သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးလက်ချက် ပါကစ္စတန်စစ်သား ၂၀ ကျော်သေဆုံး

နေတိုးလက်ချက် ပါကစ္စတန်စစ်သား ၂၀ ကျော်သေဆုံး
နေတိုးလက်ချက် ပါကစ္စတန်စစ်သား ၂၀ ကျော်သေဆုံး

ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်အနီး ပါကစ္စတန်ဘက်က တောင်ပေါ်တိုင်းရင်းသားတွေရဲ့ Mohmand ဒေသ Salala ဆိုတဲ့ရွာကလေးက အင်အား ၄၀ ရှိတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဒီကနေ့မနက် ဒေသစံတော်ချိန် မနက် လင်းအားကြီး ၂ နာရီလောက်မှာ အာဖဂန်နစ်စတန်ထဲက မြောက်အန္တလန္တိတ်စစ်စာချုပ် နေတိုးတပ်ဖွဲ့ ရဟတ်ယာဉ်တွေက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ပါကစ္စတန်စစ်သည် ၂၅ ဦး သေဆုံးသွားပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိသွားတယ်လို့ ပါကစ္စတန်စစ်တပ်အရာရှိတွေက ပြောပါတယ်။

ဒီကိစ္စကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်ဘက်ကနေ အာဖဂန်နစ္စတန်ထဲက နေတိုးတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ Torkham နယ်စပ်ဂိတ်ကို ပါကစ္စတန်ဘက်က ပိတ်ပစ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ တမင်သက်သက် ရန်စတိုက်ခိုက်တာမျိုးတော့ မဟုတ်ဘူးလို့ ပါကစ္စတန်အရာရှိတွေက ဆိုပါတယ်။

နေတိုးအရာရှိတွေက ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီးတော့ အာဖဂန်နစ္စတန်ထဲက နေတိုး တပ်တွေနဲ့ အမေရိကန်တပ်တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး John Ellen က ကျဆုံး၊ ဒဏ်ရာရ ပါကစ္စတန် စစ်သည်တွေရဲ့ မိသားစုဆီကို ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Yousef Raza Gilani ကတော့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ နေတိုးနဲ့ အမေရိကန်အစိုးရတို့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ ညွှန်ကြားထားပါတယ်။

This item is part of
XS
SM
MD
LG