သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ် အစွန်းရောက် ယူကရိန်း ပြဿ နာနဲ့ NATO စည်းဝေးပွဲ


NATO စည်းဝေးပွဲ။
NATO စည်းဝေးပွဲ။

အရှေ့အလယ်ပိုင်းဒေသမှာ အသာစီးရနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ်၊ ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနိုင်ငံ ကျူးကျော် ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်နေတဲ့ ကာလမှာ နေတိုး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင် မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို ဗြိတိန်နိုင်ငံမှာ ဖွင့်လှစ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက မဟာမိတ်နိုင်ငံတွေရဲ့ နိုင်ငံခေါင်းဆောင် ၂၈ ယောက်ဟာ ဗြိတိန်နိုင်ငံ ဝေလပြည်နယ်မှာရှိတဲ့ Golf ကစားတဲ့ အပမ်းဖြေ စခန်းမှာ တွေ့ဆုံကြတာပါ။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက အစ္စလာမ်မစ် စစ်သွေးကြွတွေကို ခြေမှုန်းဖို့ နဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထါက်ရေးသမားတွေရဲ့ တိုက်ပွဲတွေ ရပ်တန့် သွားစေဖို့ ကိစ္စတွေကို ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်း သမ္မတ Petro Poroshenko ဟာ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း နဲ့ တခြား အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ ထိပ်သီး ဆွေးနွေးပွဲ မစခင်မှာ တွေ့ဆုံခဲ့ပါတယ်။ ယူကရိန်းအစိုးရနဲ့ သူပုန်တွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အပစ်ရပ်ရေးကိစ္စကို သောကြာနေ့မှာ ဆွေးနွေးဖို့ ရှိနေတာပါ။

မဟာမိတ် စစ်စာချုပ် အဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ယူကရိန်းမှာ ရုရှားရဲ့ ဝင်ရောက်ပါဝင် စွက်ဖက်မှု ကိစ္စနဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေ ကို တန်ပြန်ထိုးနှက်ဖို့ ကိစ္စတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းနိုင်ခဲ့တယ်လို့ နေတိုး အဖွဲ့ရဲ့ အတွင်းရေးမှုးချုပ် Anders Fogh Rasmussen က ပြောပါတယ်။ ဘယ်လို ဆောင်ရွက်မှု အသစ်တွေ လုပ်မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

XS
SM
MD
LG