သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

MyTel ထိပ္တန္းအရာရွိတဦး ပစ္ခတ္ လုပ္ႀကံခံရ


MyTel Logo

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္ပိုင္ ဆက္သြယ္ေရးကုမၸဏီ MyTel က အရာရွိတဦး ရန္ကုန္ၿမိဳ႕က ေနအိမ္အနီးမွာ ဒီကေန႔မနက္ပိုင္းက ေသနတ္နဲ႔ ပစ္ခတ္ လုပ္ႀကံခံခဲ့ရတဲ့အေၾကာင္း စစ္ေကာင္စီ ျပန္ၾကားေရးက အတည္ျပဳ ေျပာဆိုပါတယ္။

Mytel ကုမၸဏီရဲ႕ ဘ႑ာေရးအရာရွိခ်ဳပ္ တာဝန္ယူထားသူ အၿငိမ္းစားဗိုလ္မွဴးတဦးျဖစ္တဲ့ ဦးသိန္းေအာင္ ဟာ မရမ္းကုန္းၿမိဳ႕နယ္ (၇) ရပ္ကြက္ သူ႔ေနအိမ္အနီးမွာပဲ ဇနီးသည္နဲ႔အတူ လမ္းေလွ်ာက္ ျပန္လာတဲ့အခ်ိန္ လက္နက္ကိုင္ အၾကမ္းဖက္သမားရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသနတ္ထိမွန္ ေသဆံုးခဲ့ၿပီး ဇနီးျဖစ္သူကေတာ့ ရန္ကုန္ေဆးရံုႀကီးမွာ ေဆးဝါးကုသခံယူေနရတဲ့အေၾကာင္း စစ္ေကာင္စီ ျပန္ၾကားေရးက သတင္းမီဒီယာေတြကို တု႔ံျပန္ ေျဖၾကားထားပါတယ္။

မၾကာေသးခင္ လပိုင္းေတြကတည္းက Mytel ဆက္သြယ္ေရးကုမၸဏီရဲ႕ တာဝါတိုင္ေတြကို ပစ္မွတ္ထား တိ္ုက္ခိုက္မႈေတြ တိုးလာခဲ့ၿပီး အခု ကုမၸဏီ ထိပ္တန္းအရာရွိတဦးကို လုပ္ႀကံမႈ ေပၚေပါက္ခဲ့တာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ ေနာက္ဆက္တြဲအျဖစ္နဲ႔ အခုေနာက္ပိုင္းမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြဘက္ကေရာ အရပ္ဘက္ PDF လက္နက္ကိုင္အဖြဲ႔ေတြဘက္ကပါ အျပန္အလွန္ ပစ္ခတ္ သတ္ျဖတ္မႈေတြ ျဖစ္ေပၚေနတာဟာ ဥပေဒနဲ႔ မညီၫြတ္တဲ့လုပ္ရပ္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕က တရားလႊတ္ေတာ္ေရွ႕ေနတဦးက သုံးသပ္ပါတယ္။

“တရားဥပေဒစိုးမိုးေရးသည္ အလုံးစုံ ပ်က္သုဥ္းေနတဲ့ အေနအထားမ်ိဳးေပါ့ေႏွာ္။ တကယ္တမ္းကေတာ့ ႏိုင္ငံတႏိုင္ငံေပါ့၊ ႏိုင္ငံတႏိုင္ငံ၊ လူ႔ဖြဲ႕အစည္းတခုမွာ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ အင္အားစုေတြ အခ်င္းခ်င္းေပါ့ ႏိုင္ငံေရးအာဏာကို ရရွိေရးအတြက္ ယွဥ္ၿပိဳင္ၾကတာေတြ၊ တြန္းထိုး႐ုန္းကန္ၾကတာေတြ၊ တဦးနဲ႔တဦး အာဏာကို ထိန္းသိမ္းတာေတြ၊ ရယူတာေတြ ဒါေတြကေတာ့ ႏိုင္ငံေရး သဘာဝအရရွိၾကမွာပဲ ႏိုင္ငံတိုင္းမွာ၊ ျမန္မာႏိုင္ငံအေနနဲ႔လည္း ဒါမ်ိဳးေတြကို ႀကဳံခဲ့ဖူးၿပီးၿပီေပါ့ေနာ္။ သို႔ေသာ္ အေရးႀကီးတာက ဒီႏိုင္ငံေရးအာဏာ ရယူေရးအတြက္ ႏိုင္ငံေရး အင္အားစုအခ်င္းခ်င္း ႐ုန္းကန္ၾကတာေၾကာင့္ လူ႔အဖြဲ႕အစည္းတခုလုံးနဲ႔ ဆိုင္တဲ့ တရားဥပေဒစိုးမိုးေရးနဲ႔ တရားစီရင္ေရးစနစ္ေတြက ပ်က္သြားလို႔မရဘူး။”

MyTel ထိပ္တန္းအရာရွိတဦး အသတ္ခံရတဲ့ျဖစ္ရပ္ကေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စစ္ေကာင္စီနဲ႔ ပတ္သက္ဆက္ႏြယ္ေနတဲ့ ရာထူးအႀကီးဆုံး တာဝန္ရွိသူတဦး ပထမဆုံးအႀကိမ္ လုပ္ႀကံ သတ္ျဖတ္ခံရတာလည္း ျဖစ္ပါတယ္။

သူ႔ကို ဘယ္လူပုဂၢဳိလ္၊ အဖြဲ႔အစည္းက လုပ္ၾကံသတ္ျဖတ္တယ္ဆိုတာေတာ့ အတိအက် အသိရေသးပါဘူး။

MyTel ထိပ္တန္းအရာရွိတဦး ပစ္ခတ္ လုပ္ႀကံခံရ
please wait

No media source currently available

0:00 0:02:07 0:00
တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

MyTel ထိပ်တန်းအရာရှိတဦး ပစ်ခတ် လုပ်ကြံခံရ

မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ MyTel က အရာရှိတဦး ရန်ကုန်မြို့က နေအိမ်အနီးမှာ ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရတဲ့အကြောင်း စစ်ကောင်စီ ပြန်ကြားရေးက အတည်ပြု ပြောဆိုပါတယ်။

Mytel ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် တာဝန်ယူထားသူ အငြိမ်းစားဗိုလ်မှူးတဦးဖြစ်တဲ့ ဦးသိန်းအောင် ဟာ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက် သူ့နေအိမ်အနီးမှာပဲ ဇနီးသည်နဲ့အတူ လမ်းလျှောက် ပြန်လာတဲ့အချိန် လက်နက်ကိုင် အကြမ်းဖက်သမားရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသခံယူနေရတဲ့အကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းမီဒီယာတွေကို တုံ့ပြန် ဖြေကြားထားပါတယ်။

မကြာသေးခင် လပိုင်းတွေကတည်းက Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလာခဲ့ပြီး အခု ကုမ္ပဏီ ထိပ်တန်းအရာရှိတဦးကို လုပ်ကြံမှု ပေါ်ပေါက်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ဆက်တွဲအဖြစ်နဲ့ အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်ကရော အရပ်ဘက် PDF လက်နက်ကိုင်အဖွဲ့တွေဘက်ကပါ အပြန်အလှန် ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့လုပ်ရပ်ဖြစ်ကြောင်း ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ်ပါတယ်။

“တရားဥပဒေစိုးမိုးရေးသည် အလုံးစုံ ပျက်သုဉ်းနေတဲ့ အနေအထားမျိုးပေါ့နှော်။ တကယ်တမ်းကတော့ နိုင်ငံတနိုင်ငံပေါ့၊ နိုင်ငံတနိုင်ငံ၊ လူ့ဖွဲ့အစည်းတခုမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေ အချင်းချင်းပေါ့ နိုင်ငံရေးအာဏာကို ရရှိရေးအတွက် ယှဉ်ပြိုင်ကြတာတွေ၊ တွန်းထိုးရုန်းကန်ကြတာတွေ၊ တဦးနဲ့တဦး အာဏာကို ထိန်းသိမ်းတာတွေ၊ ရယူတာတွေ ဒါတွေကတော့ နိုင်ငံရေး သဘာဝအရရှိကြမှာပဲ နိုင်ငံတိုင်းမှာ၊ မြန်မာနိုင်ငံအနေနဲ့လည်း ဒါမျိုးတွေကို ကြုံခဲ့ဖူးပြီးပြီပေါ့နော်။ သို့သော် အရေးကြီးတာက ဒီနိုင်ငံရေးအာဏာ ရယူရေးအတွက် နိုင်ငံရေး အင်အားစုအချင်းချင်း ရုန်းကန်ကြတာကြောင့် လူ့အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးစနစ်တွေက ပျက်သွားလို့မရဘူး။”

MyTel ထိပ်တန်းအရာရှိတဦး အသတ်ခံရတဲ့ဖြစ်ရပ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ရာထူးအကြီးဆုံး တာဝန်ရှိသူတဦး ပထမဆုံးအကြိမ် လုပ်ကြံ သတ်ဖြတ်ခံရတာလည်း ဖြစ်ပါတယ်။

သူ့ကို ဘယ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်တယ်ဆိုတာတော့ အတိအကျ အသိရသေးပါဘူး။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyTel #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG