သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်မိုဒီ ဝတ်စုံ ဒေါ်လာ ၇ သိန်းခန့် ရ


အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ နာမည်ကို ဒေါင်လိုက် ထည့်သွင်းချုပ်လုပ်ထားတဲ့ ထူးခြားတဲ့ အနက်ရောင်ဝတ်စုံ။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ နာမည်ကို ဒေါင်လိုက် ထည့်သွင်းချုပ်လုပ်ထားတဲ့ ထူးခြားတဲ့ အနက်ရောင်ဝတ်စုံ။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ နာမည်ကို ဒေါင်လိုက် ထည့်သွင်း ချုပ်လုပ်ထားတဲ့ ထူးခြားတဲ့ အနက်ရောင် ဝတ်စုံကို သောကြာနေ့က လေလံပစ် တာမှာ အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ နီးပါးပေးပြီး ဝယ်သွားပါတယ်။
မစ္စတာမိုဒီ့လိုပဲ ဂူဂျာရတ်ပြည်နယ်ကဖြစ်တဲ့ စိန်ကုန်သည် Lalji Patel က အိန္ဒိယရူပီးငွေ ၄၃ သန်း၊ အမေရိကန်ဒေါ်လာ ၆၉၅,၀၀၀ ပေးပြီးတော့ လေလံအောင်သွားတာပါ။

အင်္ကျီပေါ်မှာ သူ့ရဲ့နာမည်ကို ရွှေရောင် ဒေါင်လိုက်အစင်းကြောင်းအဖြစ် ထည့်သွင်း ချုပ်လုပ်ထားတဲ့ ဝတ်စုံကို ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံရောက်လာတဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် မိုဒီက ဝတ်ဆင်ခဲ့ပါတယ်။

ဝတ်စုံကိုချုပ်လုပ်တဲ့ မူရင်းကုန်ကျစရိတ်က ရူပီးငွေတသန်းကျော်၊ အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လူသန်းပေါင်းများစွာ ဆင်းရဲတွင်းနက်နေတဲ့ အိန္ဒိယလိုနိုင်ငံမျိုးက ဝန်ကြီးချုပ်တယောက်အနေနဲ့ ဒီလောက်ဈေးကြီးတဲ့ ဝတ်စုံ ချုပ်လုပ် ဝတ်ဆင်တဲ့အပေါ် အတိုက်အခံ လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ကြတာပါ။

လေလံတင်ရောင်းချလိုက်တဲ့ အဲဒီဝတ်စုံနဲ့ တခြားပစ္စည်းတွေဟာ ပြီးခဲ့တဲ့နှစ်မေလမှာ မစ္စတာမိုဒီ ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက် ရခဲ့တဲ့ လက်ဆောင်တွေဖြစ်တယ်လို့ ဂူဂျာရတ်ပြည်နယ်တာဝန်ရှိသူ Milind Toravane ကပြောပါတယ်။
လက်ဆောင်ပစ္စည်းတွေထဲမှာ ငွေနဲ့ ကြေးတို့နဲ့လုပ်ထားတဲ့ အလှဆင်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေ ပါဝင်ပါတယ်။ အခု လေလံ တင်ရောင်းချလို့ရတဲ့ငွေကို ဆိုးဆိုးရွားရွား ညစ်ပတ်ပျက်စီးနေတဲ့ ဂင်္ဂါမြစ် သန့်ရှင်းရေးအတွက် အသုံးပြုမှာဖြစ်ပါတယ်။

XS
SM
MD
LG