သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nepal ထူထောင်ရေး ဝန်ကြီးချုပ် အကူအညီတောင်း


USAID က ကယ်ဆယ်ရေးလုပ်သားတဦး အနံ့ခံခွေးနဲ့အတူ အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးပုံတွေကြားမှာ လိုက်လံရှာဖွေနေစဉ်။ (မေ ၁၂၊ ၂၀၁၅)
USAID က ကယ်ဆယ်ရေးလုပ်သားတဦး အနံ့ခံခွေးနဲ့အတူ အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးပုံတွေကြားမှာ လိုက်လံရှာဖွေနေစဉ်။ (မေ ၁၂၊ ၂၀၁၅)

နီပေါလ်နိုင်ငံ (Nepal) မှာ အင်းအားပြင်းထန်တဲ့ ငလျင်ကြီးနှစ်ခု လှုပ်သွားခဲ့ပြီးတဲ့နောက် ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီတွေ ထပ်ပေးကြဖို့ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနဲ့ ငလျင်ဒဏ်သင့်ခဲ့သူတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ လိုအပ်ကြောင်း တင်္ဂနွေနေ့က ခတ္တမန္ဓူမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် Sushil Koirala က ပြောကြားလိုက်တာပါ။

နီပေါလ်နိုင်ငံမှာ ဧပြီလ ၂၅ ရက်နေ့က ပြင်းအား ၇.၈ ရှိတဲ့ ငလျင် လှုပ်သွားခဲ့တာကြောင့် လူပေါင်း ၈,၂၀၀ ကျော် သေဆုံးခဲ့ရသလို မေလ ၁၂ နေ့ကလည်း ပြင်းအား ၇.၃ ရှိတဲ့ ငလျင်တခု ထပ်လှုပ်ခဲ့တဲ့အတွက် အနည်းဆုံး ၁၁၇ ဦး သေဆုံးခဲ့ရပြီး ၂,၈၀၀ လောက်လည်း ထိခိုက် ဒဏ်ရာ ရခဲ့တာပါ။

ငလျင်ဒဏ်သင့်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း အမေရိကန် ရဟတ်ယာဉ် ပျက်ကျခဲ့ရာက အဲဒီ ရဟတ်ယာဉ်ပေါ်ပါသွားတဲ့ မရိန်းတပ်ဖွဲ့ဝင် ၆ ဦးနဲ့ နီပေါလ် စစ်သား ၂ ဦးတို့ သေဆုံးသွားခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲရကြောင်း သေဆုံးသူ မိသားစုဝင်တွေကို ရည်ညွန်းပြီး ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

မြို့တော် ခတ္တမန္ဓူရဲ့ မြောက်ပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ UH-1 Huey ရဟတ်ယာဉ် ပြန်လည် တွေ့ရှိရေးအတွက် ရက်အတန်ကြာ အပြင်းအထန် ရှာဖွေခဲ့ကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG