သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရဲ႕ဇနီး ေထာင္ဒဏ္ ၁၀ ခ်မွတ္ခံရ 


မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္းကေတာ္ Rosmah Mansor အဂတိလိုက္စားမႈအတြက္ တရားရင္ဆိုင္ဖို႔ ကြာလာလာမ္ပူၿမိဳ႕ တရားရံုးကိုေရာက္လာစဥ္။ (စက္တင္ဘာ ၁၊၂၀၂၂) 

[[Zawgyi/Unicode]]

မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak ရဲ႕ ဇနီးျဖစ္သူ Rosmah Mansor ကို အစိုးရ ကန္ထ႐ိုက္အတြက္ အဂတိလိုက္စားတယ္ဆိုတဲ့ စြဲခ်က္နဲ႔ မေလးရွား တရား႐ုံးကေန ဒီကေန႔ စက္တင္ဘာ ၁ ရက္ေန႔မွာ ေထာင္ဒဏ္ ၁၀ ႏွစ္ ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ခင္ပြန္းျဖစ္သူ မေလးရွားဝန္ႀကီးခ်ဳပ္ကိုလည္း အဂတိလိုက္ စားမႈနဲ႔ ေထာင္ဒဏ္ျပစ္ဒဏ္ စတင္က်ခံဖို႔ မေလးတရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ပါတယ္။ Rosmah အေနနဲ႔ အဂတိလိုက္စားမႈ ၃ မႈအတြက္ မေလးရွားရင္းဂစ္ေငြ သန္း ၉၇၀ (အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္) ေပးဖို႔ ေငြဒဏ္လည္း မွတ္လိုက္တယ္လို႔ မေလးရွား ကြာလမ္လာပူၿမိဳ႕က အထက္တရား႐ုံး တရားသူႀကီး Mohamed Zaini Mazlan က အမိန႔္ခ်မွတ္ခဲ့ပါတယ္။ Rosmah ကို ဆိုင္းငံ့ေထာင္ဒဏ္ တရားသူႀကီးက ခြင့္ေပးခဲ့တဲ့အျပင္ သူ႔အေနနဲ႔ အထက္တရား႐ုံးႏွစ္ခုမွာျပန္ၿပီး အယူခံပိုင္ခြင့္လည္း ရွိပါတယ္။

အသက္ ၇၀ ရွိၿပီျဖစ္တဲ့ Rosmah ဟာ အဂတိလိုက္စားတယ္ဆိုတဲ့ စြဲခ်က္သုံးခုလုံးဟာ မမွန္ကန္တာေၾကာင့္ သူ႔မွာအျပစ္မရွိဘူးလို႔ တရား႐ုံးကို ေလွ်ာက္ထားခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ Nijib အစိုးရလက္ထက္ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္အတြင္း ကုမၸဏီတခုဆီကေန ေနေရာင္ျခည္စြမ္းအင္သုံး လုပ္ငန္းမွာ အစိုးရကန္ထ႐ိုက္ရေစဖို႔ အဂတိ လက္ခံယူခဲ့တယ္ဆိုတဲ့ စြဲခ်က္ေတြနဲ႔ တရား႐ုံးကေန သူ႔ကို အျပစ္ဒဏ္ခ်မွတ္တာပါ။ အဲဒီ ကုမၸဏီကေန မေလးရွားရင္းဂစ္ေငြ ၆.၅သန္းယူခဲ့တယ္လို႔ စြဲခ်က္တင္ခံခဲ့ရတာပါ။

Rosmah ဟာ ေငြေၾကးခဝါခ်မႈနဲ႔ အခြန္ေရွာင္မႈ ၁၇ မႈနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။ ခင္ပြန္းျဖစ္သူဝန္ႀကီးခ်ဳပ္ေဟာင္း Najib ကို လည္း 1MDB မေလးရွားဖြံ႕ၿဖိဳးေရး ဘဏ္အမႈနဲ႔ မေလးရွားတရား႐ုံးခ်ဳပ္က ေထာင္ဒဏ္ ၁၂ ႏွစ္ ျပစ္ဒဏ္ခ်ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ Najib ဟာလည္း ေနာက္ထပ္ အဂတိလိုက္စားမႈေတြနဲ႔ တရားရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ဇနီး ထောင်ဒဏ် ၁၀ ချမှတ်ခံရ

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ ဇနီးဖြစ်သူ Rosmah Mansor ကို အစိုးရ ကန်ထရိုက်အတွက် အဂတိလိုက်စားတယ်ဆိုတဲ့ စွဲချက်နဲ့ မလေးရှား တရားရုံးကနေ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ပွန်းဖြစ်သူ မလေးရှားဝန်ကြီးချုပ်ကိုလည်း အဂတိလိုက် စားမှုနဲ့ ထောင်ဒဏ်ပြစ်ဒဏ် စတင်ကျခံဖို့ မလေးတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ Rosmah အနေနဲ့ အဂတိလိုက်စားမှု ၃ မှုအတွက် မလေးရှားရင်းဂစ်ငွေ သန်း ၉၇၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်) ပေးဖို့ ငွေဒဏ်လည်း မှတ်လိုက်တယ်လို့ မလေးရှား ကွာလမ်လာပူမြို့က အထက်တရားရုံး တရားသူကြီး Mohamed Zaini Mazlan က အမိန့်ချမှတ်ခဲ့ပါတယ်။ Rosmah ကို ဆိုင်းငံ့ထောင်ဒဏ် တရားသူကြီးက ခွင့်ပေးခဲ့တဲ့အပြင် သူ့အနေနဲ့ အထက်တရားရုံးနှစ်ခုမှာပြန်ပြီး အယူခံပိုင်ခွင့်လည်း ရှိပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ Rosmah ဟာ အဂတိလိုက်စားတယ်ဆိုတဲ့ စွဲချက်သုံးခုလုံးဟာ မမှန်ကန်တာကြောင့် သူ့မှာအပြစ်မရှိဘူးလို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ဝန်ကြီးချုပ် Nijib အစိုးရလက်ထက် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ကုမ္ပဏီတခုဆီကနေ နေရောင်ခြည်စွမ်းအင်သုံး လုပ်ငန်းမှာ အစိုးရကန်ထရိုက်ရစေဖို့ အဂတိ လက်ခံယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရားရုံးကနေ သူ့ကို အပြစ်ဒဏ်ချမှတ်တာပါ။ အဲဒီ ကုမ္ပဏီကနေ မလေးရှားရင်းဂစ်ငွေ ၆.၅သန်းယူခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရတာပါ။

Rosmah ဟာ ငွေကြေးခဝါချမှုနဲ့ အခွန်ရှောင်မှု ၁၇ မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ခင်ပွန်းဖြစ်သူဝန်ကြီးချုပ်ဟောင်း Najib ကို လည်း 1MDB မလေးရှားဖွံ့ဖြိုးရေး ဘဏ်အမှုနဲ့ မလေးရှားတရားရုံးချုပ်က ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချခဲ့ပါတယ်။ ဝန်ကြီးချုပ် Najib ဟာလည်း နောက်ထပ် အဂတိလိုက်စားမှုတွေနဲ့ တရား ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG