သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်း Yingluck ကို တရားစွဲဖို့ ထိုင်းလွှတ်တော် ဆုံးဖြတ်


၀န်ကြီးချုပ်ဟောင်း Yingluck ကို တရားစွဲဖို့ ထိုင်းလွှတ်တော် ဆုံးဖြတ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
၀န်ကြီးချုပ်ဟောင်း Yingluck ကို တရားစွဲဖို့ ထိုင်းလွှတ်တော် ဆုံးဖြတ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါကို ဆန်စပါးဝယ်ယူမှု အစီအစဉ်မှာ ပေါ့လျော့မှုနဲ့ အပြစ်ရှိကြောင်း ထိုင်းလွှတ်တော်က ဆုံးဖြတ်ချက် ချလိုက်တဲ့ တချိန်တည်းမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲသွားမယ်လို့လည်း အမှုလိုက် ရှေ့နေတွေ က ပြောဆိုလိုက်တာကြောင့် မစ္စယင်းလပ် အတွက် ဒီကနေ့ သောကြာနေ့မှာ နှစ်ကြိမ်နှစ်ခါ ထိုးနှက်ခံလိုက်ရသလို ဖြစ်ခဲ့ရပါတယ်။

“ယင်းလပ်ရှင်နာဝပ်ကို ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်တဲ့ အထောက်အထား ခိုင်လုံတဲ့အပေါ်မှာ ကျနော်တို့ သဘောတူပါတယ်။ ဒီအမှုကို တရားရုံးချုပ်မှာ ဆက်ပြီး တရားစွဲဆိုသွားပါမယ်။” - လို့ ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် Surasak Threerathrakul က ပြောသွားတာပါ။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်

အစိုးရရဲ့ ဆန်စပါး ဝယ်ယူမှု အစီအစဉ်ကို ဂရုစိုက် ကြီးကြပ် ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မစ္စယင်းလပ် အပေါ် စွဲဆိုထားတဲ့ အမှုကို ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ လွှတ်တော်မှာ ဒီကနေ့ မဲပေးဆုံးဖြတ် ခဲ့ကြတာပါ။ အပြစ်ရှိကြောင်း ဆုံးဖြတ်တဲ့အတွက် မစ္စယင်းလပ် အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ၅ နှစ် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

မစ္စယင်းလပ်ကတော့ မနေ့က ကြာသပတေးနေ့မှာပဲ သူ့အပေါ် စွဲချက်တွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ခုခံ ပြောဆိုသွားခဲ့တာပါ။ သူမအပေါ် စွပ်စွဲချက်တွေမှာ နိုင်ငံရေး ပယောဂတွေ ပါဝင်နေပြီး အစိုးရရဲ့ ဆန်စပါး ဝယ်ယူမှု အစီအစဉ်ဟာလည်း လယ်သမားတွေ အတွက် အကျိုးအမြတ် ရှိခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ် ၂၂၀ ရဲ့ ရှေ့မှောက်မှာ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG