သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂါဆာကီမြို့ အဏုမြူဗုံးကြဲသည့် (၆၈) ကြိမ်မြောက် နှစ်ပတ်လည်ပွဲကျင်းပ


၁၉၄၅၊ သြဂုတ်လ ၉ ရက်နေ့က ဗုံးကြဲခံရသည့် နာဂါဆာကီမြို့နေပြည်သူများ (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ သေဆုံးခဲ့သူများအတွက် ဝတ်ပြုဆုတောင်းစဉ်။ (၀၈-၀၉-၁၃)
၁၉၄၅၊ သြဂုတ်လ ၉ ရက်နေ့က ဗုံးကြဲခံရသည့် နာဂါဆာကီမြို့နေပြည်သူများ (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ သေဆုံးခဲ့သူများအတွက် ဝတ်ပြုဆုတောင်းစဉ်။ (၀၈-၀၉-၁၃)
ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့မှာ နာကာဆာကီတမြို့လုံးပျက်စီးသွားပြီး ဒုတိယကမ္ဘာစစ်ကိုပါ အဆုံးသတ်သွားစေခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကနေ နာကာဆာကီမြို့ကို အဏုမြူဗုံးကြဲခဲ့တဲ့ (၆၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို နာကာဆာကီမြို့မှာ ကျင်းပပါတယ်။

နျူကလီယားအသုံးပြုမှုကို ကန့်ကွက်တဲ့ကြေညာချက်အပေါ်မှာ ဂျပန်အစိုးရအနေနဲ့ သဘောတူလက်မှတ်ရေးထိုးဖို့ ငြင်းဆန်တဲ့အပေါ် နာကာဆာကီ မြို့တော်ဝန်ဖြစ်တဲ့ Tomihisa Taue က သောကြာနေ့မှာပြုလုပ်တဲ့ အဲဒီအခမ်းအနားအတွင်း ပြစ်တင်ဝေဖန်သွားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက လက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံတကာညီလာခံတစ်ခုမှာ သဘောတူလက်မှတ်ထိုးဖို့အတွက် သူတို့ တိုက်တွန်းခဲ့ကြတာပါ။

ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အဏုမြူ ဗုံးကြဲချခံရပြီးမြင်ကွင်း။
ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အဏုမြူ ဗုံးကြဲချခံရပြီးမြင်ကွင်း။


ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုဟာ ဟီရိုရှီးမားမြို့ကို ၁၉၄၅ ခု၊ သြဂုတ်လ (၆) ရက်နေ့မှာ အဏုမြူဗုံးကြဲချခဲ့တာပါ။ အဲဒီမှာတော့ လူပေါင်း (၁) သိန်း၊ (၄) သောင်း အသက် ဆုံးရှုံးခဲ့ပါတယ်။ နောက် သုံးရက်အကြာ သြဂုတ်လ (၉) ရက်နေ့မှာတော့ ဂျပန်နိုင်ငံ၊ နာကာဆာကီမြို့ကို အမေရိကန်ပြည်ထောင်စုကနေပြီးတော့ ဒုတိယမြောက် နျူကလီယားဗုံးကြဲပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ နာကာဆာကီမြို့မှာတော့ အဏုမြူဗုံးကြောင့် လူပေါင်း (၇) သောင်းလောက် သေဆုံးခဲ့ရပါတယ်။

ဟီရိုရှီးမားမြို့မှာတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတုန်းက ဟီရိုရှီးမား အဏုမြူဗုံးအကြဲခံခဲ့ရတဲ့နှစ်ပတ်လည်နေ့ ပြုလုပ်ပါတယ်။ အဲဒီမှာ လူပေါင်း (၅)သောင်းလောက် တက်ရောက်ပြီးတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စကားပြောပါတယ်။ နျူကလီယားလက်နက် အဆုံးသတ် ပိတ်ပင်တားဆီးနိုင်ဖို့ ဂျပန်နိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဂျပန်လူထုကို ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG