သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆီြဒင္ NATO အဖဲြ႔ဝင္ေလွ်ာက္ထားမႈ တူရကီ ေထာက္ခံမည္မဟုတ္


တူရကီ သမၼတ Recep Tayyip Erdogan 

[[Zawgyi/Unicode]]

ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO အဖြဲ႔ဝင္ျဖစ္ေရးႀကိဳးပမ္းေနတဲ့ ဆြီဒင္ႏိုင္ငံအေနနဲ႔ သူ႔ရဲ ႔ေထာက္ခံမႈရဖို႔ မေမွ်ာ္လင့္နဲ႔လို႔ တူရကီသမၼတ Recep Tayyip Erdogan က တနလၤာေန႔မွာ သတိေပးေျပာၾကားလိုက္ပါတယ္။

ဆြီဒင္ႏုိင္ငံ၊ Stockholm ၿမိဳ ႔က တူရကီသံရုံးေရွ ႔မွာ အစၥလမ္ဘာသာဝင္ေတြရဲ႕ ကိုရမ္က်မ္းစာအုပ္ကို မီး႐ိႈ ႔ခဲ့တဲ့ျဖစ္ရပ္ေပၚေပါက္ခဲ့ၿပီးတဲ့ေနာက္ သမၼတ Erdogan က ပထမဆုံး ခုလိုတု႔႔ေျပာဆိုလိုက္တာျဖစ္ပါတယ္။

တူရကီႏုိင္ငံမွာ သမၼတနဲ႔ ပါလိီမန္ေရြးေကာက္ပြဲေတြက်င္းပမယ့္ ေမလမတုိင္ခင္ ဆြီဒင္နဲ႔ ဖင္လန္ႏုိင္ငံတို႔ NATO အဖြဲ႔ဝင္ျဖစ္ေရး အလားအလာေတြလည္း သမၼတ Erdogan ရဲ ႔မွတ္ခ်က္စကားေၾကာင့္ အလွမ္းေဝးသြားပါတယ္။ ယူကရိန္းကိုရုရွားတို႔ က်ဴးေက်ာ္တုိက္ခိုက္မႈေၾကာင့္ စစ္ေရးအရ ၾကားေနဝါဒကိုင္စြဲထားခဲဲ့တဲ့ ဆြီဒင္နဲ႔ ဖင္လန္နုိင္ငံတို႔က သမုိင္းဝင္ဆုံးျဖတ္ခ်က္္ကိုပယ္ဖ်က္ၿပီး ေနတိုးအဖြဲ႔ဝင္ျဖစ္ေရး ႀကိဳးပမ္းေနၾကတာမွာ တူရကီနဲ႔ ဟန္ေဂရီႏုိင္ငံတို႔ရဲ ႔ ေထာက္ခံမႈေတြ မရေသးပါဘူး။ ဟန္ေဂရီ ၀န္ႀကီးခ်ဳပ္ Viktor Orban ကေတာ့ ဆြီဒင္နဲ႔ ဖင္လန္ႏုိင္ငံတို႔ ေနတိုးအဖြဲ႔ဝင္ျဖစ္ေရး သူ႔ရဲ ႔လႊတ္ေတာ္က ေနာက္လမွာ အတည္ျပဳမွာျဖစ္ေၾကာင္း ကတိျပဳေျပာဆိုထားပါတယ္။

တူရကီသမၼတကေတာ့ အႀကိတ္အနယ္ယွဥ္ၿပိဳင္ေနရတဲ့ေရြးေကာက္ပြဲမွာ သူ႔ရဲ ႔အမာခံ အမ်ိဳးသားဝါဒီေတြရဲ႕ ေထာက္ခံမႈရေအာင္ ခုလို ေျပာဆိုလိုက္တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့စေနေန႔မွာပဲ တူရကီကကန္႔ကြက္ေနတဲ့ၾကားက ဆီြဒင္ရဲတပ္ဖြဲ႔ရဲ ႔ခြင့္ျပဳခ်က္နဲ႔ အစၥလာမစ္ဆန္႔က်င္ေရးဆႏၵျပသူတဦး တူရကီသံရုံးေရွ႕ဆႏၵျပမႈအတြင္း ကိုရမ္က်မ္းစာကိုမီးရႈိ႔ခဲ့တာျဖစ္ပါတယ္။ ဆြီဒင္ႏုိင္ငံျခားေရးဝန္ႀကီး Tobias Billstrom ကေတာ့ သမၼတ Erdogan ရဲ ႔မွတ္ခ်က္စကားကို ေကာင္းေကာင္းသေဘာေပါက္ေပမယ့္ မွတ္ခ်က္ေပးဖို႔မရွိေၾကာင္း ဆြီဒင္ TT သတင္းေအဂ်င္စီကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဆွီဒင် NATO အဖွဲ့ဝင်လျှောက်ထားမှု တူရကီ ထောက်ခံမည်မဟုတ်

မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေတဲ့ ဆွီဒင်နိုင်ငံအနေနဲ့ သူ့ရဲ့ထောက်ခံမှုရဖို့ မမျှော်လင့်နဲ့လို့ တူရကီသမ္မတ Recep Tayyip Erdogan က တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

ဆွီဒင်နိုင်ငံ၊ Stockholm မြို့က တူရကီသံရုံးရှေ့မှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ခဲ့တဲ့ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် သမ္မတ Erdogan က ပထမဆုံး ခုလိုတု့ပြောဆိုလိုက်တာဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကျင်းပမယ့် မေလမတိုင်ခင် ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ NATO အဖွဲ့ဝင်ဖြစ်ရေး အလားအလာတွေလည်း သမ္မတ Erdogan ရဲ့မှတ်ချက်စကားကြောင့် အလှမ်းဝေးသွားပါတယ်။ ယူကရိန်းကိုရုရှားတို့ ကျူးကျော်တိုက်ခိုက်မှုကြောင့် စစ်ရေးအရ ကြားနေဝါဒကိုင်စွဲထားခဲ့တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က သမိုင်းဝင်ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေကြတာမှာ တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့ရဲ့ ထောက်ခံမှုတွေ မရသေးပါဘူး။ ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban ကတော့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး သူ့ရဲ့လွှတ်တော်က နောက်လမှာ အတည်ပြုမှာဖြစ်ကြောင်း ကတိပြုပြောဆိုထားပါတယ်။

တူရကီသမ္မတကတော့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ရွေးကောက်ပွဲမှာ သူ့ရဲ့အမာခံ အမျိုးသားဝါဒီတွေရဲ့ ထောက်ခံမှုရအောင် ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာပဲ တူရကီကကန့်ကွက်နေတဲ့ကြားက ဆွီဒင်ရဲတပ်ဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ အစ္စလာမစ်ဆန့်ကျင်ရေးဆန္ဒပြသူတဦး တူရကီသံရုံးရှေ့ဆန္ဒပြမှုအတွင်း ကိုရမ်ကျမ်းစာကိုမီးရှို့ခဲ့တာဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Tobias Billstrom ကတော့ သမ္မတ Erdogan ရဲ့မှတ်ချက်စကားကို ကောင်းကောင်းသဘောပေါက်ပေမယ့် မှတ်ချက်ပေးဖို့မရှိကြောင်း ဆွီဒင် TT သတင်းအေဂျင်စီကို ပြောပါတယ်။

XS
SM
MD
LG