သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Nancy Pelosi ေအာက္လႊတ္ေတာ္ဥကၠ႒အျဖစ္ ေနာက္ဆံုးသတင္းစာရွင္းပြဲ 


အေမရိကန္သမိုင္းမွာ ပထမဆံုး အမ်ဳိးသမီးလႊတ္ေတာ္ဥကၠ႒ျဖစ္လာခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒တာဝန္ စုစုေပါင္း ၄ ႀကိမ္ယူခဲ့သူ Nancy Pelosi

[[Zawgyi/Unicode]]

အေမရိကန္သမိုင္းမွာ ပထမဆံုး အမ်ဳိးသမီးလႊတ္ေတာ္ဥကၠ႒ျဖစ္လာခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒တာဝန္ စုစုေပါင္း ၄ ႀကိမ္ယူခဲ့သူ Nancy Pelosi က သူ႔ရဲ႕ဥကၠ႒အျဖစ္ ေနာက္ဆံုး သတင္းစာရွင္းပြဲကို ၾကာသပေတးေန႔က ျပဳလုပ္ခဲ့ပါတယ္။ ၁၉၈၇ ခုႏွစ္မွာ ပထမဆံုး ေအာက္လႊတ္ေတာ္အမတ္ သူ စျဖစ္လာခ်ိန္ကစလို႔ အေမရိကန္ လႊတ္ေတာ္အတြင္းမွာ အမ်ိဳးသမီးေတြရဲ႕ ပါဝင္မႈမ်ားလာေအာင္ ႀကိဳးပမ္းခဲ့ရတာကို အမွတ္တရ အေလးေပး ေျပာၾကားသြားခဲ့ပါတယ္။

“က်မ လႊတ္ေတာ္ကို ေရာက္တဲ့အခ်ိန္တုန္းက အမ်ိဳးသမီးအမတ္ ၂၃ ေယာက္ရွိပါတယ္။ လႊတ္ေတာ္ အမတ္ ၄၃၅ ေယာက္ထဲမွာ ဒီမိုကရက္အမ်ိဳးသမီး ၁၂ ေယာက္နဲ႔ ရီပတ္ဗလစ္ကန္အမ်ိဳးသမီး ၁၁ ေယာက္ ရွိပါတယ္။ အမ်ိဳးသား ၄၀၀ ေက်ာ္နဲ႔ အမ်ိဳးသမီးက ၂၃ ေယာက္ပဲ ရွိပါတယ္။ က်မတို႔ ဒါကို မျဖစ္မေန ေျပာင္းရမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ပါတယ္”..လို႔ Nancy Pelosi က ေျပာသြားတာပါ။

သူလႊတ္ေတာ္အမတ္ျဖစ္ခ်ိန္မွာ အမ်ဳိးသမီး အမတ္ ၂၃ ေယာက္ပဲ လႊတ္ေတာ္ထဲမွာရွိခဲ့ေပမဲ့ အခုဆိုရင္ အထက္လႊတ္ေတာ္မွာ အမ်ိဳးသမီးအမတ္ ၂၄ ေယာက္နဲ႔ ေအာက္လႊတ္ေတာ္မွာ ၁၂၃ ေယာက္ရွိေနတာကိုလည္း သူက ေထာက္ျပေျပာသြားခ့ဲပါတယ္။

၃၅ ႏွစ္ၾကာေအာင္ လႊတ္ေတာ္တာဝန္ေတြကို ထမ္းေဆာင္ခဲ့တဲ့ လႊတ္ေတာ္အမတ္ Nancy Pelosi ဟာ ၂၀၀၇ ခုႏွစ္ သမၼတ Gaorge W. Bush လက္ထက္မွာ ပထမဆံုး ေအာက္လႊတ္ေတာ္ဥကၠ႒ ျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္ သမၼတေဟာင္း Barack Obama၊ သမၼတေဟာင္း Donald Trump နဲ႔ လက္ရွိသမၼတ Joe Biden တို႔လက္ထက္မွာ ေအာက္လႊတ္ေတာ္ဥကၠ႒တာဝန္ေတြ ယူခဲ့ပါတယ္။ ၂၀၂၃ ခုႏွစ္မွာ လႊတ္ေတာ္သက္တမ္းသစ္စတင္ရင္ေတာ့ သူဟာ လႊတ္ေတာ္မွာ ေအာက္လႊတ္ေတာ္ ဥကၠ႒တာဝန္ကေနေရာ Democratic ပါတီရဲ႕ ေအာက္လႊတ္ေတာ္ေခါင္းေဆာင္ေနရာကေနပါ အနားယူေတာ့မွာျဖစ္ပါတယ္။

California ျပည္နယ္ မဲဆႏၵနယ္ ၁၂ ရဲ႕ လႊတ္ေတာ္အမတ္အေနနဲ႔ေတာ့ ဆက္ၿပီးတာဝန္ထမ္းေဆာင္သြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]

Nancy Pelosi အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် နောက်ဆုံးသတင်းစာရှင်းပွဲ

အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌတာဝန် စုစုပေါင်း ၄ ကြိမ်ယူခဲ့သူ Nancy Pelosi က သူ့ရဲ့ဥက္ကဋ္ဌအဖြစ် နောက်ဆုံး သတင်းစာရှင်းပွဲကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ပထမဆုံး အောက်လွှတ်တော်အမတ် သူ စဖြစ်လာချိန်ကစလို့ အမေရိကန် လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုများလာအောင် ကြိုးပမ်းခဲ့ရတာကို အမှတ်တရ အလေးပေး ပြောကြားသွားခဲ့ပါတယ်။

“ကျမ လွှတ်တော်ကို ရောက်တဲ့အချိန်တုန်းက အမျိုးသမီးအမတ် ၂၃ ယောက်ရှိပါတယ်။ လွှတ်တော် အမတ် ၄၃၅ ယောက်ထဲမှာ ဒီမိုကရက်အမျိုးသမီး ၁၂ ယောက်နဲ့ ရီပတ်ဗလစ်ကန်အမျိုးသမီး ၁၁ ယောက် ရှိပါတယ်။ အမျိုးသား ၄၀၀ ကျော်နဲ့ အမျိုးသမီးက ၂၃ ယောက်ပဲ ရှိပါတယ်။ ကျမတို့ ဒါကို မဖြစ်မနေ ပြောင်းရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်”..လို့ Nancy Pelosi က ပြောသွားတာပါ။

သူလွှတ်တော်အမတ်ဖြစ်ချိန်မှာ အမျိုးသမီး အမတ် ၂၃ ယောက်ပဲ လွှတ်တော်ထဲမှာရှိခဲ့ပေမဲ့ အခုဆိုရင် အထက်လွှတ်တော်မှာ အမျိုးသမီးအမတ် ၂၄ ယောက်နဲ့ အောက်လွှတ်တော်မှာ ၁၂၃ ယောက်ရှိနေတာကိုလည်း သူက ထောက်ပြပြောသွားခဲ့ပါတယ်။

၃၅ နှစ်ကြာအောင် လွှတ်တော်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်အမတ် Nancy Pelosi ဟာ ၂၀၀၇ ခုနှစ် သမ္မတ Gaorge W. Bush လက်ထက်မှာ ပထမဆုံး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် သမ္မတဟောင်း Barack Obama၊ သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့လက်ထက်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်တွေ ယူခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ လွှတ်တော်သက်တမ်းသစ်စတင်ရင်တော့ သူဟာ လွှတ်တော်မှာ အောက်လွှတ်တော် ဥက္ကဋ္ဌတာဝန်ကနေရော Democratic ပါတီရဲ့ အောက်လွှတ်တော်ခေါင်းဆောင်နေရာကနေပါ အနားယူတော့မှာဖြစ်ပါတယ်။

California ပြည်နယ် မဲဆန္ဒနယ် ၁၂ ရဲ့ လွှတ်တော်အမတ်အနေနဲ့တော့ ဆက်ပြီးတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG