သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ရုပ်သိမ်းရေး အာဖဂန်နဲ့ နေတိုးကြား သဘောတူညီမှုရရှိ


တပ်ရုပ်သိမ်းရေး အာဖဂန်နဲ့ နေတိုးကြား သဘောတူညီမှုရရှိ
တပ်ရုပ်သိမ်းရေး အာဖဂန်နဲ့ နေတိုးကြား သဘောတူညီမှုရရှိ

နေတိုး (NATO) တပ်ဖွဲ့တွေအနေနဲ့ ၂၀၁၄ ခုနှစ်ကျော်ရင် အာဖဂန်နစ္စတန်နိုင်ငံမှာ တိုက်ခိုက်ရေးတာဝန်တွေကို ယူတော့မှာမဟုတ်ပေမဲ့ အာဖဂန်နိုင်ငံနဲ့ ဒေသတွင်းမှာ နေတိုးအဖွဲ့က ရေရှည်အကူအညီတွေကို ပေးသွားမယ်ဆိုတာ အာမခံထားတဲ့ သဘောတူစာချုပ်တခုကို နေတိုးနဲ့ အာဖဂန်နစ္စတန်ကြားမှာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ နေတိုး ထိပ်သီးစည်းဝေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာပါ။ ဒီသဘောတူညီချက်က ၂၀၁၄ ခုနှစ်ကျော်သွားရင်လည်း နေတိုး မဟာမိတ်အဖွဲ့တွေက အာဖဂန်နစ္စတန် ပြည်သူတွေ အတွက် အကူအညီတွေပေးဖို့ သန္နိဌာန်ချထားတယ် ဆိုတာ ပြသလိုက်တာပဲလို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ တက်ရောက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတိုးအဖွဲ့ အကြီးအကဲ အန်ဒါစ် ဖို ရက်စ်မန်ဆန် (Anders Fogh Rasmussen) ကပြောကြားခဲ့ပါတယ်။

အခြေအနေ မတည်မငြိမ် ဖြစ်စေနိုင်တဲ့ လုံခြုံရေးတာဝန် ဘယ်သူယူနေမှန်းမသိတဲ့ အခြေအနေမျိုး မရောက်ရအောင်လည်း နေတိုးအဖွဲ့က ဒီအတိုင်း ထားသွားမှာမဟုတ်ပါဘူး ဆိုတာကိုလည်း ပြသလိုက်တာဖြစ်တယ်လို့ နေတိုး အကြီးအကဲက ပြောပါတယ်။

၂၀၁၄ ခုနှစ်ကျရင် အာဖဂန်မှာ အမေရိကန်တပ်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုဖြစ်နေမယ်ဆိုတာကို ကြိုတင်ပြောဖို့ ခက်ခဲတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမားက ပြောပါတယ်။ လက်ရှိအခြေအနေမှာ စစ်တိုက်နေရသလိုမျိုး ၂၀၁၄ ခုနှစ်ကျရင်တော့ အမေရိကန်တပ်တွေက တိုက်ခိုက်ရေးတာဝန်တွေ မယူရရေးဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတ ကပြောခဲ့ပါတယ်။

XS
SM
MD
LG