သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ


နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ
နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ နေတိုးတပ်ဖွဲ့က နေ့ဘက်မှာ ရှားရှားပါးပါး တိုက်ခိုက်ခဲ့တာပါ။

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တခါတလေ နေတတ်တဲ့ မော်တော်ယာဉ် သိုလှောင်ရေး အဆောက်အဦးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနေရာမှာ မီးခိုးဖြူတွေ ထွက်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ သန်းခေါင်ကျော် အချိန်တွေမှာလည်း နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထရီပိုလီမြို့မှာ ရှိခဲ့လို့ ညဘက် ကောင်းကင်မှာ ပေါက်ကွဲမှုတွေကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လစ်ဗျားရဲ့ ရေရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ အာဏာကို စွန့်ခွာဖို့အရေး ကြားဝင် ညှိနှိုင်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

မစ္စတာ ဂဒါဖီ ထွက်ပေးသင့်တယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယဲဒဲ့ဖ် (Dmitry Medvedev) က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း မနေ့က ပြောခဲ့ပါတယ်။ ရုရှားဘက်က ကိုယ်စားလှယ် တဦးကို လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဘန်ဂါဇီ (Benghazi) မြို့ကို လွှတ်ထားတယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။

အနောက်အင်အားကြီးနိုင်ငံ တော်တော်များများက လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကို အာဏာစွန့်ဖို့ ပြောနေကြတာပါ။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံး မီစ်ရာတာ (Misrata) မြို့ကို မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ မနေ့ကတခါ ကြိုးပမ်းခဲ့လို့ အပြန်အလှန် တိုက်ခိုက်မှုတွေ မြို့ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG