သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nancy Reagan နှလုံးရောဂါနဲ့ ကွယ်လွန်

Nancy Reagan
1/10 Nancy Reagan
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
Nancy Reagan၊ သမ္မတ Obama နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် 
2/10 Nancy Reagan၊ သမ္မတ Obama နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် 
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
3/10
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
4/10
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
5/10
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
သမ္မတဟောင်း Ronald Reagan ကွယ်လွန်စဉ်
6/10 သမ္မတဟောင်း Ronald Reagan ကွယ်လွန်စဉ်
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
သမ္မတ Ronald Reagan နှင့် Nancy Regan
7/10 သမ္မတ Ronald Reagan နှင့် Nancy Regan
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
Nancy Regan
8/10 Nancy Regan
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
သမ္မတဟောင်း Ronald Reagan နှင့် Nancy Regan
9/10 သမ္မတဟောင်း Ronald Reagan နှင့် Nancy Regan
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
သမ္မတ Ronald Reagan နှင့် Nancy Regan
10/10 သမ္မတ Ronald Reagan နှင့် Nancy Regan
သမ္မတ ကတော်ဟောင်း Nancy Reagan ၏ မှတ်တမ်းရုပ်ပုံများ
Previous slide
Next slide

အမေရိကန်နိုင်ငံရဲ့ အယောက် ၄၀ မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Ronald Regan ရဲ့ ဘဝကြင်ဖော် Nancy Regan ဟာ တနင်္ဂနွေနေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မစ္စစ် ရေဂင်ဟာ ကယ်လီဖိုးနီးယားပြည်နယ် Bel-Air မှာ ကွယ်လွန်သွားကြောင်း Regan စာကြည့်တိုက်က ကြေညာပါတယ်။

Nancy Reagan ရဲ့ ရုပ်အလောင်းကို ကယ်လီဖိုးနီးယား ပြည်နယ် Simi Valley မှာရှိတဲ့ သမ္မတ Ronald Reagan စာကြည့်တိုက်မှာ သူ့ခင်ပွန်းရဲ့ ဂူနံဘေးမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။

Nancy Reagan ကွယ်လွန်သွားတဲ့အတွက် သမ္မတ Barack Obama နဲ့ သမ္မတ ကတော် Michelle Obama တို့က ဝမ်းနည်းကြောင်း ကြေညာချက်တစောင် ပေးပို့ခဲ့ပြီး သူမရဲ့ သမ္မတကတော်အဖြစ်နဲ့ ပြသခဲ့တဲ့ စံနမူနာ နဲ့ နွေးထွေးကောင်းမွန်တဲ့ အကြံဉာဏ်ပေးမှုတွေဟာ အဖိုးမဖြတ်နိုင်ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

ရုပ်ရှင်မင်းသားနဲ့ မင်းသမီးအဖြစ်ကနေ သမ္မတနဲ့ သမ္မတကတော် ဖြစ်သွားတဲ့ သူတို့စုံတွဲဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ သမ္မတ အိမ်ဖြူတော်မှာ နေထိုင်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ အိမ်ထောင်သက်ကတော့ နှစ်ပေါင်း ၅၀ ကျော် ခဲ့တာပါ။ ဟောလီးဝုဒ်မှာ ၁၉၄၀ က မင်းသမီး Nancy Davis လို့ လူသိများတဲ့ Ann Francis Robbins ဟာ မင်းသား Ronald Reagan နဲ့ ဖူးစာ ဆုံခဲ့တာ ဖြစ်ပါတယ်။ ရော်နီလို့ သူချစ်စနိုး ခေါ်လေ့ရှိတဲ့ Ronald Reagan နဲ့ ၁၉၅၂ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။

သူမခင်ပွန်း Ronald Reagan ဟာ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူ း အဖြစ် တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး ၁၉၇၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ၁၉၈၀ နောက်တကြိမ် ရွေးကောက်ပွဲမှာတော့ အနိုင်ရခဲ့ ပါတယ်။

သမ္မတကတော်အဖြစ်နဲ့ ရှိနေစဉ်မှာ မူးယစ်ဆေးဝါးဆို မသုံးဘူး "Just Say No to Drugs" ဆိုတဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှု ကို ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ခင်ပွန်းသည် သမ္မတဘေးနား အမြဲရှိနေတတ်တဲ့ Nancy Reagan ဟာ အဲဒီအချိန်က အလုပ်လက်မဲ့နှုန်း မြင့်မားနေချိန်မို့ သမ္မအိမ်ဖြူတော်မှာ အပိုသုံးနေတာတွေအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။အယ်လ်ဇိုင်းမား ရောဂါနဲ့ ဆယ်နှစ်ကျော်နေခဲ့ရတဲ့ သမ္မတ ရေဂင် ၂၀၀၄ ခုနှစ် ကွယ်လွန်ချိန်အထိ သူမဟာ အနားမှာ မပြတ်အားပေးနေသူ ဖြစ်ပါတယ်။

သူတို့မှာ သားသမီး ၂ ယောက်ကျန်ခဲ့တာဖြစ်ပြီး သမီး Patti Davis နဲ့ သား Ron Reagan တို့ ဖြစ်ပါတယ်။

XS
SM
MD
LG