သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က တရားမဝင်မူဆလင်တွေ နိုင်ငံသားပေးရေး နမ်ဘီးယားတိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambia
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambia
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သတ်မှတ်ခံထားရတဲ့ မူဆလင်တွေနဲ့ ပတ်သက်လို့ အရေးကြီးဆုံး ဦးစားပေး ဆောင်ရွက်ရမယ့် ကိစ္စက သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်ပါတယ်။

ဒီလို မလုပ်ဆောင်ဘူးဆိုရင် ရိုဟင်ဂျာမူဆလင်တွေအတွက် ခြိမ်းခြောက်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ထိခိုက်စေမှာလည်း ဖြစ်တယ်လို့ မနေ့က နိုင်ငံတကာ ငြိမ်းချမ်းရေးဌာန မှာ မစ္စတာ နမ်ဘီးယား ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေနဲ့ ရခိုင်လူမျိုးတွေကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အထိကရုန်းတွေကြောင့် လူပေါင်း ၂၈၀ ကျော် သေဆုံးခဲ့ရပြီး ၁ သိန်း ၄ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ရုံးတွေနဲ့ နေအိမ်တွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး သမ္မတဦးသိန်းစိန်ကတော့ နောက် နောင် ဒီလို ပြဿနာတွေ ထပ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့အတွက် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာတခု ထားရှိဆောင်ရွက်မယ်လို့ မနေ့က သူ့ရဲ့ လစဉ် မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG