သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် ခြံစည်းရိုးကာမဲ့ကိစ္စ နာဂလန်းပြည်နယ်လွှတ်တော် ကန့်ကွက်


အိန္ဒိယနဲ့ မြန်မာအကြား နယ်စပ်တလျှောက် ခြံစည်ရိုး
အိန္ဒိယနဲ့ မြန်မာအကြား နယ်စပ်တလျှောက် ခြံစည်ရိုး

အိန္ဒိယနဲ့ မြန်မာအကြား နယ်စပ်တလျှောက် ခြံစည်းရိုးခတ်မယ့် အိန္ဒိယဗဟိုအစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ကြောင်း (Nagaland) နာဂလန်းပြည်နယ်လွှတ်တော်က မတ်လ ၁ ရက်၊ သောကြာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

နှစ်ပေါင်း ၄၀ ကျော်ကြာ တည်ရှိခဲ့တဲ့ နှစ်နိုင်ငံနယ်စပ် တဘက်တချက်စီမှာ နေထိုင်ကြတဲ့ မျိုးနွယ်တူ လူမျိုးစုတွေအကြား နယ်ခြားမျဉ်းကို ဖြတ်ကျော်ပြီး ၁၀ မိုင်လောက်အထိ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေမပါဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ရှိတဲ့ Free Movement Regime (FMR) သဘောတူညီချက်ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်ရိုးခတ်မယ့် အစီအစဉ်ကို အိန္ဒိယဗဟိုအစိုးရက အခုနှစ် အစောပိုင်းမှာ စတင်ပြောဆိုလာတာပါ။

နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင် ကန့်သတ်လိုက်မယ်ဆိုရင် နှစ်နိုင်ငံစလုံးမှာ ရှိနေကြတဲ့ နာဂ လူမျိုးစုတွေအကြား သမိုင်းနဲ့ချီ တည်ရှိလာခဲ့တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေနဲ့ လူမှုစီးပွားရေးကို ထိခိုက်နစ်နာစေနိုင်ကြောင်း နာဂလန်းပြည်နယ် ဒုတိယဝန်ကြီးချုပ် Y. Patton ကလည်း မနေ့ မတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။

နယ်စပ်ဒေသတလျှောက် လွတ်လပ်စွာ သွားလာခွင့်နဲ့ ပတ်သက်လို့ ပြောင်းလဲပြင်ဆင်မှုတွေ လုပ်ဆောင်မယ်ဆိုရင် ဒေသခံ လူမှုအသိုက်အဝန်းနဲ့ ကျေးရွာကောင်စီက တာဝန်ရှိသူတွေနဲ့ အိန္ဒိယ ဗဟိုအစိုးရအနေ တိုင်ပင်လုပ်ဆောင်ဖို့ နာဂပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီ နယ်စပ်ခြံစည်းရိုးခတ်မယ့် အိန္ဒိယဗဟိုအစိုးရရဲ့ အစီအစဥ်ကို ကန့်ကွက်ကြောင်း (Mizoram) မီဇိုရမ်ပြည်နယ်လွှတ်တော်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မဲခွဲအတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Forum

XS
SM
MD
LG