သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ထိပ်သီးစည်းဝေးပွဲတက်မယ့် Donald Trump ကို Brussels မှာကန့်ကွက်ဆန္ဒပြ


Belgium နိုင်ငံ၊ ဘရပ်ဆဲလ်မြို့က NATO အစည်းအဝေးတက်တဲ့ သမ္မတ ထရမ့်ကို ဆန္ဒပြသူများ။
Belgium နိုင်ငံ၊ ဘရပ်ဆဲလ်မြို့က NATO အစည်းအဝေးတက်တဲ့ သမ္မတ ထရမ့်ကို ဆန္ဒပြသူများ။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့တော်မှာလုပ်မယ့် မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လာတက်မယ့်အပေါ် ဥရောပက တက်ကြွလှုပ်ရှားသူတွေ ဘရပ်ဆဲလ်စ်မြို့တော်မှာ စနေနေ့က ချီတက် ကန့်ကွက် ဆန္ဒပြကြပါတယ်။

စစ်ရေးအသုံးစရိတ်ကို လျှော့ချပြီး ကျောင်းတွေနဲ့ သန့်ရှင်းတဲ့စွမ်းအင်ကဏ္ဍတွေမှာ လူထုရန်ပုံငွေတွေကို ပိုပြီးသုံးစွဲဖို့ ဆန္ဒပြသူ တွေက တောင်းဆိုကြပါတယ်။

“Trump Not Welcome” “ထရမ့်ပ်ကို မကြိုဆိုပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စနေနေ့ ဆန္ဒပြပွဲကိုလုပ်ကြတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ကြာသ ပတေးနေ့တွေမှာ NATO ထိပ်သီးအစည်းအဝေး လုပ်ဖို့စီစဉ်ထားချိန်မှာပဲ ကန့်ကွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

NATO အဖွဲ့ဝင်နိုင်ငံတွေဟာ သူူတို့ကိုယ်သူတို့ကာကွယ်ဖို့ လုံလောက်တဲ့လုပ်ဆောင်မှု မရှိဘူးလို့ စွပ်စွဲပြီး စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲကြဖို့ သမ္မတထရမ့်ပ်က တောင်းဆိုနေတာပါ။

ဆန္ဒပြပွဲကို စီစဉ်သူတွေကတော့ စစ်ရေးအသုံးစရိတ် တိုးမြှင့်တာကို ဆန့်ကျင်ကြပါတယ်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့အတူ ကျောက်မီးသွေးနဲ့ နျူကလီးယားစက်ရုံတွေ ပိတ်ပစ်ဖို့၊ လူမျိုးရေးနဲ့ လိင်ခွဲခြားမှု အဆုံး သတ်ဖို့၊ ဆင်းရဲသားတွေကို အထိနာစေတဲ့ ခြိုးခြံချွေတာရေးအစီအစဉ်တွေကို အဆုံးသတ်ဖို့ လှုံ့ဆော် လှုပ်ရှားနေသူတွေလည်း ပူးပေါင်း ဆန္ဒပြကြတာဖြစ်ပါတယ်။

NATO ထိပ်သီးစည်းဝေးပွဲတက်မယ့် Donald Trump ကို Brussels မှာကန့်ကွက်ဆန္ဒပြ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG