သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA သိပ္ပံပညာရှင်တွေ နေကိုစူးစမ်း


NASA အဖွဲ့က နေရဲမျက်နှာပြင်ကိုလေ့လာရာမှာ တွေ့ရတဲ့ လက်ဝဲဘက်နဲ့ လက်ယာဘက် မျက်နှာပြင် နှစ်ဘက်ပုံရိပ်များ။
NASA အဖွဲ့က နေရဲမျက်နှာပြင်ကိုလေ့လာရာမှာ တွေ့ရတဲ့ လက်ဝဲဘက်နဲ့ လက်ယာဘက် မျက်နှာပြင် နှစ်ဘက်ပုံရိပ်များ။
လွန်ခဲ့တဲ့ တလက စတင်ခဲ့တဲ့ နေကို စူးစမ်းလေ့လာမှုသစ်တခုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ နေကို မကြုံစဖူး ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။

IRIS လို့ခေါ်တဲ့ ဂြိုဟ်တုကနေဖမ်းယူတဲ့ satellite ပုံရိပ်တွေကနေ နေရဲ့ ကြားခံနယ်မြေကို လေ့လာမှုဟာ လူတွေ သိပ်မသိသေးတဲ့၊ နေရဲ့ အောက်ဆုံး အလွှာမှာရှိတဲ့ လေထုပတ်ဝန်းကျင် အခြေအနေတွေကို စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ထုတ်ဖော်ပြသခဲ့တဲ့ ပထမဆုံးသော ဒီ IRIS satellite ပုံရိပ်တွေအရ နေရဲ့အောက်ဆုံးအလွှာတွင်း လှုပ်ရှားပြောင်းလဲမှုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီက လျှပ်တပြတ် တောက်ပပြီး လျင်လျင်မြန်မြန် မှေးမှိန်သွားတဲ့ အစက်အပြောက် လေးတွေနဲ့ နေရဲ့အနိမ့်ပိုင်း လေထုအတွင်း အပူချိန် အကြီးအကျယ် ကွာခြားမှုတွေကို ဖော်ပြတဲ့ အပ်ချည်မျှင်လို စွမ်းအင်အမျှင်တန်းတွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

နေရဲ့ ဆန်းကြယ်မှုတွေထဲမှာ နေရဲ့ အပေါ်ယံလွှာ လေထုဟာ အပူချိန်ထုတ်လွှတ်ရာ ဗဟိုချက်မကနေ အဝေးဆုံးမှာရှိပေမဲ့လို့ အောက်ခြေ မျက်နှာပြင်ထက် အများကြီး ပိုပြီးတော့ ပူနေရတာ ဘာကြောင့်လဲဆိုတဲ့ အချက် ပါဝင်ပါတယ်။ နေရောင်ခြည်တွေ စွမ်းအင်အဖြစ် ဘယ်လို စုဝေးသွားသလဲ၊ နေရဲ့ အနိမ့်ပိုင်းလေထုတလျှောက် အပူချိန် ဘယ်လို မြင့်တက်လာသလဲ ဆိုတာတွေကို IRIS လေ့လာမှုက စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၈၁ သန်း ကုန်ကျမယ့် IRIS လေ့လာမှုလုပ်ငန်းတွေကို ၂ နှစ်တာ အချိန်ယူ လုပ်ဆောင်သွားဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နေကို လေ့လာသူတွေ အနေနဲ့ ခုထပ်ပိုပြီး အချိန်ယူ အလုပ်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။
XS
SM
MD
LG