သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဝန်ကြီးချုပ်ကို နောက်ထပ် ထောင်သုံးနှစ်ချ၊ ပေါင်း ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခံရ


နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်

[[Zawgyi/Unicode]]

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ရွေးကောက်ပွဲ မဲမသမာမှုဖြစ်အောင်လုပ်ဆောင်တယ်ဆိုပြီး စွဲဆိုတဲ့အမှု ရာဇသတ်ကြီးပုဒ် မ ၁၃၀-က နဲ့ နောက်ထပ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးလိုက်ပါတယ်။ ဒါနဲ့ပါပေါင်းရင်တာ့ ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ချထားတာ ထောင်ဒဏ်နှစ် ၈၀ အထိ ရှိသွားပါပြီ။ ဒီအကြောင်းရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်အောင် မလျော်သြဇာသုံးမှုနဲ့ ကရင်ပြည်နယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်က ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားရုံးမှာ ဦးတိုက် လျှောက်ထားတဲ့အမှုကို အခု စီရင်ဆုံးဖြတ်တာပါ။ ဒီအမှုကို ပြီးခဲ့တဲ့ အပတ်ကမှ တရားရုံးမှာစတင်စစ်ဆေးကြားနာမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘားအံထောင်တွင်းတရားရုံးကနေ အခုလို အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူက ဗွီအိုအေကို ပြောပြပါတယ်။

“ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့ ရာဇသတ်ကြီးပုဒ်မ၁၃၀-(က) နဲ့ထောင် ၃ နှစ်ချလိုက်တယ်။ ဒီလအတွင်းမှာတင်ဆွဲ တင်တယ်။ မိသားစုနဲ့လည်းအဆက်အသွယ်မရဘူး။ တွေ့ခွင့်လည်း မရဘူး။ ရှေ့နေငှားခွင့်လည်း မရဘူး။ ဒီနေ့ပဲ အမိန့် ချလိုက်တယ်။ သူတို့က ဒါ မြန်မြန်အကျဉ်းရုံးချလိုက်တာ။ Act Of Parliament လို့ပြောတာပဲ။ ပါလီမန်အက်ဥပဒေအစား တည်ဆဲ ဥပဒေလို့ ပြင်ဆင်ထားတာကို ၆/၂၀၁၆ နဲ့ပေါ့နော်။ ၁၃၀-က နဲ့ ဒီနေ့ပဲ အမိန့်ချလိုက်တယ်။”

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ် ၇၅ နှစ်၊ ပြီးခဲ့တဲ့ မေလကလည်း အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ် ကျခံနေရသူဖြစ်ပြီး ဒီတခါ ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ပါပေါင်းရင် နှစ် ၈၀ ထောင်ဒဏ် ကျခံရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူမရှေ့နေတွေကို မေးမြန်းတာမှာတော့ သူတို့ အနေနဲ့ အခုလို ထောင်ဒဏ်ချမှတ်တဲ့အပေါ် ဘာမှတ်ချက်မှ မပေးလိုကြောင်းနဲ့ သူတို့အနေနဲ့ မိသားစုနဲ့ ဆက်လက်တိုင်ပင်ဖို့သာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရှေ့နေတွေအပါအဝင် မိသားစုဝင်တွေကိုယ်တိုင် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တွေ့ဆုံခွင့် မရသေးတာကြောင့် ဒီစီရင်ချက်ချမှတ်တာနဲ့ ဒီအမှုနဲ့အခြေအနေအပေါ် ကာယကံရှင်သဘောထားဘယ်လိုရှိမရှိ ဆိုတာမသိရသေးဘူးလို့ သူမ ရှေ့နေတွေကပြောပါတယ်။

လတ်တလောမှာ ဒေါ်နန်းခင်ထွေးမြင့်လိုပဲ တခြားတိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်းရွေးကောက်ပွဲ ကော်မရှင်ကနေ တရားစွဲထားတာရှိပါတယ်။ မကွေးတိုင်းဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်း ဒေါက်တာဇော်မြင့် မောင်တို့ကိုလည်း ကော်မရှင်ဘက်က ရာဇသတ်ကြီးပုဒ်မတွေတပ်ကာ တရားရုံးမှာ ဦးတိုက်လျှောက်ထားတာကြောင့် အမှု ရင်ဆိုင်နေရပါတယ်။

အခုပြစ်ဒဏ် ချမှတ်လိုက်တဲ့ ပုဒ်မ ၁၃၀(က) ဟာ ရာထူးရယူထားချိန်မှာ မလျော်ဩဇာသုံးကာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာတွေအတွက် ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒီပုဒ်မနဲ့ စွပ်စွဲခံရသူဟာ အပြစ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် အမြင့်ဆုံးထောင်ဒဏ် ၃နှစ်နဲ့ ငွေဒဏ်ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့မှာ စစ်တပ်က ဖမ်းဆီးပြီးနောက် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပါတယ်။ သီတင်းတပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်မှာ စစ်တပ်က နောက် ထပ်တကြိမ် ထပ်မံဖမ်းဆီးပြီး ဘားအံအကျဉ်းထောင်မှာ အခုချိန်အထိ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

=========

တိုက်ရိုက် လင့်ခ်

[[Unicode]]










#MyanmarMilitaryCoup #VOABurmese


=========

XS
SM
MD
LG