ္ေန႔ေပါ့။ ဆုိတဲ့အခါက်ေတာ့ က်ေနာ္တုိ႔ ျပည္နယ္ေန႔ေတာ့ မဟုတ္ေတာ့ဘူးလားဆိုတဲ့ အျမင္ရိွတယ္။ အခုဟာက အဲလို ေရးမယ္ဆုိလုိ႔ရိွရင္ေတာ့ က်ေနာ္တုိ႔ ၅မ်ိဳးကေတာ့ မပါေတာ့ဘူးဆုိၿပီးေတာ့မွ တဘက္က အဲလို တင္ျပလာတယ္။ တဘက္ကလည္း ဂ်ိန္းေဖာလို ေရးမယ္ဆုိလုိ႔ရိွရင္ ဂ်ိန္းေဖာမုန္းေဒၚ့ အဲန္ထဲြပဲ ေရးရမယ္ဆိုၿပီး တဘက္က တင္ျပလာတယ္။”

ဒီလုိ စာလံုးကဲြျပားမႈအေပၚ မညိွႏိႈင္းႏိုင္တာေၾကာင့္ လာမယ့္ ကခ်င္ျပည္နယ္ေန႔မွာ မေနာပဲြေတာ္နဲ႔ အျခားပဲြလမ္းသဘင္ေတြ မထည့္သြင္းဖုိ႔ ျပည္နယ္အစိုးရက ဆံုးျဖတ္ခဲ့တာပါ။

ကခ်င္ျပည္နယ္ေန႔ အခမ္းအနားေတြမွာ ဂ်ိန္းေဖာဆိုတဲ့ စကားလံုးကို ႏွစ္ေပါင္း ၇၀ ေက်ာ္ အသံုးျပဳခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ဂ်ိန္းေဖာအစား ကခ်င္လို႔ ေရးသားခဲ့တာေၾကာင့္ အခမ္းအနားမုဒ္ဦးကို မီးရိႈ႔ဖ်က္ဆီးခံခဲ့ၿပီး မူလ ဂိ်န္းေဖာစကားလံုးကို ျပန္လည္ အသံုးျပဳခဲ့ရပါတယ္။

ဒီလို စကားလံုးကဲြျပားေနမႈအေပၚမွာေတာ့ အျမင္ကဲြျပားမႈ ရိွႏိုင္တဲ့ ဂ်ိန္းေဖာမ်ိဳးႏြယ္စု အၾကားမွာျဖစ္ေစ၊ ဒါမွမဟုတ္ လူမ်ိဳးစု ၆ စုအားလံုး အၾကားမွာျဖစ္ေစ ညီလာခံက်င္းပၿပီး ဆံုးျဖတ္ဖို႔ လုိေၾကာင္းလည္း ကခ်င္လူမ်ိဳး ရိုးရာယဥ္ေက်းမႈအသင္း ဥကၠ႒ ဦးထံုဖူးဒဂုန္ကေျပာပါတယ္။

ဒီကေန႔မွာေတာ့ မ်ိဳးႏြယ္စု ၆ စုက ေခါင္းေဆာင္ေတြအၾကားမွာ ေဆြးေႏြးခဲ့ၿပီး မူလ က်င္းပဖို႔ ျပင္ဆင္ခဲ့တဲ့ မေနာပဲြေတာ္ကို ေဖေဖာ္၀ါရီလ ၁ ရက္ကေန ၈ ရက္ေန႔အထိ ကခ်င္လူမ်ိဳးရိုးရာယဥ္ေက်းမႈ မေနာပဲြေတာ္ ေခါင္းစဥ္နဲ႔ က်င္းပဖုိ႔အတြက္ အစိုးရဆီမွာ ခြင့္ျပဳမိန္႔ေတာင္းခံထားပါတယ္။

ျမစ္ႀကီးနား မေနာပဲြ အစီအစဥ္ ဖ်က္သိမ္း
please wait

No media source currently available

0:00 0:03:43 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြစ်ကြီးနား မနောပွဲ အစီအစဉ် ဖျက်သိမ်း

၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရာမှာ မနောပွဲတော်ထည့်သွင်း မကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီး ပြည်နယ်အစိုးရဝင်းအတွင်းမှာသာ ကျင်းပဖို့ ပြင်ဆင်ထားကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒီလိုမနောပွဲတော် မကျင်းပဖြစ်တာကတော့ ကချင်မျိုးနွယ်စုတွေအကြားမှာ ဂျိန်းဖောဆိုတဲ့ စကားလုံးနဲ့ ကချင်ဆိုတဲ့ စကားလုံးသုံးစွဲဖို့ သဘောထား မတိုက်ဆိုက်တာကြောင့် ဖြစ်ကြောင်း ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လာမယ့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြစ်ကြီးနားမြို့က မနောကွင်းမှာ မနောပွဲတော်နဲ့အတူ စျေးရောင်းပွဲ၊ အားကစားပွဲ၊ ဇာတ်ပွဲ၊ တေးဂီတပွဲတွေနဲ့ ခမ်းခမ်းနားနား ကျင်းပဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာတွေနဲ့ ကချင်ရိုးရာ ယဉ်ကျေးမှုအသင်းတို့ ဒီလဆန်းပိုင်းက ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမဲ့ ပွဲတော် ကျင်းပမယ့် ခေါင်းစဉ်ကို အမည်ကွဲလွဲတာကြောင့် မနောပွဲတော်နဲ့ အခြားပွဲတွေကို မကျင်းပဖြစ်တော့ပဲ ကချင်ပြည်နယ် အစိုးရရုံးမှာသာ တရက်တည်း ကျင်းပဖြစ်တော့မှာ ဖြစ်ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူ တဦးက ပြောပါတယ်။

“ကချင်ပြည်နယ်နေ့တော့ အခုလောလောဆယ် ကျနော်တို့ ရုံးဝင်းထဲမှာပဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ မနောပွဲက ကွင်းထဲမှာ မနောပွဲ မဖြစ်တော့ဘူး။ မဖြစ်တော့ဘူး ဆိုတာက ဒီက သူတို့ ရေးချင်တဲ့ စာသားနဲ့ တဘက်က ရေးချင်းတဲ့ ကန့်ကွက်တဲ့စာသားနဲ့ ညှိနှိုင်းတာသူတို့ ကျနော် သိရသလောက် အကြမ်းဖျဉ်းပြောရရင် မနောပွဲ ကျင်းပရေးကော်မတီနဲ့ ကချင်ရိုးရာယဉ်ကျေးမှုနဲ့ စာပေအဖွဲ့ချုပ်နဲ့ စာလုံးရွေးချယ်မှုက သဘောထား မတိုက်ဆိုင်ကြဘူး ဖြစ်နေတာ။ အဲဒီအတွက် ကျနော်တို့က မနောပွဲ မပါဘဲနဲ့ပဲ ကချင်ပြည်နယ်နေ့ အခမ်းအနားကို သတ်သတ်ပဲ လုပ်တော့မှာ။”

အဓိကကတော့ အခမ်းအနားခေါင်းစဉ်ကို ဂျိန်းဖော ဘာသာစကားနဲ့ ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲ (Jinghphaw Mungdaw Nhtoi) နဲ့ ကချင်မုန်းဒေါ့် အဲန်ထွဲ (Kachin Mungdaw Nhtoi) ဆိုပြီး ရေးသားဖို့ အငြင်းပွားနေခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီလို အငြင်းပွားခဲ့ရတဲ့ အခြေအနေကို ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးထုံဖူးဒဂုန်က အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်ဆိုတဲ့ နေရာ ၆ မျိုးကို ကချင်လို့ ခေါ်တာကိုး။ ဂျိန်းဖော။ လော်ဝေါ်၊ ဇိုင်ဝါး၊ လချိတ်၊ ရဝမ်၊ လီဆူ စသည်ဖြင့် ၆ မျိုးပေါ့။ အဲလို ဂျိန်းဖောလို ဂျိန်းဖော မုန်းဒေါ့် အဲန်ထွဲ ဆိုတဲ့ဥစ္စာ တိုက်ရိုက်မြန်မာလို ပြန်မယ်ဆိုရင် ဂျိန်းဖောပြည်နယ်နေ့ပေါ့။ ဆိုတဲ့အခါကျတော့ ကျနော်တို့ ပြည်နယ်နေ့တော့ မဟုတ်တော့ဘူးလားဆိုတဲ့ အမြင်ရှိတယ်။ အခုဟာက အဲလို ရေးမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ၅မျိုးကတော့ မပါတော့ဘူးဆိုပြီးတော့မှ တဘက်က အဲလို တင်ပြလာတယ်။ တဘက်ကလည်း ဂျိန်းဖောလို ရေးမယ်ဆိုလို့ရှိရင် ဂျိန်းဖောမုန်းဒေါ့် အဲန်ထွဲပဲ ရေးရမယ်ဆိုပြီး တဘက်က တင်ပြလာတယ်။”

ဒီလို စာလုံးကွဲပြားမှုအပေါ် မညှိနှိုင်းနိုင်တာကြောင့် လာမယ့် ကချင်ပြည်နယ်နေ့မှာ မနောပွဲတော်နဲ့ အခြားပွဲလမ်းသဘင်တွေ မထည့်သွင်းဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့တာပါ။

ကချင်ပြည်နယ်နေ့ အခမ်းအနားတွေမှာ ဂျိန်းဖောဆိုတဲ့ စကားလုံးကို နှစ်ပေါင်း ၇၀ ကျော် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဂျိန်းဖောအစား ကချင်လို့ ရေးသားခဲ့တာကြောင့် အခမ်းအနားမုဒ်ဦးကို မီးရှို့ဖျက်ဆီးခံခဲ့ပြီး မူလ ဂျိန်းဖောစကားလုံးကို ပြန်လည် အသုံးပြုခဲ့ရပါတယ်။

ဒီလို စကားလုံးကွဲပြားနေမှုအပေါ်မှာတော့ အမြင်ကွဲပြားမှု ရှိနိုင်တဲ့ ဂျိန်းဖောမျိုးနွယ်စု အကြားမှာဖြစ်စေ၊ ဒါမှမဟုတ် လူမျိုးစု ၆ စုအားလုံး အကြားမှာဖြစ်စေ ညီလာခံကျင်းပပြီး ဆုံးဖြတ်ဖို့ လိုကြောင်းလည်း ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးထုံဖူးဒဂုန်ကပြောပါတယ်။

ဒီကနေ့မှာတော့ မျိုးနွယ်စု ၆ စုက ခေါင်းဆောင်တွေအကြားမှာ ဆွေးနွေးခဲ့ပြီး မူလ ကျင်းပဖို့ ပြင်ဆင်ခဲ့တဲ့ မနောပွဲတော်ကို ဖေဖော်ဝါရီလ ၁ ရက်ကနေ ၈ ရက်နေ့အထိ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု မနောပွဲတော် ခေါင်းစဉ်နဲ့ ကျင်းပဖို့အတွက် အစိုးရဆီမှာ ခွင့်ပြုမိန့်တောင်းခံထားပါတယ်။

XS
SM
MD
LG