သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ နေတိုးရဟတ်ယာဉ် ပျက်ကျ၊ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး

အာဖဂန်မှာ နေတိုးရဟတ်ယာဉ် ပျက်ကျ၊ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး
အာဖဂန်မှာ နေတိုးရဟတ်ယာဉ် ပျက်ကျ၊ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းမှာ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ ညွန့်ပေါင်းတပ်ဖွဲ့က ဝန်ထမ်း ၉ ဦး သေဆုံးသွားတယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

အာဖဂန်စစ်ပွဲ စကတည်းက တွက်မယ်ဆိုရင် အခုနှစ် ၂၀၁၀ ဟာ အာဖဂန်ရောက် နိုင်ငံတကာ တပ်ဖွဲ့တွေ အသေအပျောက် အများဆုံးနှစ် ဖြစ်ပါတယ်။

ဇာဘူးလ်ပြည်နယ်မှာ ဒီကနေ့ အဲဒီရဟတ်ယာဉ် ပျက်ကျသွားခဲ့တာလို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့က ဝန်ထမ်းတဦး၊ အာဖဂန်စစ်သား တဦးနဲ့ အမေရိကန် အရပ်သား တဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ အခုချိန်ထိတော့ ရဟတ်ယာဉ် ဘာကြောင့် ပျက်ကျခဲ့ရသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တာလီဘန်တွေဘက်ကတော့ ရဟတ်ယာဉ်ကို သူတို့ ပစ်ချခဲ့တာလို့ ပြောနေပါတယ်။ ဒါပေမဲ့ နေတိုးတပ်ဖွဲ့ကတော့ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရန်သူဘက်က ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်မလာဘူးလို့ ဆိုပါတယ်။

နိုင်ငံခြား တပ်ဖွဲ့တွေကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစွန်းရောက် အုပ်စုတွေက ပုံကြီးချဲ့ ပြောဆိုတာတွေ ဒါမှမဟုတ် မသေချာတဲ့ သတင်းမျိုးတွေကို ပြောဆိုတတ်ကြပါတယ်။

၂၀၀၁ ခုနှစ် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ အာဖဂန်ကို ရောက်လာပြီးနောက်ပိုင်း ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂,၁၀၀ နီးပါး အာဖဂန်မြေမှာ သေဆုံးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG