သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နာဆာရဲ႕ ဥကၠာပ်ံ ဝင္တိုက္လမ္းလႊဲမႈေအာင္ျမင္


ကမၻာၿဂိဳဟ္ကာကြယ္ေရး စမ္းသပ္မႈအျဖစ္ ေနပတ္လမ္းေၾကာင္းထဲက ဥကၠာပ်ံငယ္တခုကို ေရခဲေသတၱာအရြယ္ အာကာသယာဥ္ငယ္နဲ႔ ဝင္တိုက္ၿပီး လမ္းေၾကာင္းေျပာင္းႏိုင္ေရး စမ္းသပ္မႈ။ 

[[Zawgyi/Unicode]]

ကမာၻၿဂိဳဟ္ကာကြယ္ေရး၊ ဥကၠာပ်ံကို ဝင္တိုက္စမ္းသပ္မႈ ေအာင္ျမင္သြားၿပီလို႔ အေမရိကန္ အာကာသစူးစမ္းေရးေအဂ်င္စီ NASA က ေၾကညာလိုက္ပါတယ္။

ကမာၻႀကီးနဲ႔ မိုင္သန္းခ်ီေဝးတဲ့ေနရာမွာ အာကာသထဲ အႏၲရာယ္မေပးႏိုင္တဲ့ ဥကၠာပ်ံငယ္ကို ေရခဲေသတၱာအရြယ္ အာကာသယာဥ္ငယ္က ဝင္တိုက္္တဲ့နည္းနဲ႔ ဥကၠာပ်ံလမ္းေၾကာင္း ေျပာင္းသြားေအာင္လုပ္ခဲ့ၿပီး ကမာၻႀကီးကို ကာကြယ္တဲ့စမ္းသပ္မႈက ေမွ်ာ္မွန္းထားတာထက္ ပိုေအာင္ျမင္ခဲ့ၿပီလို႔ နာဆာက အဂၤါေန႔က ေၾကညာခဲ့တာပါ။

အနာဂတ္မွာ ဥကၠာပ်ံတခုခု ကမာၻႀကီးဆီ ဦးတည္လာေနလို႔အႏၲရာယ္ရွိခဲ့ရင္ လမ္းေၾကာင္းေျပာင္းပစ္ႏိုင္ဖို႔ ဒီ ပထမဆုံးအႀကိမ္ စမ္းသပ္ခ်က္ကို နာဆာက ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္မွာ ျပဳလုပ္ခဲ့တာပါ။

DART လို႔နာမည္ေပးထားတဲ့စမ္းသပ္မႈ အစီအစဥ္အရ အေမရိကန္ အာကာသယာဥ္ငယ္ဟာ Dimorphos အမည္ရွိတဲ့ဥကၠာပ်ံကို ကမာၻနဲ႔ မိုင္ေပါင္း ၇ သန္းေက်ာ္အေဝးမွာ ၿပီးခဲ့တဲ့လ စက္တင္ဘာ ၂၆ ရက္ေန႔မွာ ဝင္တိုက္ၿပီး စမ္းသပ္ခဲ့တာပါ။

ကမာၻၿဂိဳဟ္ကို ကာကြယ္ဖို႔၊ လူသားေတြကို ကာကြယ္ဖို႔ စမ္းသပ္ခဲ့တာ ႀကီးႀကီးမားမားေအာင္ျမင့္ခဲ့ၿပီး ဒါဟာ ကမာၻလုံးဆိုင္ရာ ႀကိဳးပမ္းမႈႀကီးပါလို႔လည္း နာဆာ အုပ္ခ်ဳပ္ေရးမႉး Bill Nelson က ေျပာၾကားခဲ့ပါတယ္။

စမ္းသပ္မႈမွာဝင္တိုက္ခဲ့တဲ့ ဥကၠာပ်ံကေတာ့ ကမာၻေျမအတြက္ အႏၲရာယ္ျပဳေနတဲ့ ဥကၠာပ်ံမဟုတ္ေပမယ့္ ေနကိုလွည့္ပတ္ေနတဲ့ ဥကၠာပ်ံကို သိပၸံပညာရွင္ေတြက တမင္ေ႐ြးခ်ယ္ၿပီး ပထမဆုံး စမ္းသပ္ခဲ့ၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

နာဆာရဲ့ ဥက္ကာပျံ ဝင်တိုက်လမ်းလွှဲမှုအောင်မြင်

ကမ္ဘာဂြိုဟ်ကာကွယ်ရေး၊ ဥက္ကာပျံကို ဝင်တိုက်စမ်းသပ်မှု အောင်မြင်သွားပြီလို့ အမေရိကန် အာကာသစူးစမ်းရေးအေဂျင်စီ NASA က ကြေညာလိုက်ပါတယ်။

ကမ္ဘာကြီးနဲ့ မိုင်သန်းချီဝေးတဲ့နေရာမှာ အာကာသထဲ အန္တရာယ်မပေးနိုင်တဲ့ ဥက္ကာပျံငယ်ကို ရေခဲသေတ္တာအရွယ် အာကာသယာဉ်ငယ်က ဝင်တိုက်တဲ့နည်းနဲ့ ဥက္ကာပျံလမ်းကြောင်း ပြောင်းသွားအောင်လုပ်ခဲ့ပြီး ကမ္ဘာကြီးကို ကာကွယ်တဲ့စမ်းသပ်မှုက မျှော်မှန်းထားတာထက် ပိုအောင်မြင်ခဲ့ပြီလို့ နာဆာက အင်္ဂါနေ့က ကြေညာခဲ့တာပါ။

အနာဂတ်မှာ ဥက္ကာပျံတခုခု ကမ္ဘာကြီးဆီ ဦးတည်လာနေလို့အန္တရာယ်ရှိခဲ့ရင် လမ်းကြောင်းပြောင်းပစ်နိုင်ဖို့ ဒီ ပထမဆုံးအကြိမ် စမ်းသပ်ချက်ကို နာဆာက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ပြုလုပ်ခဲ့တာပါ။

DART လို့နာမည်ပေးထားတဲ့စမ်းသပ်မှု အစီအစဉ်အရ အမေရိကန် အာကာသယာဉ်ငယ်ဟာ Dimorphos အမည်ရှိတဲ့ဥက္ကာပျံကို ကမ္ဘာနဲ့ မိုင်ပေါင်း ၇ သန်းကျော်အဝေးမှာ ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဝင်တိုက်ပြီး စမ်းသပ်ခဲ့တာပါ။

ကမ္ဘာဂြိုဟ်ကို ကာကွယ်ဖို့၊ လူသားတွေကို ကာကွယ်ဖို့ စမ်းသပ်ခဲ့တာ ကြီးကြီးမားမားအောင်မြင့်ခဲ့ပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကြီးပါလို့လည်း နာဆာ အုပ်ချုပ်ရေးမှူး Bill Nelson က ပြောကြားခဲ့ပါတယ်။

စမ်းသပ်မှုမှာဝင်တိုက်ခဲ့တဲ့ ဥက္ကာပျံကတော့ ကမ္ဘာမြေအတွက် အန္တရာယ်ပြုနေတဲ့ ဥက္ကာပျံမဟုတ်ပေမယ့် နေကိုလှည့်ပတ်နေတဲ့ ဥက္ကာပျံကို သိပ္ပံပညာရှင်တွေက တမင်ရွေးချယ်ပြီး ပထမဆုံး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG