သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား စစ်ဆင်ရေးအပေါ် နေတိုး သဘောကွဲ


လစ်ဗျား စစ်ဆင်ရေးအပေါ် နေတိုး သဘောကွဲ
လစ်ဗျား စစ်ဆင်ရေးအပေါ် နေတိုး သဘောကွဲ

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) အပေါ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) က လေကြောင်းထိုးစစ်တွေ ဆင်နွှဲနေတဲ့အပေါ် သဘောထား ကွဲလွဲမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေပါတယ်။

လစ်ဗျားနိုင်ငံအတွက် အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ဖို့ စစ်ဆင်ရေးတွေ ရပ်တန့်ထားဖို့ အီတလီနိုင်ငံရဲ့ တောင်းဆိုချက်ကို ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက ပယ်ချလိုက်ကြတာပါ။

လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာနေရတဲ့ လစ်ဗျားလူထုကို အကူအညီ ပေးနိုင်ဖို့ လမ်းကြောင်းဖွင့်တဲ့ အနေနဲ့ တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားရေး အီတလီ နိုင်ငံခြားရေးဝန်ကြီး ဖရန်ကို ဖရတ်တာနီ (Franco Frattani) က ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အီတလီ နိုင်ငံခြားရေး ဝန်ကြီးရဲ့ မှတ်ချက်အပေါ် ပြင်သစ်နိုင်ငံကတော့ ချက်ချင်းဆိုသလို ပယ်ချခဲ့ပါတယ်။

စစ်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်ရင် လစ်ဗျားခေါင်းဆောင် အင်အားပြန်ဖြည့်တင်းဖို့ အချိန်ရသွားမယ်လို့ ပြင်သစ်နိုင်ငံရဲ့ ပြောဆိုချက်ကို့ ဗြိတိန်နိုင်ငံက ထောက်ခံခဲ့တာပါ။

အာရပ်အဖွဲ့ချုပ် အကြီးအကဲ ရာထူးက ထွက်တော့မယ့် အမ္မာ မူဆာ (Amr Moussa) ကလည်း အခုအချိန်ဟာ ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ့်အချိန် ရောက်နေပြီလို့ ပြောဆိုခဲ့တဲ့အကြောင်း ဗြိတိန်နိုင်ငံထုတ် the Guardian သတင်းစာက ကိုးကား ဖော်ပြခဲ့တာပါ။

ဒီအတောအတွင်း လစ်ဗျားနိုင်ငံက အမေရိကန်ရဲ့ စစ်ဆင်ရေး လုပ်ငန်းတွေအတွက် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမိန့်ပေး စေခိုင်းချက်ကို အောက်လွှတ်တော်က ထောက်ခံချင်မှ ထောက်ခံသွားမယ်လို့လည်း အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘေနာ (John Boehner) က ဗုဒ္ဓဟူးနေ့မှာပဲ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

XS
SM
MD
LG