သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားလေယာဉ် ပျက်ကျရာသွားဖို့ ကယ်ဆယ်ရေး အဖွဲ့တွေ ပြင်ဆင်


Trigana လေကြောင်းခရီးစဉ်မှာ ပါသွားသူတွေရဲ့ ဆွေမျိုးတွေ Sentani လေဆိပ်က ပိတ်ထားတဲ့ ရုံးခန်းရှေ့မှာ လာရောက်စောင့်ဆိုင်းနေစဉ်။ (သြဂုတ် ၁၆၊ ၂၀၁၅)
Trigana လေကြောင်းခရီးစဉ်မှာ ပါသွားသူတွေရဲ့ ဆွေမျိုးတွေ Sentani လေဆိပ်က ပိတ်ထားတဲ့ ရုံးခန်းရှေ့မှာ လာရောက်စောင့်ဆိုင်းနေစဉ်။ (သြဂုတ် ၁၆၊ ၂၀၁၅)

ခရီးသည် ၅၄ ဦးလိုက်ပါသွားပြီး တနင်္ဂနွေနေ့က တောင်ပေါ်တနေရာမှာ ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်ရဲ့ အပျက်အစီး အပိုင်းစရှိရာကို တောတောင်ခရီးကြမ်းတွေဖြတ်ပြီး ဒီကနေ့မှာ သွားရောက်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ပြင်ဆင်နေကြပါတယ်။

နိုင်ငံတော့ ကယ်ဆယ်ရေးအဖွဲ့က ရိုက်ကူးထားတဲ့ လေယာဉ်ပျေက်ကျသွားရာ အရပ်။
နိုင်ငံတော့ ကယ်ဆယ်ရေးအဖွဲ့က ရိုက်ကူးထားတဲ့ လေယာဉ်ပျေက်ကျသွားရာ အရပ်။

Trigana လေကြောင်းအမှတ်၂၆၇ လေယာဉ်ရဲ့အပိုင်းအစတွေကို အင်ဒိုနီးရှားအရှေ့ပိုင်း Papua ခရိုင်မှာ တနင်္လာနေ့က ရှာတွေ့ခဲ့တာပါ။ Oksibil မြို့ကို ပျံသန်းနေတဲ့ တာဘိုအင်ဂျင် ၂ လုံးတပ် ATR 42-300 အမျိုးအစားလေယာဉ်ဟာ Jayapura မြို့ကနေ ပျံတက်သွားပြီးသိပ် မကြာခင်မှာပဲလေယာဉ် ပျံသန်းမှု ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ တနင်္လာနေ့က ဆီးနှင်းတွေ ထူထပ်ပီး ရာသီဥတုဆိုးနေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေကရှာဖွေရေးလုပ်ငန်းတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကလေးငယ် ၅ ဦးအပါအဝင် ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၅၄ ဦးလိုက်ပါသွားတဲ့ ဒီလေယာဉ်ပေါ်မှာ ဆင်းရဲတဲ့ မိသားစုတွေအတွက်ပေးဖို့ အစိုးရ ရန်ပုံငွေ ဒေါ်လာ ၄သိန်း ၇သောင်းနီးပါး ပါသွားပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ပတ်သက်လို့ သတင်းမရရှိသေးပါဘူး။ သမ္မတ Joko Widodo က အနာဂတ်မှာ လေယာဉ်ပျက်ကျမှုတွေကို ကာကွယ်နိုင်ဖို့ လေကြောင်းသွားလာမှုမှာ ပိုပီး ဘေးအန္တရာယ်ကင်းအောင် လုပ်ဆောင်ဖို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက လူ ၁၆၂ ဦး သေဆုံးခဲ့တဲ့ အဲအေးရှား လေယာဉ်ပျက်ကျမှုအပါဝင် မကြာသေးမီက လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တာကြောင့် အင်ဒိုနီးရှား လေကြောင်းသွာလာမှုဌာနဟာ နာမည်ပျက်ခဲ့ပါတယ်။

XS
SM
MD
LG