သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်


Curiosity အာကာသယာဉ်လွှတ်တင်တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးအဖွဲ့ ဂြိုဟ်ပေါ် ယာဉ်ရောက်ချိန် ပျော်ရွှင်မှု။ (၀၈၊၀၅၊၁၂။)
Curiosity အာကာသယာဉ်လွှတ်တင်တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးအဖွဲ့ ဂြိုဟ်ပေါ် ယာဉ်ရောက်ချိန် ပျော်ရွှင်မှု။ (၀၈၊၀၅၊၁၂။)
အမေရိကန် အာကာသ သိပ္ပံဌာန နာဆာအဖွဲ့ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်ခဲ့ပါပြီ။ ဒါဟာဆိုရင် ဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိမရှိ စူးစမ်းလေ့လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျူရီယိုစီတီ (curiousity) လို့ အမည်ပေးထားတဲ့ အလေးချိန် တတန်လောက်ရှိတဲ့ စူးစမ်းလေ့လာရေး ယာဉ်ဟာ ၈ လ ကြာ ခရီးနှင်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့ စောစောပိုင်းမှာ အင်္ဂါဂြိုဟ်ဆီကို ရောက် ရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ချိန်မှာ နာဆာအဖွဲ့ရဲ့ ထိန်းချုပ်ရေးစခန်းက ဝန်ထမ်းတွေ ပျော်ရွှင် အော်ဟစ်သံတွေ သောသောညံသွားခဲ့ပါတယ်။

ဂြိုဟ်ပေါ်ကို ဆင်းသက်သွားခဲ့တယ်လို့ အတည်ပြုနိုင်ပြီး ချက်ချင်းဆိုသလို စူးစမ်း လေ့လာရေး ယာဉ်ဆီကနေ ပို့ပေးလိုက်တဲ့ ပထမဦးဆုံး ဓာတ်ပုံကို ထိန်းချုပ်ရေးစခန်းက လက်ခံရရှိခဲ့ပါတယ်။

တနာရီကို မိုင် တသောင်းသုံးထောင်ကျော် အရှိန်နဲ့ဆင်းသက်လာတဲ့ ကျူရီယိုစီတီ အာကာသယာဉ် ကို နှေးကွေးသွားအောင် လေထီးအငယ်စား ရော့ကက်ဒုံးနဲ့ မောင်းတံတွေ အသုံးပြုခဲ့ရပါတယ်။ ဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို ဆင်းသက်တဲ့အဆင့်ဟာ အခုကြိုးပမ်းမှုတခုလုံးရဲ့ အခက်ခဲဆုံး အဆင့်ဖြစ်တယ်လို့ နာဆာ သိပ္ပံပညာရှင် တွေက ပြောပါတယ်။

အခုအောင်မြင်မှုဟာ မကြုံစဖူး ထူးခြားတဲ့ နည်းပညာရပ်ဆိုင်ရာ အောင်မြင်မှုဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောဆိုပါတယ်။ အမျိုးသားတရပ်လုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ် ပါတယ်လို့ သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG