သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA ရဲ့ ဥတုရာသီစောင့်ကြည့်ရေး ဂြိုလ်တု

APTOPIX NASA Satellite Launch
APTOPIX NASA Satellite Launch

NASA အာကာသစူးစမ်းရေးဌာနနဲ့ Space X အာကာသကုမ္ပဏီတို့ဟာ ကမ္ဘာကြီးရဲ့ကျန်းမာရေးကိုလေ့လာစူးစမ်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတခုကိုစတင်လိုက်ပါတယ်။ ဒီလေ့လာမှုအစီစဉ်မျိုးအရင်ကမရှိခဲ့ဖူးသေးပါဘူး။ VOA သတင်းထောက် Julie Taboh သတင်းပေးပို့ထားတာကို- ကိုဇော်မိုးကျော် ကပြောပြပေးပါမယ်။

Space X ကုမ္ပဏီကလုပ်တဲ့ Falcon 9 ဒုံးပျံဟာ NASA ကအခုနောက်ဆုံးထုတ်လုပ်ထားတဲ့ PACE လို့ အမည်ပေး ထားတဲ့ ကမ္ဘာမြေလေ့လာစူးစမ်းရေး ဆက်သွယ်ရေးဂြိုလ်တုကိုအာကာသတွင်း သယ်ဆောင်သွားပါတယ်။ ဒီဂြိုလ်တု ကို ဖလော်ရေဒါပြည်နယ် Canaveral အငူကနေပစ်လွှတ်ခဲ့တာပါ။

ဒီဂြိုလ်တုကနေ ရေထဲမှာ လေထဲမှာလွင့်မျောနေတဲ့ အလွန်သေးငယ်တဲ့ သက်ရှိသက်မဲ့ အမှုံအမွှားတွေ၊ သက်ရှိတွေ၊ မိုးတိမ်တွေ၊ ပင်လယ်သမုဒ္ဒရာတွေရဲ့ ဂေဟစနစ်တွေကို လေ့လာစူးစမ်းနိုင်မှာဖြစ်ပါတယ်။

ဒီလေ့လာစူးစမ်းမှုဟာ အရင်ကမရှိဖူးသေးတဲ့ လေ့လာမှု၊ ကြည်မြင်နိုင်မှုတွေနဲ့ ကမ္ဘာကြီးရဲ့ လေထုရေထုတွေကို လေ့လာ ကြည့်ရှုသွားမှာဖြစ်ပါတယ်။

PACE အစီအစဉ်မှာပါဝင်တဲ့ အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်က NASA ရဲ့ GSFC အာကာသပျံသန်း မှုဌာနက သိပ္ပံပညာရှင် Jeremy Werdell ကအခုလိုရှင်းပြပါတယ်။

“ NASA ရဲ့ PACE အစီအစဉ်ဟာ ပင်လယ်သမုဒ္ဒရာတွေနဲ့ အာကာသကောင်းကင်ကို ပူးတွဲလေ့လာတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒါဟာနောက်ထပ်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတခုပါ။ အထူးစီမံထားတဲ့အနုကြည့်မှန်ပြောင်းပါပါတယ်။ အာကာသထဲ အလွယ်တကူမမြင်နိုင်တဲ့အရာတွေရှိပါတယ်။ လေထုထဲမှာဆိုရင် အမှုန်အမွှားတွေရှိပါတယ်။ ဥပမာ ဝတ်မှုံတွေ၊ ပယ်လယ်သမုဒ္ဒရာတွေကလာတဲ့ ရေမှုံတွေ၊ မီးတောင်ကပြာမှုံတွေ၊ လေထုညစ်ညမ်းမှုတွေ ဒါမျိုးတွေကို ရှာဖွေကြည့်မြင်နိုင်ဖို့ပါ။”

ဒါ့အပြင် ပင်လယ်သမုဒ္ဒရာတွေထဲမှာလည်း ဖိုက်တိုပလိုက်တင် Phytoplankton လို ရေမှော်(ရေညှိ)လေးတွေကို ကြည့်ရှု့လေ့လာဖို့ဖြစ်ပါတယ်။ ဒီသေးငယ်တဲ့ ဆဲလ်လေးတွေဟာ လူတွေအသက်ရှုသွင်းနေတဲ့ အောက်စီဂျင်ရဲ့ ၅၀ ရာနှုန်း လောက်ကို ထုတ်လုပ်ပေးနေတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

Jeremy Werdell ကအခုလိုဆက်ရှင်းပြပါတယ်။

“ PACE အစီစဉ်မှာ ဖိုက်တိုပလိုက်တင် ရေမှော်အုပ်စုဝင် အမျိုးအစားတွေကိုခွဲခြားလေ့လာမယ့် အစီအစဉ်ပါပါတယ်။ ဒီအုပ်စုဝင်အမျိုးကွဲတွေဟာ တခုခြင်းစီအကျိုးပြုပုံခြင်းမတူပါဘူး။ သူတို့ဟာ အချိန်ကာလအလိုက် ဘယ်လိုပြောင်းလဲတတ်ပါသလဲ။ အကျိုးပြုတာတွေရှိသလို၊ အကျိုးမပြုတာတွေအဖြစ်ပြောင်းလဲသွားတာလည်းရှိပါတယ်။”

PACE လေ့လာမှုအစီအစဉ်ဟာ ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးအပေါ်ဘယ်လို သက်ရောက်မှုတွေရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ပိုမိုနက်နက်နဲနဲနားလည်လာဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုးတွေလျော့ချနိုင်ဖို့အတွက် မူဝါဒတွေချမှတ်ရာမှာလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကနေ နောက်ထပ်နည်းပညာတွေ အဆင့်မြင့်တိုးတက်လာဖို့ကိုလည်း အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့် ထားပါတယ်။

သိပ္ပံပညာရှင် Jeremy Werdell ကအခုလိုဆက်ရှင်းပြပါတယ်။

“ ဒီလေ့လာမှုမှာတပ်ဆင်ထားတဲ့ ပစ္စည်းကရိယာတွေကလည်း အသစ် တီထွင်ဖန်တီးထားတာတွေဖြစ်ပါတယ်။ အလွန်ကိုများပြားတဲ့ ရှာဖွေစူးစမ်းမှုတွေကိုပြုနိုင်မှာပါ။ အခုလို သတင်းအချက်အလက်တွေအလွန်များပြားတာဟာလည်း သိပ္ပံပညာရှင်အသိုင်အဝိုင်းမှာ အချက်အလက်တွေကိုဘယ်လိုစီမံမလဲ၊ အချက်အလက်ကိန်းဂဏန်းတွေကိုစက်တွေ နဲ့ခွဲခြားမှတ်သားမှု၊ ဉာဏ်ရည်တုနည်းပညာ၊ စတာတွေပြောင်းလဲတိုးတက်လာမှုကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။”

PACE ဂြိုလ်တုကို အာကာသထဲမှာအနည်းဆုံး ၃ နှစ်ခံအောင်စီမံထားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီကမ္ဘာဂြိုလ်ကိုစောင့်ကြည့်လေ့ လာဖို့ PACE ဂြိုလ်တုဟာ ဆယ်စုနှစ်နဲ့ချီ တာရှည်ခံလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။

This item is part of

Forum

XS
SM
MD
LG