သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဘက်က နေတိုး အပြည့်အဝ ရပ်တည်မည်


နေတိုး အစည်းအဝေး။
နေတိုး အစည်းအဝေး။

နိုင်ငံအရှေ့ပိုင်းမှာ ခွဲထွက်ရေး သမားတွေနဲ့ တိုက်ပြီး ၊ ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံ အရှေ့ခြမ်းနယ်စပ်ကို ယူကရိန်းနိုင်ငံက ကာကွယ်နေတာနဲ့ အမျှ၊ အဖွဲ့ဝင် ၂၈ နိုင်ငံ ပါဝင်တဲ့ နေတိုး မဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံ ဘက်ကနေ အပြည့်အ၀ ရပ်တည်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက သောကြာနေ့ မှာ ပြောလိုက်ပါတယ်။ နေတိုးတပ်ဖွဲ့အနေနဲ့ ယူကရိန်း စစ်တပ်ကို ခေတ်မီလာအောင် လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ တခြား အထောက်အပံ့တွေ နဲ့ နည်းပညာအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမား ဗြိတိန်နိုင်ငံ ဝေလနယ်မှာပြုလုပ်တဲ့ နေတိုးအစည်းအဝေး အတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။

"ကျနော်တို့မဟာမိတ်အဖွဲ့က ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ၊ လွတ်လပ်ရေး ၊ နယ်မြေပိုင်ဆိုင်မှု ဂုဏ်သိက္ခာ နဲ့ သူတို့ကိုသူတို့ ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အ၀ တပေါင်းတစည်းထဲ ထောက်ခံပါတယ်"လို့ သမ္မတအိုဘားမားက ပြောသွားတာပါ။

သောကြာနေ့ အစောပိုင်းကတော့ ၊ နေတိုးတပ်ဖွဲ့ဟာ ခြေလျင် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်တဲ့ တပ်ဖွဲ့တခုကို ဖွ့ဲစည်းသွားမှာဖြစ်ပြီး၊ ဥရောပအရှေ့ပိုင်းနေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ စစ်အခြေစိုက်စခန်းတွေကိုလည်း ထားရှိသွားမယ်လို့ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ကြေငြာပါတယ်။

တပ်ဖွဲ့အသစ်တွေ အသုံးပြုဖို့ကတော့ ရွှေ့ဆိုင်းနိုင်တယ်လို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်းတပ်တွေနဲ့ ခွဲထွက်ရေးသူပုန်တွေကြား ၅ လကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ၂ ဘက် အပစ်ခတ်ရပ်စဲ သဘောတူညီရခဲ့ကြပါတယ်။

XS
SM
MD
LG