သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Delta ကိုဗစ္မ်ိဳးကြဲေၾကာင့္ တ႐ုတ္ေဒသတခ်ိဳ႕ပိုးစစ္ေဆးမႈနဲ႔ ကန႔္သတ္မႈေတြလုပ္


နန္းက်င္းၿမိဳ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးေပးေနစဥ္။ (ဇူလိုင္ ၂၁။ ၂၀၂၁)

Zawgyi/Unicode

ႏိုင္ငံတကာမွာ လတ္တေလာ တေၾကာ့ျပန္ ကူးစက္ ျပန္ႏွံ႔ေနတဲ့ Delta ကိုဗစ္-၁၉ မ်ဳိးကြဲဟာ အာရွတိုက္အတြင္းမွာလည္း အရွိန္ျမင့္ ကူးစက္ ေနတာမွာ တ႐ုတ္ႏိုင္ငံမွာ ဒီကေန႔ တနလၤာတရက္ထဲမွာတင္ ျပည္တြင္း ကူးစက္သူ ၄၀ ဦး အပါအဝင္ ကိုဗစ္-၁၉ ကူးစက္သူ ၇၉ ဦး ေတြ႕ရွိခဲ့တာေၾကာင့္ အာဏာပိုင္ေတြက ႏိုင္ငံအေရွ႕ပိုင္း Jiangsu ျပည္နယ္မွာ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြကို ေရာဂါပိုး စမ္းသပ္ စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ေပၚၿပီးတဲ့ေနာက္ပိုင္း ႏိုင္ငံအတြင္း သြားလာမႈေတြ ပိတ္ပင္လိုက္ၿပီးတဲ့ေနာက္ ေရာဂါပိုး ကူးစက္မႈ လုံး၀မရွိေစရဆိုတဲ့ ေဆာင္ပုဒ္နဲ႔ တ႐ုတ္အစိုးရက ကိုဗစ္ ကူးစက္ ျပန္႔ပြားမႈေတြကို အရွိန္ျမင့္ ေဆာင္ရြက္ေနတာမွာ ေရာဂါ ကူးစက္မႈရွိတဲ့ ေဒသတခုခ်င္းစီမွာ စမ္းသပ္မႈေတြ၊ ခရီးသြားလာခြင့္ ပိတ္ပင္ ကန္႔သတ္မႈေတြ လုပ္ေဆာင္ေနပါတယ္။
ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ တတိယလႈိင္းအရွိန္ျမင့္ ျဖစ္ေပၚေနတဲ့ တခ်ိန္ထဲမွာဘဲ တ႐ုတ္-ျမန္မာနယ္စပ္၊ ယူနန္ျပည္နယ္အတြင္း ဇြန္လ ၂၀ ရက္ေန႔ကစလို႔ ေရာဂါပိုးကူးစက္သူ ၇၉ ဦး ေတြ႕ရွိခဲ့တာမွာ အဲဒီအထဲက ထက္၀က္ေက်ာ္ဟာ ျမန္မာႏိုင္ငံဘက္က ကူးစက္လာတာလို႔ စုံစမ္း သိရွိခဲ့ရေၾကာင္း တ႐ုတ္ က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။ ဒါေၾကာင့္လည္း တ႐ုတ္-ျမန္မာနယ္စပ္မွာ ကုန္သြယ္ေရးအပါအ၀င္ ၀င္ထြက္ သြားလာမႈေတြကို တ႐ုတ္ဘက္က ပိတ္ထားပါတယ္။
အင္ဒိုနီးရွားႏိုင္ငံမွာလည္း ေရာဂါပိုး ကူးစက္မႈ မ်ားျပားလာေနတာေၾကာင့္ အေျခခံလိုအပ္တဲ့ စီးပြားေရးလုပ္ငန္းေတြကို လည္ပတ္ခြင့္ ျပဳထားတဲ့ တခ်ိန္ထဲမွာဘဲ ပိတ္ပင္ ကန္႔သတ္မႈေတြကိုလည္း လုပ္ေဆာင္သြားဖို႔ လိုအပ္ေၾကာင္း သမၼတ Joko Widodo က ေျပာပါတယ္။
“က်န္းမာေရးအေျခအေန၊ စီးပြားေရးနဲ႔ လူမႈေရးဆိုင္ရာ လိုအပ္ခ်က္ေတြကို ထည့္သြင္း စဥ္းစားၿပီးတဲ့ေနာက္ အရင္က ခ်မွတ္ထားတဲ့ ပိတ္ပင္ ကန္႔သတ္မႈေတြကို အခု ဇူလိုင္လ ၂၆ ရက္ေန ၾသဂုတ္လ ၂ ရက္ေန႔အထိ သက္တမ္းတိုးဖို႔ က်ေနာ္ ဆုံးျဖတ္လိုက္ပါတယ္” - လို႔ သမၼတ Joko Widodo က ေျပာသြားတာပါ။
အင္ဒိုနီးရွားႏိုင္ငံမွာ အခုခ်ိန္ထိ ကိုဗစ္-၁၉ ကူးစက္သူ ၃ သန္းေက်ာ္ရွိၿပီး ေသဆုံးသူကလည္း ၈၃,၀၀၀ ရွိခဲ့ၿပီးျဖစ္တာေၾကာင့္ အာရွတိုက္အတြင္း ကူးစက္ ေသဆုံးမႈ အမ်ားဆုံးျဖစ္ပါတယ္။
ထိုင္းႏိုင္ငံမွာေတာ့ တနလၤာေန႔ တရက္ထဲ ေရာဂါပိုးကူးစက္သူ ၁၅,၂၇၆ ေယာက္ရွိခဲ့တာေၾကာင့္ ဒါဟာ လူဦးေရ ၆၆ သန္းရွိတဲ့ တိုင္းျပည္အတြင္း ဒုတိယေျမာက္ ကူးစက္မႈအမ်ားဆုံး စံခ်ိန္တင္တဲ့ေန႔ ျဖစ္ခဲ့ပါတယ္။
မေလးရွားမွာလည္း တနဂၤေႏြေန႔ တရက္ထဲ ကိုဗစ္-၁၉ ကူးစက္သူ ၁၇,၀၄၅ ဦး ရွိခဲ့ၿပီး အခုခ်ိန္ထိ ေရာဂါပိုးကူးစက္သူ စုစုေပါင္း တသန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Zawgyi/Unicode

Delta ကိုဗစ်မျိုးကွဲကြောင့် တရုတ်ဒေသတချို့ပိုးစစ်ဆေးမှုနဲ့ ကန့်သတ်မှုတွေလုပ်

နိုင်ငံတကာမှာ လတ်တလော တကြော့ပြန် ကူးစက် ပြန်နှံ့နေတဲ့ Delta ကိုဗစ်-၁၉ မျိုးကွဲဟာ အာရှတိုက်အတွင်းမှာလည်း အရှိန်မြင့် ကူးစက် နေတာမှာ တရုတ်နိုင်ငံမှာ ဒီကနေ့ တနင်္လာတရက်ထဲမှာတင် ပြည်တွင်း ကူးစက်သူ ၄၀ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်သူ ၇၉ ဦး တွေ့ရှိခဲ့တာကြောင့် အာဏာပိုင်တွေက နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်မှာ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ရောဂါပိုး စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း နိုင်ငံအတွင်း သွားလာမှုတွေ ပိတ်ပင်လိုက်ပြီးတဲ့နောက် ရောဂါပိုး ကူးစက်မှု လုံးဝမရှိစေရဆိုတဲ့ ဆောင်ပုဒ်နဲ့ တရုတ်အစိုးရက ကိုဗစ် ကူးစက် ပြန့်ပွားမှုတွေကို အရှိန်မြင့် ဆောင်ရွက်နေတာမှာ ရောဂါ ကူးစက်မှုရှိတဲ့ ဒေသတခုချင်းစီမှာ စမ်းသပ်မှုတွေ၊ ခရီးသွားလာခွင့် ပိတ်ပင် ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ် တတိယလှိုင်းအရှိန်မြင့် ဖြစ်ပေါ်နေတဲ့ တချိန်ထဲမှာဘဲ တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်အတွင်း ဇွန်လ ၂၀ ရက်နေ့ကစလို့ ရောဂါပိုးကူးစက်သူ ၇၉ ဦး တွေ့ရှိခဲ့တာမှာ အဲဒီအထဲက ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံဘက်က ကူးစက်လာတာလို့ စုံစမ်း သိရှိခဲ့ရကြောင်း တရုတ် ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒါကြောင့်လည်း တရုတ်-မြန်မာနယ်စပ်မှာ ကုန်သွယ်ရေးအပါအဝင် ဝင်ထွက် သွားလာမှုတွေကို တရုတ်ဘက်က ပိတ်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ရောဂါပိုး ကူးစက်မှု များပြားလာနေတာကြောင့် အခြေခံလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လည်ပတ်ခွင့် ပြုထားတဲ့ တချိန်ထဲမှာဘဲ ပိတ်ပင် ကန့်သတ်မှုတွေကိုလည်း လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း သမ္မတ Joko Widodo က ပြောပါတယ်။
“ကျန်းမာရေးအခြေအနေ၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေကို ထည့်သွင်း စဉ်းစားပြီးတဲ့နောက် အရင်က ချမှတ်ထားတဲ့ ပိတ်ပင် ကန့်သတ်မှုတွေကို အခု ဇူလိုင်လ ၂၆ ရက်နေ သြဂုတ်လ ၂ ရက်နေ့အထိ သက်တမ်းတိုးဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်” - လို့ သမ္မတ Joko Widodo က ပြောသွားတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ အခုချိန်ထိ ကိုဗစ်-၁၉ ကူးစက်သူ ၃ သန်းကျော်ရှိပြီး သေဆုံးသူကလည်း ၈၃,၀၀၀ ရှိခဲ့ပြီးဖြစ်တာကြောင့် အာရှတိုက်အတွင်း ကူးစက် သေဆုံးမှု အများဆုံးဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ တနင်္လာနေ့ တရက်ထဲ ရောဂါပိုးကူးစက်သူ ၁၅,၂၇၆ ယောက်ရှိခဲ့တာကြောင့် ဒါဟာ လူဦးရေ ၆၆ သန်းရှိတဲ့ တိုင်းပြည်အတွင်း ဒုတိယမြောက် ကူးစက်မှုအများဆုံး စံချိန်တင်တဲ့နေ့ ဖြစ်ခဲ့ပါတယ်။
မလေးရှားမှာလည်း တနင်္ဂနွေနေ့ တရက်ထဲ ကိုဗစ်-၁၉ ကူးစက်သူ ၁၇,၀၄၅ ဦး ရှိခဲ့ပြီး အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း တသန်းကျော်သွားပြီ ဖြစ်ပါတယ်။


#Covid19 #VariantVirus #Delta #ChinaCovid #VOABurme

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG