သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISON ကြယ်တံခွန် နေတပတ် ခရီးအပြီး ပျောက်ကွယ်


ISON ကြယ်တံခွန် နေတပတ် ခရီး နာဆာပုံရိပ်( နိုဝင်ဘာ ၂၅၊ ၂၀၁၃)
ISON ကြယ်တံခွန် နေတပတ် ခရီး နာဆာပုံရိပ်( နိုဝင်ဘာ ၂၅၊ ၂၀၁၃)
နေစကြဝဠာကို အလှမ်းဝေးတဲ့ နေရာကနေ တပတ်ပြန်သန်းခဲ့တဲ့ အိုင်စွန် ကြယ်တံခွန်ရဲ့ နှစ် ၅ သန်းကြာ ခရီးစဉ်ဟာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

အိုင်စွန်ကြယ်တံခွန်ကြီးရဲ့ ရှည်လျှားတဲ့ အလင်းရောင်တန်းကြီးဟာ ကြာသာပတေးနေ့ ကမ္ဘာ့စံတော်ချိန် ၁၈ နာရီ ၃၇ မိနစ်မှာ နေ မျက်နှာပြင်အထက် မိုင်ပေါင်း ၇ သိန်းခွဲ နီးပါး အကွာကနေ ဖြတ်သန်းသွားခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဆိုလာ တယ်လီစကုတ် မှန်ဘီလူးနဲ့ ကြည့်ရှုရာမှာ ကြယ်တံခွန်ရဲ့ အပိုင်း တစုံတရာမှ မတွေ့ရ တော့ဘူးလို့ အာကာသကိုလေ့လာစောင့်ကြည့်နေတဲ့ သိပ္ပံပညာရှင်တွေကပြောပါတယ်။
အိုင်စွန်ကြယ်တံခွန်နဲ့အနီးဆုံး ရောက်ရှိချိန်မှာ တစက္ကန့်ကို မိုင် ၂၀၀ ကျော်နှုန်းနဲ့ ပြန်သန်းနေပြီး၊ သူ့ရဲ့အပူရှိန်ဟာ ၂၇၀၀ ဒီဂရီ စင်ဆီယပ်စ် (2,700 Celsius) အပူရှိန်ရှိတယ်လို့ ဆိုပါတယ်။

ဒီအပူရှိန်ဟာ ကြယ်တံခွန်ရဲ့ ကိုယ်ထည်အေးခဲနေမှုနဲ့ အမှုန်တွေ ကျောက်ဆိုင်ကျောက်ခဲတွေကို အမှုန်ဖြစ်သွားစေ နိုင်လောက်တဲ့ အခြေအနေ ရှိကြောင်းလည်း လေ့လာသူ သိပ္ပံပညာရှင်တွေကပြောပါတယ်။
XS
SM
MD
LG