သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ် အဲန်ဂျီအိုတွေ ရန်ပုံငွေပြတ်

နာဂစ် အဲန်ဂျီအိုတွေ ရန်ပုံငွေပြတ်
နာဂစ် အဲန်ဂျီအိုတွေ ရန်ပုံငွေပြတ်

မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်ခံထားရတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးနေကြတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေက လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် ထောက်ပံ့ငွေ မလုံလောက်တာမို့ လုပ်ငန်းတွေကို ရပ်ပစ်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အဲဒီဒေသတွေမှာ အကူအညီတွေ လိုအပ်နေတုန်း ဖြစ်ပေမဲ့လို့ Myanmar for Plan International၊ Save the Children နဲ့ တခြား အကူအညီပေးရေးအဖွဲ့တွေဟာ လုပ်ငန်းတွေကို ရပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒုက္ခသည် ၈၇ ရာခိုင်နှုန်းလောက်က မုန်တိုင်းဒဏ် မခံရခင်က နေရပ်တွေဆီ ပြန်ပြီးတော့ နေထိုင်နေကြပါပြီလို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရတို့ ပေါင်းပြီးတော့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သုံးပွင့်ဆိုင်အဖွဲ့က အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က သူတို့ အခု နေထိုင်နေကြတဲ့ အခြေအနေဟာ နောက်တခါ မုန်တိုင်းဒဏ်ခံရရင် လုံခြုံမှာမဟုတ်ဘူး ဆိုပြီးတော့လည်း ဒီစစ်တမ်းတွေမှာ ပြောပါတယ်။ မိသားစု ၂၇ ရာခိုင်နှုန်း အနေနဲ့ စားရေ ရိက္ခာ လောက်ငမှု မရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလုပ်အကိုင် မရှိတဲ့ပြဿနာကလည်း သူတို့တွေကြားထဲမှာ အထူး စိုးရိမ်နေကြတဲ့ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံအစိုးရအဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့ကစပြီးတော့ သုံးပွင့်ဆိုင်အဖွဲ့ လုပ်ပေးနေတဲ့ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ပေးတော့မှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG