သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nagasaki နျူကလီယားဗုံးကြဲမှု ၆၉ နှစ်မြောက်နေ့


ဒီကနေ့ ဂျပန်နိုင်ငံ နာဂါဆာကီ မြို့မှာ အဏုမြူဗုံး အကြဲခံရတဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို လူထောင်ပေါင်းများစွာ တက်ရောက်လာကြပါတယ်။

နာဂါဆာကီမြို့မှာရှိတဲ့ ငြိမ်းချမ်းရေးပန်းခြံကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အတူ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာရိုလင်း ကနေဒီ အပါအဝင် အသက်ကြီးရင့်ပြီဖြစ်တဲ့ အဲဒီအချိန်က အသက်မသေဘဲကျန်ရစ်ခဲ့သူတွေ၊ အစိုးရ တာဝန်ရှိသူတွေအပြင် အခြားနိုင်ငံတွေရဲ့ နိုင်ငံ့ကိုယ်စားပြု ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတာပါ။

နာဂါဆာကီမြို့တော်ဝန် Tomihisa Taue ရဲ့ လူထုကိုပြောတဲ့ မိန့်ခွန်းမှာတော့ ဂျပန်အနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မစွန့်လွှတ်ဖို့နဲ့ ဝန်ကြီးချုပ် ရှင်ဇီုအာဘေးအစိုးရကို ပြည်သူတွေရဲ့စကားကို နားထောင်ဖို့ပါ တိုက်တွန်းသွားပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေကို ကာကွယ်ဖို့နဲ့ပင်လယ်ပြင်မှာ ပိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံအတွင်းမှာလည်း သဘောထားကွဲပြားမှု တွေဖြစ်ပေါ်နေတာပါ။

XS
SM
MD
LG