သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှု အာဖဂန် အရပ်သား ၁၄ ဦးသေဆုံး

နေတိုးတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှု အာဖဂန် အရပ်သား ၁၄ ဦးသေဆုံး
နေတိုးတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှု အာဖဂန် အရပ်သား ၁၄ ဦးသေဆုံး

နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု တခုကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာ အရပ်သူ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ အာဖဂန်တောင်ပိုင်း အရာရှိတွေက ပြောပါတယ်။ သေဆုံးခဲ့ရသူ အားလုံးဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေချည်းပဲလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဟယ်လ်မန် (Helmand) ခရိုင်မှာ ဒီနေ့ ဖြစ်ပွားခဲ့တာပါ။ လူ ၆ ဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

နေတိုးတပ်ဖွဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ရပြီး အဲဒီမှာ အမျိုးသမီး ၂ ဦးနဲ့ မိန်းကလေး ၅ ဦး၊ ယောက်ျားလေး ၇ ဦး သေဆုံးခဲ့ရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက အရာရှိက ဆိုပါတယ်။

နေတိုးတပ်ဖွဲ့တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အရပ်သူ အရပ်သားတွေ သေဆုံးမှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို သူတို့သိနေတယ်၊ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာကို ပူးတွဲကူညီရေး အဖွဲ့တခု စေလွှတ်ထားပြီး ထပ်ပြီး သိရှိရတဲ့ သတင်း အချက်အလက်တွေကို မကြာခင်မှာ အသိပေး ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံခြား တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သူ၊ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ကိစ္စတွေဟာ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ အနောက်နိုင်ငံ အရာရှိတွေကြားမှာ အဓိက ပြဿနာတရပ်အဖြစ် ရှိနေတာပါ။

အာဖဂန်နစ္စတန်နိုင်ငံမှာ ညဘက် ဝင်ရောက် စီးနင်းမှုတွေကို လုပ်တဲ့အခါ နေတိုးတပ်ဖွဲ့တွေက မလုပ်တော့ဘဲ အာဖဂန်အစိုးရ တပ်ဖွဲ့တွေပဲ သီးသန့် လုပ်ဆောင်ဖို့ မနေ့တုန်းကပဲ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်းက အမိန့်ထုတ်ပြန် ထားတာပါ။

နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနဲ့ ညပိုင်း စီးနင်း ဝင်ရောက်မှုတွေကြောင့် အရပ်သူ အရပ်သားတွေ သေဆုံးရတယ်ဆိုပြီး အာဖဂန် ပြည်သူတွေက အပြစ်တင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG