သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးစစ်သား ၄၂ ဦး မိဘရပ်ထံပြန်အပ်


A man walks on a snowy road in Towson, Maryland. Residents along the East Coast and in the Appalachians woke up to snow and government workers and students in the Washington region were told to stay home as the area saw a round of snow that came just a few days after some parts already got several inches.
A man walks on a snowy road in Towson, Maryland. Residents along the East Coast and in the Appalachians woke up to snow and government workers and students in the Washington region were told to stay home as the area saw a round of snow that came just a few days after some parts already got several inches.
ကလေးစစ်သား အသုံးပြုမှုနဲ့ အဓမ္မစေခိုင်းမှုမျိုးစုံ ပပျောက်ရေးအတွက် မြန်မာအစိုးရ၊ ILO နိုင်ငံ တကာ အလုပ်သမား အဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့တို့ကြား ရရှိထားတဲ့သဘောတူညီချက်အရ မြန်မာ အာဏာပိုင်တွေဘက်က ကလေးစစ်သား ၄၂ ယောက်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနကတဆင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ရှေ့မှာ သက်ဆိုင်ရာ မိဘတွေထံ ပြန်လည် လွှဲပြောင်းပေးအပ်ပေးခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံရသူတွေကို မိဘတွေထံ ပြန်လည် အပ်နှံခဲ့တာပါ။ ဒါပေမဲ့လည်း ကလေးတွေကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကနေ ပညာရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို လုပ်ဆောင်ပေးသွားမဲ့အကြောင်း ဒီနေ့ အခမ်းအနားကိုတက်ရောက်ခဲ့သူ ILO အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးက ပူးပေါင်း ဆောင်ရွက်ရေးမှူး ဦးချစ်တင်ကပြောပါတယ်။

“မနက်က ၄၂ ယောက်ကို တပ်မတော်ကနေပြီးတော့မှ လူမှုဝန်ထမ်းအဖွဲ့ကို ပြန်ပြီးတော့ လွဲှအပ်ပေး ပါတယ်။ ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေအားလုံးပေါ့နော်- ကုလသမဂ္ဂ ဌာနေ စောင့်ကြည့်ရေးနဲ့ သတင်းပို့ရေးအဖွဲ့ဆိုတာရဲ့ရှေ့မှာ လွဲှပြောင်းပေးပါတယ်။ မိဘတွေအားလုံး တက်ရောက်ကြပါတယ်။ သူတို့အတွက်ကို အင်တာဗျူးလုပ်မယ်၊ သူတို့အတွက် လိုအပ်မယ့် လုပ်ငန်းခွင် ပညာသင်ဖို့ လုပ်မလား၊ တခုခု သူတို့အတွက် လုပ်ပေးဖို့ နိုင်ငံတော်က လုပ်ပေးနေပါတယ်။”

မြန်မာနိုင်ငံမှာ ကလေးစစ်သားအဖြစ် စုဆောင်းမှုတွေဟာ တပ်မတော်အတွင်းက တပ်ရင်းတပ်ဖွဲ့ တိုင်းမှာ ရှိနေပြီး အဓိက-ကတော့ တပ်မတော်က တပ်သားသစ် အင်အားစုဆောင်းရေးကို အထက် အဆင့်ဆင့်က လုပ်ဆောင်ခိုင်းတဲ့အတွက် မဖြစ်မနေ စုဆောင်းလာရာကနေ အခုလို ကလေး စစ်သားတွေကိုပါ စုဆောင်းမှုတွေ ဖြစ်လာရတယ်လို့ ရှမ်းပြည်နယ်မှာ တာဝန်ကျနေတဲ့ တပ်မတော်က အရာရှိတဦးက အခုလိုပြောပါတယ်။

“၄ လပတ်၊ သုံးကြိမ်လောက် တပ်သားသစ်မရဘူးဆိုရင် အရေးယူခံရတယ်ဗျ။ အရေးယူတာက စစချင်းကတော့ ပထမ တကြိမ်၊ နှစ်ကြိမ်မှာတော့ ဆူပူတာတွေ ကြိမ်းမောင်းတာတွေပေါ့ဗျာ။ အဲဒါတွေက သုံးကြိမ်လောက်ဆိုရင်တော့ တပ်မမှူးအဆင့်က သတိပေးဆုံးမတာ ရှိတယ်ဗျ။ ပုံမှန်ဆိုရင်တော့ တလကို ငါးဦးပေါ့။ ကျနော်တို့က စစ်သားသစ် မစုဆောင်းနိုင်ရင် လူကြီးတွေ ကလည်း သူတို့အပြစ်လို့ မထင်ဘဲ ကျနော်တို့ တပ်မှူးတွေကိုပဲ လွဲှလွဲှချတာကို သွားတွေ့ရတယ်ဗျ။ တကယ်ဆိုရင် စဉ်းစားရမှာက တပ်မတော်ကို ဘာကြောင့် မဝင်ချင်ကြတာလဲဆိုတာတွေ မစဉ်းစားကြ ဘူး။ ကိုယ်က ဘာလဲဆိုတော့ အဆူမခံရအောင်၊ အဆဲမခံရအောင်၊ ရာထူးတက်တာကို မထိခိုက်အောင် ဆိုပြီးတော့မှ ကိုယ်က အကုန်အကျခံပြီး အပ်ရတာ။ အဲဒီကနေပြီးတော့မှ တပ်သားသစ်က ကလေးစစ်သားတွေလည်း ပါလာတာပေါ့ဗျာ။”

ဒီနေ့ မိဘရပ်ထံ ပြန်လည်အပ်နံှတဲ့ ကလေးအများစုဟာ အသက် ၁၇ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ တချို့ကတော့ စစ်ထဲရောက်ချိန်က အသက်မပြည့်သေးပေမဲ့ စစ်ထဲရောက်ပြီးမှ အသက်ပြည့်သွားတဲ့ ကလေးတွေလည်း ရှိနေခဲ့တာပါ။ ဒီကလေးတွေဆိုရင် စစ်တပ်ထဲမနေချင်လို့ ထွက်ပြေးတဲ့အခါ တပ်ပြေးအဖြစ် ပြန်အဖမ်းခံရတဲ့ စစ်စခန်းတွေက ထောင် တွေကို ထပ်မံ ပို့ဆောင်ခံနေရဆဲ ရှိနေပါတယ်။

အခုကြိမ်ဟာ ကလေးစစ်သားတွေအဖြစ် လက်ခံပြီး မိဘထံ လူသိရှင်ကြားအပ်နှံတာဟာ မြန်မာ အစိုးရသစ် လက်ထက်မှာ ပထမဆုံး အကြိမ်လည်းဖြစ်ပြီး စစ်တပ်ထဲမှာ ကလေးစစ်သားရှိတယ် ဆိုတာကို လက်ခံလိုက်တာလို့လည်း ကလေးအခွင့်အရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။ ကလေးတွေကို စစ်မှုထမ်းခြင်းကနေ ကာကွယ်ပေးဖို့အတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ကြားမှာ ပြီးခဲ့တဲ့ဇွန်လကမှ သဘောတူညီမှုရခဲ့တာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG