[ Zawgyi ]
ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖဲြ႕ (NATO) ကို ေစလႊတ္ထားတဲ့ ႐ုရွားအရာရွိ ၈ ေယာက္ကို တရားမ၀င္ ေထာက္လွမ္းေရး လုပ္ငန္းေတြ လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ NATO မဟာမိတ္အဖဲြ႔က ႏွင္ထုတ္လိုက္ပါတယ္။
ေထာက္လွမ္းေရး အရာရွိေတြအျဖစ္ ထုတ္ေဖာ္ေျပာဆိုမထားဘဲ NATO အဖဲြ႕မွာ တာ၀န္ေပးထားတဲ့ ႐ုရွားအရာရွိ ၈ ေယာက္ရဲ႕ အသိအမွတ္ျပဳ ခန္႔အပ္လႊာေတြကို ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္း အမည္မေဖာ္လိုသူ NATO အရာရွိတေယာက္က အတည္ျပဳေျပာဆိုခဲ့တာပါ။
ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲၿမိဳ႕ အေျခစိုက္ NATO အဖဲြ႕ကို ေစလႊတ္ခြင့္ျပဳထားသူ အေရအတြက္ကိုလည္း ဒီလကုန္ကစၿပီး ၂၀ ကေန ၁၀ ေယာက္အထိ ေလွ်ာ့ခ်မယ္လို႔ ေျပာပါတယ္။ ႐ုရွားအဖဲြ႕၀င္ေတြရဲ႕ ခန္႔အပ္လႊာေတြ ႐ုပ္သိမ္းဖို႔ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ NATO က လတ္တေလာ ရွင္းျပတာေတာ့ မရွိေသးပါဘူး။
အမည္မေဖာ္လိုသူ NATO အရာရွိကေတာ့ ႐ုရွားနဲ႔ ပတ္သက္တဲ့ NATO ရဲ႕ မူဝါဒေတြဟာ တသမတ္တည္း ရွိေနၿပီး၊ ႐ုရွားရဲ႕ ရန္လိုတဲ့ လုပ္ရပ္ေတြကို ခုခံကာကြယ္ႏိုင္ေအာင္ ျပင္ဆင္ထားတဲ့ တခ်ိန္တည္းမွာပဲ အဓိပၸါယ္ျပည့္၀တဲ့ ေဆြးေႏြးမႈေတြအတြက္ လမ္းဖြင့္ထားေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။
႐ုရွားေအာက္လႊတ္ေတာ္ ႏိုင္ငံတကာေရးရာ ေကာ္မတီ အႀကီးအကဲ Leonid Slutsky ကေတာ့ NATO ရဲ႕ လုပ္ရပ္ကို လက္တုံ႔ျပန္မယ့္အေၾကာင္း ႐ုရွား Interfax သတင္းဌာနက ေဖာ္ျပခဲ့ေပမဲ့ ဘယ္လိုတုံျပန္မယ္ ဆိုတာကိုေတာ့ တိတိက်က် ေျပာမထားပါဘူး။ ၂၀၁၄ ခုႏွစ္မွာ ယူကရိန္းပိုင္ ခ႐ိုင္းမီးယားေဒသကို ႐ုွရွားပိုင္အျဖစ္ သြတ္သြင္းလိုက္ၿပီးေနာက္ပိုင္း NATO မဟာမိတ္ အဖဲြ႕နဲ႔ ႐ုရွားၾကား ဆက္ဆံေရးေတြ ပ်က္ျပားလာခဲ့တာပါ။
႐ုရွားရဲ႕ ႏ်ဴကလီးယား မစ္ဇိုင္းတည္ေဆာက္ေရး အစီအစဥ္နဲ႔ NATO ရဲ႕ ေလပိုင္နက္ကို က်ဳးေက်ာ္မႈေတြ အပါအ၀င္ တျခားကိစၥေတြနဲ႔ ပတ္သက္လို႔လည္း ၂ ဖက္အၾကား မေျပမလည္ ျဖစ္ေနၾကပါတယ္။
[ Unicode ]
ရုရှားအရာရှိ ၈ ယောက်ကို NATO ဌာနချုပ်က နှင်ထုတ်
မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ကို စေလွှတ်ထားတဲ့ ရုရှားအရာရှိ ၈ ယောက်ကို တရားမဝင် ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NATO မဟာမိတ်အဖွဲ့က နှင်ထုတ်လိုက်ပါတယ်။
ထောက်လှမ်းရေး အရာရှိတွေအဖြစ် ထုတ်ဖော်ပြောဆိုမထားဘဲ NATO အဖွဲ့မှာ တာဝန်ပေးထားတဲ့ ရုရှားအရာရှိ ၈ ယောက်ရဲ့ အသိအမှတ်ပြု ခန့်အပ်လွှာတွေကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အမည်မဖော်လိုသူ NATO အရာရှိတယောက်က အတည်ပြုပြောဆိုခဲ့တာပါ။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ အခြေစိုက် NATO အဖွဲ့ကို စေလွှတ်ခွင့်ပြုထားသူ အရေအတွက်ကိုလည်း ဒီလကုန်ကစပြီး ၂၀ ကနေ ၁၀ ယောက်အထိ လျှော့ချမယ်လို့ ပြောပါတယ်။ ရုရှားအဖွဲ့ဝင်တွေရဲ့ ခန့်အပ်လွှာတွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ NATO က လတ်တလော ရှင်းပြတာတော့ မရှိသေးပါဘူး။
အမည်မဖော်လိုသူ NATO အရာရှိကတော့ ရုရှားနဲ့ ပတ်သက်တဲ့ NATO ရဲ့ မူဝါဒတွေဟာ တသမတ်တည်း ရှိနေပြီး၊ ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ခုခံကာကွယ်နိုင်အောင် ပြင်ဆင်ထားတဲ့ တချိန်တည်းမှာပဲ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။
ရုရှားအောက်လွှတ်တော် နိုင်ငံတကာရေးရာ ကော်မတီ အကြီးအကဲ Leonid Slutsky ကတော့ NATO ရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်မယ့်အကြောင်း ရုရှား Interfax သတင်းဌာနက ဖော်ပြခဲ့ပေမဲ့ ဘယ်လိုတုံပြန်မယ် ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ရုှရှားပိုင်အဖြစ် သွတ်သွင်းလိုက်ပြီးနောက်ပိုင်း NATO မဟာမိတ် အဖွဲ့နဲ့ ရုရှားကြား ဆက်ဆံရေးတွေ ပျက်ပြားလာခဲ့တာပါ။
ရုရှားရဲ့ နျူကလီးယား မစ်ဇိုင်းတည်ဆောက်ရေး အစီအစဉ်နဲ့ NATO ရဲ့ လေပိုင်နက်ကို ကျုးကျော်မှုတွေ အပါအဝင် တခြားကိစ္စတွေနဲ့ ပတ်သက်လို့လည်း ၂ ဖက်အကြား မပြေမလည် ဖြစ်နေကြပါတယ်။