သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားတွေ ဝါဒမဖြန့်ဖို့ မြောက်ကိုရီးယားသတိပေး


မြောက်ကိုရီးယားခေါင်းဆောင်ကို အမေရိကန် ထောက်လှမ်းရေးက လုပ်ကြံမယ့်အကြောင်း ဟာသကား "The Interview" ရုပ်ရှင်ပိုစတာ။
မြောက်ကိုရီးယားခေါင်းဆောင်ကို အမေရိကန် ထောက်လှမ်းရေးက လုပ်ကြံမယ့်အကြောင်း ဟာသကား "The Interview" ရုပ်ရှင်ပိုစတာ။

The Interview DVD ရုပ်ရှင်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို လွှတ်တင်မယ်ဆိုရင် ဒီမိုးပျံပူဖောင်းတွေကို ပစ်ချပစ်မယ်လို့ မြောက် ကိုရီးယားစစ်ဘက်က ခြိမ်းခြောက် ပြောဆိုပါတယ်။ လုံခြံရေးတင်းကျပ်ထားတဲ့ တောင်နဲ့မြောက် နှစ်နိုင်ငံနယ်စပ်မှာ အခုလို မိုးပျံပူဖောင်းတွေလွှတ်တင်ဖို့တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက စီစဉ်နေတာပါ။

The Interview ရုပ်ရှင်ဟာ CIA အမေရိကန် ထောက်လှမ်းရေးအေဂျင်စီကနေ အသစ်ခန့်ထားခဲ့တဲ့ သတင်းထောက်နှစ်ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကားဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီရုပ်ရှင် DVD တွေနဲ့အတူ ဝါဒဖြန့် စာရွက်စာတမ်း ငါးသိန်းလောက်ကိုလည်း တောင်နဲ့မြောက်ကိုရီးယားနယ်စပ်က စစ်မဲ့ဇန်မှာ မတ်လ ၂၆ ရက် ဒါမှမဟုတ် အဲဒီရက်ဝန်းကျင်မှာ လွှတ်တင်မှာပါ။

မြောက်ကိုရီးယား သတင်းဌာန KCNA က တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေရဲ့ဒီအစီအစဉ်ဟာ စစ်ပွဲတရပ် စတင်ဖို့ ကြေညာလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားပိုင်နက်အတွင်းကို ပစ်ခတ်မယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားဘက်ကလည်း ပြောပါတယ်။ တောင်ကိုရီးယားဘက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံတွေကတော့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဒီဆောင်ရွက်ချက်ကြောင့်သူတို့အပေါ် ပစ်မှတ်ထား တိုက်ခိုက်နိုင်တဲ့အန္တရာယ် ကြုံတွေ့ရနိုင်တယ်ဆိုပြီး မကျေနပ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG